ဘဝကဘာလဲ...သူတော်ကောင်းကြီးတစ်စုပါးစပ်ဖျားက ဟားတိုက်စရာလေးပေါ့ ... အရိုင်းအစိုင်း ပြောလိုက်စမ်းပါကြိုက်သလောက်
မွေးတည်းကထူးခြားမလာတဲ့ဘဝကိုဘာများအမွှန်းတင်နေရဦးမလဲ
တဏှာမွှန်နေတဲ့အထက်တန်းစားပါဆိုတဲ့ကောင်တွေထက်တော့သာဦးမှာပါ
ရုန်းကန်မနေစမ်းပါနဲ့... လုပ်နေလည်းလောကကြီးထဲမင်းအတွက်နေရာပိုကျယ်မလာဘူး... ယဥ်ကျေးမနေစမ်းပါနဲ့ ဘယ်သူမှချီးကျူးမနေဘူး
ကြိုးစားမနေစမ်းပါနဲ့ အချိန်တန်ထားခဲ့ရမှာချင်းအတူတူ ...
ရိုကျိုးမနေစမ်းပါနဲ့ ... ခါးကျိုးအောင်နင်းမယ့်သူတွေချည်းပဲ
စိတ်ရှုပ်မနေစမ်းပါနဲ့ ... စိတ်ရှုပ်နေလို့လည်းပြေလည်လာမှာမဟုတ်လို့
ငိုပြမနေနဲ့ မင်းကိုသနားမယ့်သူဘယ်သူမှမရှိဘူး
ဘယ်ကြည့်မလား ညာကြည့်မလား မင်းကတစ်ကောင်ကြွက်
အဲ့တော့ ဘယ်ကြည့်နေမယ့်အစား ညာကြည့်လိုက်
တစ်ခြားသူကိုလိမ်ညာပြီးကိုယ့်ခြေထောက်အောက်မှာချနင်းပစ်လိုက်အညတရဆိုတဲ့ဘဝထဲမှာလည်းကျင်လည်တတ်ရင်မင်းအတွက်နေရာတွေမှအများကြီး... ရိုင်းစိုင်းနေရတာကိုအရသာတစ်ခုလိုခံစားကြည့်စမ်း
ယုတ်မာနေရတာကိုမူးယစ်ဆေးတစ်ခုလိုစွဲလမ်းကြည့်စမ်းပါ
ဘာများထူးလာမလဲ ဘာမှထူးမလာဘူး ဒါပေမယ့်ကျေနပ်မှုဆိုတဲ့အရသာဘာဆိုတာသိလာလိမ့်မယ်...•──────── ʙᴏʏ ᴍᴇᴇᴛs ᴇᴠɪʟ ──────•
"ညကျမင်းပဲသွားလိုက် V ... ငါတစ်ကယ်မအားဘူး ဖြစ်တယ်မဟုတ်လား "
တစ်ပါးသူပြောစကားများအားဂရုမစိုက်စွာ ပါးစပ်တွင်ကိုက်ခဲထားသောစီးကရက်ကိုရှိုက်ရှူပြီး အငွေ့များကိုမှုတ်ထုတ်ပစ်လိုက်တော့ မျက်နှာကျက်ကပန်ကာကြောင့် မျက်နှာပေါ်ပြန်ရိုက်ခတ်လာတဲ့အငွေ့တွေကိုတစ်ကြိမ်ပြန်လည်ရှိုက်ပစ်လိုက်သည်
လည်ချောင်းထဲစပ်ဖျင်းလာခြင်းနဲ့အတူ နေသာထိုင်သာရှိမှုများ
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
Hayran KurguKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................