ကောင်းကင်ထက်ကမင်းရဲ့ ခြေရာလေး
တိမ်မျှင်တွေနဲ့အတူ ပျောက်ကွယ်သွားပါပြီ
အမှတ်တရတွေကိုပြန်ရနိုင်မလားလို့ကောင်းကင်ကိုလက်လှမ်းလိုက်မိပါတယ်.... ကိုယ်ကသန်မာတယ်....
သန်မာပါတယ်လို့အော်နေရင်းတောင် ပါးပြင်ပေါ်မှာနွေးခနဲပင်လယ်ကြီးဟာမင်းရဲ့အပြုံးကြောင့် ...
လှိုင်းတံပိုးတွေနဲ့အတူတောက်ပလို့နေပါတယ် ...
အိပ်မက်မက်နေတဲ့လူတစ်ယောက်လို မိုးကုတ်စက်ဝိုင်းကိုငေးကြည့်နေရင်း~~~
ကိုယ်အားနည်းလာပြီဆိုပြီး ပါးပြင်ပေါ်မှာထပ်ပြီးစိုစွတ်ပြန်တယ်တောင်တန်းတွေနဲ့တူနဲ့မင်းရဲ့တစ်ခြားပုံစံ
ဂျင်ကိုရွက်ဝါတွေက ပါးပြင်ပေါ်မှာကြွေကျနေတယ် (Ginkgo)
အချင်းချင်းစ'နောက်ခဲ့ကြတဲ့နေ့ရက်တွေကလို
ရယ်မောခဲ့ကြတယ် ... မင်းပျော်နေတာပဲဆိုပြီးရယ်မောခဲ့ကြတာ
လောကကြီးကိုပွေ့ဖက်ထားချင်ခဲ့ကြတာမြစ်နဲ့တူတဲ့မင်းရဲ့နှလုံးသား ... အဆုံးမရှိစီးဆင်းနေဆဲပါ
ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေရင်း...
သံစဥ်တွေကိုဖန်တီးရင်း...
ရှည်လျားတယ် ... ရှည်လျားတယ်
တိုတောင်းတယ် ... တိုတောင်းသွားပြန်တယ်
ကြင်နာမှုတွေနဲ့အတူတွေးပွေ့ထားရင်း ရလာတဲ့ဝမ်းနည်းမှုတွေကြားမှာ
ကျေးဇူးတင်ပါတယ်ဆိုတဲ့တီးတိုးသံလေးလိုက်ရှာနေခဲ့တာ ~~~ ဘယ်အချိန်ဖြစ်ဖြစ် မင်းခြေရာတွေကို
မင်းရဲ့မျက်တောင်စိပ်စိပ်လေးတွေကြားကကျလာတဲ့မျက်ရည်တွေကိုတောင် ကိုယ်တစ်ကယ်မြတ်နိုးတယ်နှလုံးသားထဲကနေပြောချင်တဲ့စကားလေးတစ်ခွန်းလည်းရှိတယ်
ကြယ်တွေစုံတဲ့ညတစ်ညလောက်မှာ မင်းပြောဖူးတဲ့ ဖျက်ခနဲလက်သွားမယ့်ကြယ်လေးကိုရှာရင်း....
ယိုင်နဲ့နေတဲ့နှလုံးသားနဲ့ မင်းကြားနိုင်အောင် ကိုယ်အော်ပြောလိုက်ပါ့မယ် ...
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanfictionKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................