"ငါမင်းကို ချစ်တယ် TaeHyung အဲ့ဒါ... "
လူတစ်ယောက်ကိုလူတစ်ယောက်ချစ်ခြင်းမှာ ဘာတွေများအပြစ်ရှိနေပါသလဲ Kim TaeHyung ဆိုသောလူသားဟာနှလုံးသားမရှိဘူး
အကြင်နာတရားဟာလည်း ကျွန်တော်တစ်ယောက်တည်းအပေါ်ကိုမှ ကွက်ပြီးခေါင်းပါးနေတာ
တန်ပြန်ချစ်ခြင်းဆိုတာကတော့ ကန္တာရထဲမှာ Oasis လေးများရှိမလားဆိုပြီးလိုက်ရှာရသလိုမျိုး
ကံဆိုးစွာနဲ့ Kim TaeHyung ဆိုတဲ့မိုးလေးဟာ ရွာဖို့နေနေသာသာ ကျွန်တော့်ရပ်ဝန်းတွင် ညှို့တောင်မညှို့ခဲ့
ချစ်တယ်ဆိုတာလေးဖွင့်ပြောခွင့်ရဖို့ကြာခဲ့တာတစ်နှစ်
လူကိုတွေ့တာနဲ့သရဲတွေ့သလိုကြောက်လန့်ပြီးပြေးတော့တာ
ချစ်ရတာတစ်ခြားသူတွေအတွက်တော့လွယ်ကောင်းလွယ်ပါလိမ့်မယ်
Jung Hoseok အတွက်တော့နည်းနည်းလေးတောင်မလွယ်ခဲ့ပါ
အထက်တန်းစတက်တည်းကကြိုက်ရပါသော ထိုစာဂျပိုးလေးနောက် တကောက်ကောက်လိုက်ရသည်မှာလည်းတာဝန်တစ်ခုလိုရည်းစားစကားပြောမယ်ကြံတိုင်း လူကိုတွေ့တာနဲ့ထွက်ပြေးပါသောထိုကောင့်နောက်ကိုမမောနိုင်မပန်းနိုင်လိုက်ရသည်မှာလည်း အလုပ်တစ်ခု
ကျွန်တော်နှင့် TaeHyung သည်စရိုက်ချင်းနည်းနည်းလေးမှမတူ ကျွန်တော်သည် အပေါင်းအသင်းများတယ် ပေပေတေတေနေတယ် စတယ်နောက်တယ် မျက်ခွက်ပြောင်တယ် စာဆိုလည်းဘိတ်ချေး နောက်ဆုံးခန်းမှာနေရသောကျွန်တော်နှင့် စာအတော်ဆုံး Class 1တွင် ထိပ်ဆုံးနေရာကိုအရယူနိုင်သောသူသည် လုံးလုံးလျားလျားကွဲထွက်နေတော့သည် ။
စာတော်တယ် ရုပ်ချောတယ် အရမ်းငြိမ်ပြီးအေးဆေးတယ်
မိန်းကလေးတိုင်းရဲ့ကောင်လေးအဖြစ်သတ်မှတ်ခံထားရတဲ့သူ့ကို
လက်လျော့လိုက်ဖို့ဆိုတာနည်းနည်းလေးမှမတွေးဖူးခဲ့ပါ
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanficKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................