Warning ↬ mature scene contains in this one shot ( ꈍᴗꈍ)
ဒီအခြေအနေတွေဘယ်ကစခဲ့လဲကျွန်တော်သေချာမသိဘူး
သူနဲ့စပြီးပတ်သတ်ခဲ့တဲ့အချိန်ကလား ကလပ်မှာမူးရူးနေတဲ့သူဌေးဖြစ်သူနဲ့မှားယွင်းခဲ့တဲ့ညကလား ဒါမှမဟုတ်သူ့ဘက်ကစပြီးတွဲဖို့ပြောခဲ့တုန်းကလား
သူ့မှာအိမ်ထောင်ရှိမှန်းသိသွားတာတောင် Sex Partner တွေအဖြစ်ရှိနေဖို့လက်ခံပြီး မျက်စိစုံမှိတ်ရှေ့ဆက်တိုးမိကတည်းကလားကျွန်တော်ကသူတစ် ယောက်ကလွဲပြီးတစ်ခြားဘာကိုမှမသိတဲ့သူ
မဖြစ်နိုင်မှန်းသတိတာကိုမှရစ်တွယ်ဖို့ကြိုးစားမိနေတဲ့သူ
စုံလုံးကန်းပြီးသူဆိုတဲ့အမှောင်ထဲကိုတိုးဝင်နေမိတဲ့သူ
အမြဲပေးဆပ်နေရရင်တောင် အသွေးယူစေအသားယူစေ ပျော်ပျော်ကြီး ကျေကျေနပ်နပ်ပေးနေတတ်တဲ့သူ
ကျွန်တော်ကအချစ်ကိုပဲသိတဲ့ငတုံးတစ် ယောက်ထက်ဘာမှမပိုဘူးကျွန်တော်ကဦးငယ်ရဲ့ပထမလူမဖြစ်ရတာထက် ဦးငယ်ရဲ့အငွေ့အသက်လေးတွေရှိရာနေရာလေးမှာခိုကပ်နေခွင့်လေးတောင်မရတော့မှာကို ပိုကြောက်လို့ဖြစ်ပါလိမ့်မယ် ... ။
↬↬↬↬↬ᴛᴡɪsᴛ↫↫↫↫↫
"Boss ညကျရင်ညစာစားပွဲတစ်ခုသွားစရာရှိပါတယ် "
ထိုင်ခုံပေါ်တွင်မှီထိုင်ကာ File တွေအားစစ်နေသောသူသည် ကျွန်တော့်အပြောကြောင့်ခေါင်းထောင်လာပြီး အလိုမကျသလိုကြည့်သည်
"နှစ် ယောက်တည်းရှိရင်ဘယ်လိုခေါ်လို့ပြောထားလဲ Seokie "
"ဒါပေမယ့် ဒါကအလုပ်မှာလေ "
သူ့စကားအားပြန်ခံပြောမိတိုင်းအလိုမကျသလိုတွန့်ချိုးသွားပြောမျက်ခုံးတွေ နှုတ်ခမ်းကိုလျှာနဲ့သပ်ပြီးစုတ်သတ်ပုံတွေ လက်ထဲက File အားစားပွဲပေါ်ပစ်တင်ကာ သူဝတ်ထားသော coat ကိုချွတ်ရင်း Necktie အားလက်တစ်ဖက်ဖြင့်ဖြေလျော့လိုက်ပုံတွေ
လူတစ်ယောက်ကဒီလောက်ဆွဲဆောင်မှုရှိနေတာတရားရောဝင်ပါရဲ့လား... မဟုတ်ဘူး ဒါဟာ illegal ....
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanficKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................