အပိုင်း (၁၈)

1.9K 82 0
                                    

ခေတ်သွေးရဲ့မိသားစုသည် ဈေးထဲတွင် ငွေတိုးချေးစားသည်သာမက ဆိုင်ကယ်ဆိုင်နဲ့ ဖုန်းဆိုင်တွေပါ ဖွင့်ထားသေးသည်။ သို့သော် ထိုကဲ့သို့ စီးပွားရေးရဲ့ နောက်ကွယ်တွင် စစ်သွေးအဖေသည် 2D၊ 3D အကြီးစားဒိုင်ကြီးဖြစ်သည်။ လက်သတ်မွေးထားသော လူမိုက်များစွာလည်း ရှိလေသည်။ 

ခေတ်သွေး ဆိုင်ကယ်လိုချင်သည်ဆိုလျှင်လည်း လွယ်လွယ်ကူကူရလာခဲ့ခြင်းမဟုတ်ပေ။ သူအဖေက တစ်ခုပေးမှ တစ်ခု ပြန်ပေးတတ်သော လူတန်းစားမျိုးဖြစ်သည်။ ဒါ့ကြောင့် ခေတ်သွေးမှာ ရဲမှူးသမီးကို ရအောင်လိုက်ကာ ဘယ်လမ်းကြောင်းဘာညာ အချိတ်အဆက်မိစေရန် ခေတ်သွေးအဖေနဲ့ မိတ်ဆက်ပေးထားရလေသည်။ 

အခု သူပထမဆုံးရသော ဆိုင်ကယ်ပေါ်ကို ယွန်းလှကို ပထမဆုံးခေါ်တင်ခဲ့သည်ကိုတော့ သူမတစ်ယောက် သိလိမ့်မည်မဟုတ်ပါ။

"အဟွတ် ဟွတ်" 

"အမေ အဆင်ပြေရဲ့လား မသက်သာဘူးလား"

"သက်သာပါတယ်ကွယ် မင်းအဖေနဲ့ စကားနည်းနည်းများထားလို့ ပင်ပန်းသွားတာ... လာအုံးသား"

"သား အဖေမင်းကို ရတီ့အဖေနဲ့ မိတ်ဆက်ခိုင်းတယ်ဆို"

"အမေသိသွားပြန်ပြီလား "

"အမေ အကုန်သိတယ်သား သားစိတ်ထဲမှာ ဘယ်သူရှိတယ်ဆိုတာက အစ "

"ဒါပေမယ့် သားသိတယ်မလား ဇင်လေးက သားကို သားအရင်လေးလို သဘောထားတာ ပြီးတော့ အမေတို့ရဲ့ နောက်ကြောင်းကိုလည်း သိတာမဟုတ်ဘူး သားကိုယုံထားတာကို သားက အဲ့ယုံကြည်မှုကို ဖောက်ဖျက်ဖို့တော့ မသင့်ဘူးမလား"

"ဟုတ် အမေ"

"အင်း အမေ ဒီလောက်ပဲ ပြောမယ်နော် သားဘယ်သူနဲ့ ရှုပ်ရှုပ်ရတယ် ဒါပေမယ့် ယွန်းလေးတော့ မဖြစ်ဘူးနော်"

"သား ကြည့်လုပ်ပါမယ်အမေ"

ခေတ်သွေးအတွက် အဖေ့ရဲ့ ဉပေက္ခာတွေကြားမှာ အမေ့ရဲ့ အချစ်တွေနဲ့ သာ ကြီးပြင်းခဲ့ရသည်။ သားကြီးဖြစ်တဲ့ အကိုကြီးကိုတော့ အဖေက အရမ်းအားကိုးကာ ပြည်ပကိုလည်း ပညာသင်လွှတ်ထားသည်။ အရမ်းတော်တဲ့မမကိုတော့ တစ်ဦးတည်းသော မိန်းကလေးမို့ အချစ်ပိုလေသည်။ အကြီးနှစ်ယောက်နဲ့ ၁၀ နှစ်နီးပါးကွာတဲ့ စစ်သွေး မွေးလာတဲ့အခါမှာတော့ အဖေနဲ့ စကားကတောက်ကစ စတင်ဖြစ်လာခဲ့သည်။ ဘာအကြောင်းကြောင့်လဲဆိုတာတော့ စစ်သွေးမသိပေမယ့် သူမွေးပြီးမှ တိုးချဲ့လာသော စီးပွားရေးကြောင့် အလုပ်မအားသည်ဟုဆိုကာ သူနဲ့အဖေကြားမှာ စည်းတစ်ခု ခြားထားခဲ့လေသည်။

"သမီး နံမည်က ယွန်းလှနွယ်နော်"

"ဟုတ် ဦး။ ဦးက အန်တီမူယာ ယောကျာ်းလား " 

"ဟား ဟား ဟုတ်တာပေါ့ သမီးအမေနဲ့က သိတာကြာပြီ ငါ့သမီးလေးနဲ့က အခုမှပဲတွေ့တော့တယ်"

"ဟုတ် မေမေ့ကို လာတွေ့တာလားဟင်"

"မဟုတ်ပါဘူးကွယ် ဒီတိုင်း သမီးလေးကို တွေ့လို့ လာနှုတ်ဆက်တာ ဦးသွားပြီနော်"

"ဟုတ်ကဲ့ ဦး"

ခေတ်သွေးရဲ့ အဖေကိုတော့ ယွန်းလှ အခုမှမြင်ဖူးခြင်းဖြစ်သည်။

သူမ အကိုနဲ့အမ ရှိသည်ကိုလည်း ကြားဖူးသည်။ သို့သော် နှစ်ယောက်လုံး နိုင်ငံခြားမှာဆိုကာ အလုပ်များသော ဦးလေးကိုလည်း အခုမှမြင်ဖူးခြင်းဖြစ်ပြီး ပုံမှန်အန်တီမူယာ့ကိုသာ အများဆုံးတွေ့လေသည်။

သူတို့မိသားစုမှာ အန်တီမူယာကလွဲရင် ကျန်မိသားစုဝင်များကို တွေ့ဖို့ရာ လွန်စွာခဲယဉ်းလေသည်။ အဲ့ထဲမှာ ခေတ်သွေးလည်း အပါအဝင်ပင်။ အိမ်စောင့်နတ်နဲ့များ ရန်ဖြစ်ထားသလား ထင်ရလေသည်။

၉ တန်းတက်ရသည့်ထိ စည်သူ့ကို သူမ အဖြေပြန်မပေးခြင်းကြောင့် စည်သူ့ဘက်မှ သူမကိုရွဲ့ကာ အခြားသော မိန်းကလေးများကို လိုက်ကာ သူမရှေ့ကို တွဲတွဲလာလေသည်။ ပြောချင်သည်က သူမ မကြိုက်ပေမယ့် သူ့ကိုကြိုက်သည့်သူများတယ်ဆိုတာ သိစေခြင်းပင်။

သို့သော် သူမစိတ်ဝင်စားသည်က သူမှမဟုတ်တာ သူဘာလုပ်လုပ် သူမစိတ်မဝင်စားပေ။ ၉ တန်းကျောင်းလဝက်လောက်ရောက်သည့်အခါ သူမအတွက် စိတ်တိုစရာ တစ်ခုပေါ်လာခဲ့လေသည်။ အဲ့ဒါကတော့ သူမ စည်သူ့ရန်က ဝေးသွားသော်လည်း ညီညီက သူမကို လိုက်နေ၍ပင်ဖြစ်သည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now