"သူတို့ အိမ်ခွဲနေနေကြပြီလား..."
"ဟုတ်ကဲ့ သခင်ကြီး..."
"အဲဒါဆို စကြတာပေါ့..."
ထိုစဉ် အခန်းထဲသို့ လူတစ်ယောက်ဝင်လာလေသည်..
"မင်းသွားဖို့ အဆင်သင့်ဖြစ်ပြီလား..."
"ဟုတ်ကဲ့..."
"ကောင်းတယ်... သိပ်ကောင်းတယ်... ဟား... ဟား... ခေတ်သွေး ခေတ်သွေး.. ငါအားကိုးနဲ့ တက်လာတဲ့ကောင်လေးက ငါ့သမီးကို သတ်သွားတယ်ပေါ့... မင်းနဲ့ငါ ဘယ်သူအရင်သေမလဲ ကြည့်ကြတာပေါ့..."
ရန်ကုန်....
ယွန်းလှသည် စည်သူက စိတ်ပူပြီး လာတွေ့သည့်အခါတိုင်း နှင်ထုတ်ခဲ့သည်... အပင်ဆိုင်နှင့် သူမတိုက်ခန်းတွင်သာ နေကာ ခေတ်သွေးအိမ်သို့လည်း မပြန်ချေ... သို့သော် စိတ်ထဲတွင်တော့ သူဘယ်တော့လာခေါ်မလဲဟု မျှော်တက်လေသည်...
တကယ်တွင်တော့ ခေတ်သွေးသည် ရောက်မလာခဲ့ပါ... Rio လေး ဆုံးသည့်နေ့ရောက်တိုင်း သူမ သချိုင်းသို့ သွားဖြစ်ခဲ့သော်လည်း သူ့ကိုမတွေ့... Rio လေး အုတ်ဂူကို သွားကြည့်ရင်း သူမ အမေအုတ်ဂူဆီသို့ပါ သူမသွားကြည့်မိလိုက်သည်...
"အမေ... အခုဆို အမေ ဘယ်မှာရောက်နေမှန်း သမီးမသိပေမယ့် သမီးကိုယ်တိုင် မိခင်နေရာရောက်လာချိန်မှာတော့ အမေ့ကို အပြစ်မမြင်တော့ပါဘူး..."
"အမေ့ကြောင့်ပဲ ခေတ်သွေးနဲ့ နီးစပ်ခဲ့ရသလို အမေ့ကြောင့်ပဲ ဝေးသွားခဲ့ရတယ်... ထပ်ပြီး အမေ့ကြောင့်ပဲ ထပ်နီးခဲ့ရပေမယ်... ကံကြမ္မာက သမီးကို မျက်နှာသာ မပေးဘူးထင်ပါရဲ့... အခု သမီး အရမ်းနာကျင်နေရတယ်အမေ..."
"အဖေတစ်ယောက်ရဲ့ ချစ်ချင်းကို မရခဲ့တဲ့ သမီးအတွက် ပထမဦးဆုံး ရခဲ့တဲ့ သူရဲ့ ချစ်ခြင်းတွေက ချိုမြိန်ခဲ့တယ်... သမီးရဲ့အ ချစ်ဦးမို့ ရူးအောင် ချစ်ခဲ့ရပေမယ့် သူ့ကြောင့်ပဲ သမီးသေမတတ်နာကျင်နေရတယ်... သမီးဘာလုပ်သင့်လဲ... အခုအမေ့မှာ မြေးလေးနောက်တစ်ယောက်ရှိနေပြီ... သူ့ကို သမီးလို အဖေ မရှိဘဲ မကြီးပြင်းလာစေချင်ဘူး...ကျေးဇူးပြုပြီး သမီးတို့နှစ်ယောက်ကြားက အစိုင်အခဲတွေပြေလည်အောင် သမီး ဘယ်လိုလုပ်ရမလဲ...."