"ပျံလွှား အကိုလေး တစ်ယောက်တည်းလွှတ်လိုက်တာ အဆင်ပြေပါ့မလား..."
"အေး.... ငါတို့ ဒီကပဲစောင့်မှရမယ် Jack
အကိုလေးကလည်း သေချာမှာသွားတယ် ငါတို့လူအင်အားလည်း မမျှဘူး... ရဲခေါ်လို့လည်းမရဘူး... မမလေးကို တသတ်လုံးမတွေ့ရမှာကို သူအကြောက်ဆုံးပဲ... ဟိုကောင်က ဘာတွေလုပ်မလဲဆိုတာ ငါတို့ တပ်အပ်မပြောနိုင်ဘူး...""အေး ငါကတော့ ဘာပဲဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်လို့မှ မထူးရင် ဝင်သွားရမှာပဲ..."
"အေးပါကွာ... ငါတို့လည်း ဝင်မှာပါ... အကိုလေးကို တစ်ယောက်တည်းတော့ အသေမခံနိုင်ပါဘူး... ငါ မမြတ်ကိုလည်းပြောထားတယ်... ဆရာ့ဆီက လူနည်းနည်းတောင်းခိုင်းထားတယ်..."
"အိုကေ အိုကေ..."
"ယွန်း တောင်းပန်ပါတယ် ရှင့်လူတွေကို တော်ခိုင်းလိုက်ပါတော့နော်..."
ခေတ်သွေးသည် သွေးအလိမ်းလိမ်းနှင့်ကြားမှ သူမဆီလာရန် ကြိုးစားနေတုန်းပင်
"သူသေ သွားလိမ့်မယ်... ကျေးဇူးပြုပြီး..."
ယွန်းလှသည် ဒူးထောက်ထိုင်ချထားသော သက်ပိုင်လက်များအားဆွဲကာ တောင်းဆိုနေသော်လည်း သက်ပိုင်သည် အတန်ကြာသည့်ထိ သူ့လူများအား ရပ်တန့်ရန် စကား မဆိုခဲ့... ခေတ်သွေးနောက်ဆုံးထမလာနိုင်တော့သည့် အချိန်ရောက်မှ...
"ယွန်း... မင်းသူ့ကို မသေစေချင်ဘူးမလား..."
"အင်း..."
"ကိုနဲ့ လိုက်ခဲ့ပါ..."
"ဘာရယ်..."
"ကို့နောက်ကို ရာသက်ပန်လိုက်ခဲ့ပါ... သူ့ကို ကိုယ် ရှင်ခွင့်ပေးမယ်..."
ယွန်းလှ ကြမ်းပြင်ပေါ်ရှိ ခေတ်သွေးအား လှမ်းကြည့်မိလိုက်စဉ် သွေးအိုင်ထဲမှ ခေတ်သွေးသည် မထနိုင်တော့သော်လည်း မျက်ဝန်းများက သူမအား လိုက်မသွားဖို့ရာ တောင်းပန်နေသည့်ဟန်...
"ကောင်းပြီ... ရှင့်ညီမလေးဆုံးသွားတဲ့ ကိစ္စမှာ ယွန်းလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ ပါဝင်ခဲ့တာပဲ... ယွန်း ရှင့်စိတ်တိုင်းကျ လိုက်ခဲ့ပါမယ်... သူ့ကိုလွှတ်ပေးလိုက်ပါ..."