အပိုင်း(၁၂)

2.1K 90 1
                                    

"ခေတ်သွေး ငါ ဒီနေ့ ယွန်းလှ ဆီက အဖြေထပ်တောင်းမလို့  လိုက်ခဲ့စမ်းပါကွာ"

"ငါ သွားစရာရှိတယ် မအားဘူး"

"လုပ်ပါကွာ မင်းကလည်း ငါ့မှာမင်းတို့တွေပဲရှိတာကို ဒီနေ့ ညီညီကလည်း လိုက်ပေးမယ်တဲ့"

"ဟေ့ကောင် ဒီကောင်က ဒီနေ့လိုက်ပေးရင် ဂိမ်းဆိုင်မှာ ဒကာခံမယ်တဲ့ လိုက်ခဲ့လိုက်ကွာ"

ခေတ်သွေးဆီက ဘာစကားမှ ထပ်ထွက်မလာလေတော့ စည်သူတစ်ယောက် ရှေ့ဆုံးက လွယ်အိတ်ဆွဲပြီးပြေးလေပြီ။ ကျောင်းရှေ့ကို ဦးအောင်ကြိုရောက်ထားမှ စိတ်ချရမည် မဟုတ်လား။

"ဟဲ့ ယွန်း ဟိုမှာ နင့်ကို လာစောင့်နေပြန်ပြီ"

"အေးဟ ဒီနေ့ နောက်တစ်ယောက်ပါ ပါလာတယ်နော်"

ယွန်းလှတို့ ကျောင်းဝကို ရောက်တော့ ထုံးစံအတိုင်း ကိုစည်သူတို့ စောင့်နေလေသည်။ ယွန်းလှ မျှော်နေတဲ့သူပါ ပါပေမယ့် သူကတော့ ကိုယ့်ကို ကြည့်မနေ။

"ယွန်း ကို ဒီနေ့ ယွန်းကို ပြောချင်တဲ့စကားတွေ စာနဲ့ရေးလာခဲ့တယ်။ ယွန်းနားထောင်ဖို့ အချိန်မရှိဘူးဆိုတာ သိလို့ စာလေးတော့ ယူသွားပေးပါနော်"

" အကို ယွန်း တကယ်ယူလို့မရဘူး အမေသိရင် ယွန်းကို သတ်လိမ့်မယ်"

"အဲဒါဆို ယွန်းရယ် လမ်းမှာ ဖတ်သွားပေးပါလား ကို တောင်းပန်ပါတယ်နော်"

"အာ အကို ဖယ်ပါ ယွန်းရှေ့က"

ပြောရင်းဆိုရင်း ကိုစည်သူလက်တွေက ယွန်းလက်ကို လာဆွဲတော့ ယွန်းကြောက်အား လန့်အားနဲ့ အော်ကာ ငြင်းမိလိုက်သည်။ ထိုအချိန် အကုန်လုံးအကြည့်က ယွန်းဆီရောက်နေလို့ တစ်ယောက်သောသူရဲ့ မီးဝင်းဝင်းတောက်နေဆဲ အကြည့်ကိုတော့ ယွန်းလှ တစ်ယောက်တည်းသာ မြင်ခဲ့သည်။

"အမေ့ "

ယွန်းလှ စာလုပ်နေတုန်း ပြတင်းပေါက်က ခုန်တက်လာသော သူ့ကြောင့် လန့်သွားရသည်။

"မင်းကို စာပေးတာ ဘာလို့မယူတာလဲ"

"နင် အိမ်ရှေ့ပေါက်ကမဝင်ဘဲ အမြဲဒီလိုဝင်နေတော့မှာလား"

"အိမ်ရှေ့ပေါက်က ဝင်တာများရင် မင်းနဲ့ငါ့ကို ရပ်ကွက်က ပေးစားလိမ့်မယ်"

"နောက်ဖေးပေါက်က ဝင်ရင်ပိုဆိုးလိမ့်မယ်"

"ထားပါ ကိုယ်မေးတာဖြေ"

"ငါ့ဘာသာ ယူယူမယူယူ နင့်အပူတပြားမှ မပါဘူး"

"ငါပြောမယ် ယူလိုက် အဲ့ကောင် နင့်ကို တကယ်ကြိုက်နေတာ"

"ဘာလဲ နင်က သူ့အစားလာပြောပေးနေတာလား"

ယွန်း အမေးကိုတော့ သူမဖြေတော့ဘဲ ပြတင်းပေါက်က ထပ်မံခုန်ဆင်းသွားလေသည်။ အမြဲတမ်း ပိုင်စိုးပိုင်နင်း လုပ်တတ်သည့် သူ့အကျင့်ကိုတော့ ကြာလေ သူမ ပိုသိလာခဲ့လေသည်။

ကိုစည်သူ သူမကို အမျိုးမျိုးလိုက်ပြီး သုံးလ လောက်အကြာမှာတော့ ရပ်ကွက်ထဲက လူကြီးအချို့ ကောင်းမှုနှင့်  စည်သူ့မိဘတွေကော သူမ အမေပါသိသွားခဲ့လေသည်။ တစ်ယောက်သော သူသည်လည်း သူမကို ပြတင်းပေါက်မှာ စာလက်ခံဖို့ လာပြောပြီးကတည်းက ပေါ်မလာတော့ပေ။ စည်သူ သူမအနောက်က ညီညီနဲ့ စက်ဘီးစီးပြီး တောက်လျှောက်လိုက်တာမျိုးလည်း ရှိသည်။ သူတို့နှစ်ယောက်တည်းသာ သူမ မျှော်သည့်သူတော့ ပါမလာခဲ့ပေ။

"ယွန်းလှ"

အမေ့ခေါ်သံကြောင့် ယွန်းလှ အောက်ထပ်ကို ဆင်းလာခဲ့သည်။

"ဟိုဘက်ရပ်ကွက်က စည်သူ့အဖေနဲ့အမေက နင့်ကို ချွေးမလေးလို့ ခေါ်နေလို့ ငါငယ်သေးကြောင်း ပြောထားရတယ်။ စာက လွဲရင် တခြားကို အာရုံရောက်ဖို့ မစဉ်းစားနဲ့နော်။ ငါအပြင်သွားအုံးမယ်"

"ဟုတ် အမေ"

ယွန်းလှအမေဟာ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကြသည့်အတွက် ငယ်ဂုဏ်နှင့် အမြဲ အပျော်အပါးမက်တပ်သည်။ တရားဝင်ဇနီး မဟုတ်သည့်အကြောင်းအရင်းကလည်း သူမကို ပျက်စီးခြင်းလမ်းကြောင်းပေါ် တွန်းတင်နေသလိုဖြစ်သည်။

ယွန်းလှအမြဲတမ်း ကျောင်းပြောင်းရသည့်မှာလည်း အမေရဲ့ အရှုပ်ဇယားတွေကြောင့်ပင် ဖြစ်သည်။ အခု ဒီနေရာမှာလည်း သူ့ထက် ၁၀ နှစ်ငယ်သော ကောင်လေးနှင့် တွဲကာ အိမ်ပြန်လာသည်က ရှားသည်။ သူမ ယွန်းလှအပေါ် တစ်ခုသော စိတ်ဝင်စားမှုက ပညာရေးပင်။ ကျန်တာကိုတော့ သူမအာရုံထဲ မရှိပေ။ သားယောကျာ်းလေး မွေးရင် ဒီလိုမနေရဘူးဆိုတဲ့ အစွဲကြောင့် ကလေးထပ်မယူသော်ငြား ယောကျာ်းလေးတိုင်းကို ချစ်သည်။ ဒီနေရာမှာဆိုလျှင်တော့ ခေတ်သွေးက သူ့သားပင်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Dove le storie prendono vita. Scoprilo ora