သူ့လက်ထဲကို ဆွေ့ကနဲပါလာတဲ့ ဒီကောင်မလေး ...
သူ့ထက် ၂ နှစ်ငယ်တဲ့ ဒီကောင်မလေးဆီ သူပြန်ရောက်လာခဲ့ပြီ.....
"နင်..... နင် ငါ့ကိုလွှတ်....."
အလန့်တကြား သူမ သူ့လက်ထဲက ရုန်းထွက်လိုက်တယ်။
"မင်းဘာလို့ အဲ့လောက်တောင် လန့်နေတာလဲ... ကိုယ် မင်းကို ကိုက်မစားပါဘူး......"
"ဘာကိစ္စရှိလို့လဲ... ဒီတိုင်းပြော မထိနဲ့...."
"ကိုယ့်ကို မမြင်ချင်ဘူးလား...."
"အင်း...."
သူမ တကယ် သူ့ကို မမြင်ချင်ပါဘူး။ အတိတ်က နာကျင်ခဲ့ရတာတွေက သူမအတွက် လုံလောက်နေပြီမို့ ထပ်မနာကျင်ချင်တော့တာ သူမအတွက် မလွန်ပါဘူး။
"ကိုယ် မင်းကြောင့် ပြန်လာတာ....."
"တော်ပါတော့ ကိုခေတ်သွေးရယ် ရှင့် ရဲ့ အလိမ်အညာစကားတွေကို...... အခု ငါ့မှာ တွဲနေတဲ့ ကောင်လေးရှိတယ်၊ လက်ထပ်ဖို့ထိလည်း ရည်ရွယ်ထားပြီးသား...."
"မင်း သူ့ကို လက်ထပ်မယ်ဆိုတာ သေချာနေပြီလား..."
"100% ပဲ"
ပြတ်သားလွန်းတဲ့ သူမအသံနဲ့အတူ စိုးရိမ်နေတဲ့ လေသံပါပါနေတာ ခေတ်သွေးရိပ်မိတယ်
"ကိုယ့်ကို သူနဲ့မိတ်ဆက်ပေး"
"ဘာအတွက်လဲ"
"ကိုယ်ပိုင်တဲ့ အရာတစ်ခုကို ကိုယ်ပြန်ယူဖို့လေ"
"ရှင် ရူးနေလား .... "
"အင်း မင်းကို ညီလတ်ရဲ့ My Story မှာ တွေ့လိုက်ထဲက အသွေးအသားထဲကကို ရူးနေတာ..."
"တော်ပါတော့ ကိုခေတ်သွေးရယ် အခု သူစောင့်နေတယ်၊ ငါပြန်တော့မယ် ဖယ်"
"သြော် ရောက်နေတာလား အတော်ပဲ တခါတည်း မိတ်ဆက်ရမယ်"
ရှင် ရှင်.........
ခေတ်သွေး ပြောပြောဆိုဆိုနဲ့ ထွက်လာခဲ့လိုက်တယ်။ တွေ့ပါပြီ အောက်ထပ်မှာ ရပ်စောင့်နေတဲ့ သူ့အရွယ် အသားဖြူဖြူ၊ အရပ် ၅ ပေ ၁၀ လက်မလောက်နဲ့ ဆင်ဝင်းအောက်မှာ။ ဒီအချိန်ရုံးမှာ ဘယ်သူမှမရှိတာမို့ သူလူမှားစရာလည်း မရှိ။
နောက်က အပြေးလိုက်လာတဲ့ ယွန်း ... ကိုကို့ကို တွေ့တော့ သူမပြေးနေတာကိုရပ်လိုက်တယ်။ ဘာမှမသိတဲ့ ကိုကိုကတော့ ပြေးထွက်လာတဲ့သူမကို အသည်းယားပြီးရယ်နေလေရဲ့... သူမအရှေ့မှာတော့ စစ်သွေး။
ဖုန်းပွတ်ရင်း စောင့်နေတဲ့ သက်ပိုင် အပြေးတကော ထွက်လာတဲ့ ယွန်းကိုကြည့်ပြီး အသည်းတွေယားပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ဘူး။ သူမက သူ့ကိုအကြာကြီးစောင့်နေရမှာကိုစိုးရိမ်နေလားမသိဘူး။ သူမအတွက်ဆို ဘယ်လောက်စောင့်ရစောင့်ရ သူက စောင့်မဲ့လူမျိုးပင် သူမ မသိလေရော့။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော့နံမည်က ခေတ်သွေးပါ"
ရုတ်တရက်ကြီး ယွန်းရှေ့က သူ့နဲ့အသက်တူမယ့် ယောကျာ်းလေးတစ်ယောက် ဝင်မိတ်ဆက်လေရဲ့။
"သြော် ဟုတ် ဘယ်သူလဲမသိဘူးခင်ဗျာ"
"ကိုကို...." ယွန်းဆီမှ ခေါ်သံ
"သူက မကေသီ ဒီနေ့ခေါ်လာတာ မနက်ဖြန် ယွန်း မန်နေဂျာ စလုပ်ပေးရမယ့် မျက်နှာသစ်"
"သြော်.... အဲဒါဆို ညီလတ် က ကောယွန်း"
"သူ့အတွက်က မမ စီစဉ်ပေးပါလိမ့်မယ်"
"သြော် ... တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ။ ကျွန်တော်က ယွန်းရဲ့ ချစ်သူပါ။ နံမည်က သက်ပိုင်ပါ။"
"မနက်ဖြန်က စပြီး ယွန်းကို ကျွန်တော်ပိုင်တော့မှာမို့ လာပြောပြတာပါ။"
ခေတ်သွေးရဲ့ စကားကြောင့် သူမ သွေးတောင် နထင်စောင့်တက်ချင်သလိုဖြစ်သွားတယ်။
"ကိုကို ယွန်းက မနက်ဖြန်ကစပြီး သူ့တစ်ယောက်တည်းကို ကြည့်ပေးရမှာမို့ ပြီးတော့ သူက နိုင်ငံခြားက ပြန်လာတာ သိပ်မကြာသေးတော့ စကားပြောတာ တစ်မျိုးဖြစ်နေတာ"
သူ့ကို ဘလိုင်းကြီး မိတ်ဆက်ပြီး ပိုင်ဆိုးပိုင်နင်းစကားတွေလာပြောထဲက သက်ပိုင် တစ်ခုခုဖြစ်နေပြီဆိုတာတော့ သိသည်။ သို့သော် ယွန်းစိတ်ပူမှာမို့ မသိချင်ယောင်ပဲ သူ ဟန်ဆောင်လိုက်သည်။
"အင်း ရပါတယ် ယွန်းရဲ့... အဲဒါဆို ကိုယ်တို့ သွားကြမလား"
"အင်း ... ကိုခေတ်သွေး မနက်ဖြန်မှ တွေ့ကြမယ် ခွင့်ပြုပါအုံး"
ယွန်း ခေတ်သွေးကို မြန်မြန်နှုတ်ဆက်ပြီး လှည့်ထွက်လာလိုက်သည်။ ဒီအခြေအနေမှ သူမ မြန်မြန်ထွက်မှရပေလိမ့်မည်။
ဖြစ်ကြောင်းကုန်စင်ကို မြင်သော မမြကေသီ လှေကားမှဆင်းလာသည်။
သွေး............