"မယွန်း အကိုလေးက ခေါ်ခိုင်းလို့ပါ..."
ယွန်းလှနွယ်နှင့် ရဲနောင် ဟိုတယ် lobby ဆိုဖာတွင် စကားထိုင်ပြောနေတုန်း ဟိုတယ်ဝန်ထမ်းလေးတစ်ယောက်က သူမကို လာခေါ်လေသည်...ရဲနောင်ကတော့ စလာပြီဆိုသည့် မျက်လုံးနှင့်ကြည့်ကာ သူမကို စပ်ဖြီးဖြီးလုပ်ပြနေလေသည်...
"ဘာလဲ အလုပ်ကိစ္စရှိလို့ခေါ်တာနေမှာပေါ့.."
"အင်းပါ ငါလည်း ဘာပြောလို့လည်း..."
"နင့်အကြည့်တွေကို ငါသိတယ်နော်..."
"ဟဟ နင့်ဘာသာ မလုံဖြစ်နေတာ.."
သူမ ရဲနောင်ကို ဖက်မပြောနိုင်သည်ကြောင့် ယွန်းလှနွယ်လည်း ခေါင်းခါရင်း ဝန်ထမ်းကောင်မလေး လမ်းပြရာနောက်ပဲ လိုက်သွားတော့သည်.... ဒီဟိုတယ်ကို အတွင်းကော အပြင်ပါ သူမတို့ ပြန်လည်ပြင်ဆင်ခဲ့ရသည့်အတွက် ဝန်ထမ်းခေါ်မလွှတ်တာတောင် သူမမျက်စိမှိတ်သွားနိုင်လေသည်...
ဝိတ်တာလေးသည် ခြံထဲရှိ သီးသန့်ညစာ စားဖို့ပြင်ထားသည့်နေရာသို့ ခေါ်သွားသည်ဖြစ်ရာ ယွန်းလှနွယ် ထိုနေရာသို့ ရောက်ချိန်တွင် သူမကို ကျောပေးထိုင်နေသည့် ခေတ်သွေးကို တွေ့လိုက်ရလေသည်...
"ဘာကိစ္စရှိလို့လဲ..."
"ထိုင်..."
"ညစာ စားဖို့ဆိုရင် ရဲနောင်နဲ့ စားဖို့ပြောထားတယ်..."
"သူ့ကို တခြားသူတွေနဲ့ စားခိုင်းလိုက်..."
"မစားခိုင်းပါဘူး..."
"ယွန်း...လှ... နွယ်..."
"ဘာလဲ ကျွန်မကဘာလို့ လူအများကြီးထဲကမှ ရှင်နဲ့ သီးသန့်စားရမှာလဲ..."
"ဒီလောက်တောင် ပြန်ပြောနိုင်နေတာ နေကောင်းသွားပြီထင်တယ်..."
"နေက အစောကြီးကတည်းက ကောင်းနေတာ ရှင်ကိုကဖြစ်နေတာ..."
"စား မင်းကြိုက်တာတွေပဲ ပြင်ခိုင်းထားတာ..."
"ကျွန်မ ကြိုက်တာတွေကို ဘယ်လိုသိတာလဲ..."
"စုံစမ်းခိုင်းထားတာ..."
ယွန်းလှလည်း စကားပြောနေရင်းမှ စိတ်မရှည်စွာ...
"ဒီမှာ... ရှင်ကျွန်မကို ကြိုက်နေတာလား..."