အပိုင်း(၈)

2.4K 108 1
                                    

"ဟေ့ကောင် ငါကျောင်းဆင်းရင် ယွန်းလှကို စကားလိုက်ပြောမလို့ ငါ့ကိုကူစောင့်ပေးစမ်းပါကွာ"

"ဟိုကောင် ညီညီကကော"

"သူက ချိန်းထားတာရှိလို့တဲ့ လုပ်ပါကွာ မင်းကလည်း ငါ့မှာ မင်းတို့ပဲရှိတာကို"

သူဘာမှဆက်မပြောတော့ပေမယ့် စည်သူကတော့ သူ့ပုခုံးပေါ် လက်တင်ပြီး ပျော်ပျော်ကြီး ကျောင်းပေါက်ဝကို စလှမ်းခြေပြီ။

"ဟဲ့ ဟဲ့ ယွန်း ဟိုမှာ ၁၀ တန်းက အကိုကြီးတွေ ဘယ်တစ်ယောက်က နင့်ကို စာပေးလဲ သိလား"

"ငါက ဘယ်လိုလုပ်သိမှာလဲ"

"သူတို့တွေ နင့်ကို စောင့်နေကြတာလားမသိဘူး"

"အေးဟ အရပ်ပုပုနဲ့တစ်ယောက်မပါတော့ စာပေးတာ သူတော့မဟုတ်လောက်ဘူး"

"ယွန်း ငါဒီဘက်က တစ်ယောက်ကို သိတယ်သိလား သူက ငပွေးနော် နင်သူနဲ့ ဝေးဝေးနေ"

ဝါဝါနဲ့ အိနြာနဲ့က သူမကို သူနဲ့ဝေးဝေးနေခိုင်းပေမယ့် မသိစိတ်ကတော့ စာပေးတာ သူဖြစ်ပါစေ ဆုတောင်းနေမိတယ်။ ဒါနဲ့ သူက ငပွေးတဲ့။ အင်းပေါ့လေ ရုပ်ချောတော့ ရည်းစားများတာလည်း မဆန်းပါဘူး။ အာာ ငါဘာတွေ လျှောက်တွေးနေမိတာလဲ။

" ယွန်း ကို့နံမည်က စည်သူပါ စကားခဏလောက် ပြောလို့ရမလား"

သူမ ဆုတောင်းတွေ မပြည့်တော့ဘူးဆိုတာ စည်သူဆိုတဲ့ အကို လာမိတ်ဆက်ကတည်းက သိလိုက်ပါသည်။ သို့သော် ဟန်မပြတ် ထိန်းကာနေရင်း

"ညီမတို့ ကျူရှင်တက်ဖို့ရှိတယ် အကို ဆရာမက တော်ကြာရင် နောက်ကလိုက်လာတော့မှာ ပြောစရာရှိရင် နောက်မှပြောပါနော်"

အရှေ့မှာ ဝါဝါတို့စောင့်နေတာနဲ့ သူမ စကားအမြန်ဖြတ်ကာ မြန်မြန်ထွက်လာခဲ့လိုက်သည်။ ဟိုတစ်ယောက်ကတော့ ဘာကိုစိတ်မကြည်နေသည်မသိ ပီကေကို တဖောက်ဖောက်နဲ့ ထိုင်ဖောက်ပြီး သူမကိုလည်း တချက်ပဲ ကြည့်ကာ ဟိုဘက်လှည့်နေသည်။

သူကတောင် မသိချင်ယောင်ဆောင်နေမှတော့ သူမကလည်း ဘာလို့မဆောင်နိုင်ရမည်နည်း။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Dove le storie prendono vita. Scoprilo ora