Unicode
မေလ၊ ၁၉၄၁ ခုနှစ်မိုးစက်ဖွဲဖွဲတို့က အချိန်ကြာလာတာနဲ့အမျှကြီးသထက် ကြီးလာခဲ့သည်။ သစ်ပင်ကြီးအောက်တွင်စုဝေး နေကြသည့်လူစုတို့ကလည်း မိုးရွာရကောင်းလားဆိုပြီး စတင်ငြီးတွားကြတော့သည်။ တနည်းဖြင့်ကြည့်မယ် ဆိုလဘ်ူ မိုးကို အပြစ်တင်လို့မရနိုင်။ မိုးရွာသီမှာတော့ မိုးကရွာမှာပေါ့မဟုတ်လား?
သို့ပေမယ့်လည်း ဒီလိုပုန်းခိုနေနေကြရတဲ့သူတွေအတွက် ဒီမိုးကတော့ စိတ်ကိုပိုပြီးတောင် ရှုပ်စေခဲ့သည်။
"မေမေ သား...သားလည်း မိုးရေချိုးချင်တယ်.."
တဖက်က အမျိုးသမီးရဲ့အင်္ကျီစလေးကို မထိတထိဆွဲပြီး ကလေးငယ်တယောက် မျက်နှာငယ်လေးနဲ့ ပူဆာနေရှာသည်။ တချို့ကလေးတွေက အချိန်လေးရတုန်း မိုးရေအောက်မှာ ဆော့ကစားတာ မြင်ပြီးသူလည်းဆော့ချင်နေတယ် ထင်ပါရဲ့။
အမျိုးသမီးမှာလည်း ကလေးကိုလွှတ်လိုက်ပြန်ရင် ဘယ်အချိန် အန္တရာယ်ရောက်လာမှန်းမသိတာရယ်၊ ကလေးငယ်ငိုတာ ကိုလည်းမလိုချင်တာမို့ ဝေခွဲမရဖြစ်နေမိသည်။ ဘေးနား ကကြည့်နေတဲ့ သူတယောက်ဖြစ်ပေမယ့် ကလေးငယ် စိတ်မကောင်းဖြစ်တာကို မလိုချင်မိတာကြောင့် သားမိနှစ်ယောက် နား လျှောက်သွားလိုက်သည်။
"ဟိုလေအစ်မ သားကိုလေ ခဏလောက်ပေးဆော့ခိုင်းလိုက် ပါလား"
"ဖြစ်ပါ့မလား မောင်ရင်ရယ်...သူတို့ တွေ ထပ်လာရင် ဘယ်လိုလုပ်မလဲ"
စိုးရိမ်တကြီးနဲ့ မေးလိုက်တဲ့ မိခင်ကိုကြည့်ပြီး စိတ်ထဲမကောင်းတာတော့ အမှန်။ ဘေးပတ်ဝန်းကျင်ကို တချက်လေ့လာပြီး ကောင်းကံပေါ်ကို မော့ကြည့်လိုက်သည်။
မိုးသားတွေက လျော့သွားရမယ့် အစား ပိုပိုပြီးမဲနက်လာတော့ တော်ရုံနဲ့ မိုးတိတ်ဦးမည် မဟုတ်။
"ဒီအတိုင်းသာဆို သူတို့လာဖို့ မသေချာဘူး ခဏနေရင်လည်း ကျွန်တော်တို့သွားရတော့မယ် ဆိုတော့"
မျက်လုံးပြူးပြူးလေးနဲ့ မော့ကြည့်နေတဲ့ ကလေးလေးကို ပြုံးပြလိုက်သည်။ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကြောင့် ကလေးငယ်တစ်ယောက်ရဲ့ အပြုံးတွေက အားစေပမာ။