Unicode
မေလ ၊ ၁၉၄၁ကောင်မလေးအနောက်ပါသွားတဲ့ ကောင်လေးကို ဂျီမင်းအကြာကြီး စိုက်နေမိသည်။ တော်တော်ကို ကြောင်တောင်တောင်နိုင် လွန်းတဲ့လူပါလား။
ခဏကြာတော့ ညီမ ဖြစ်သူကလာခေါ်တာကြောင့် ယူစရာရှိ တဲ့ပစ္စည်းတွေကို သယ်ကာ မောင်နှမ နှစ်ယောက် အိမ်ပြန်လမ်းကို ဦးတည်ခဲ့သည်။ လူတွေကတော့ ထုံးစံအတိုင်း ရှုပ်ရှက်ခက်နေတုန်း။ အိမ်ပြန်လမ်းလေးသည်မှာလည်း ဂျီမင်း မှတ်မိတဲ့ အတိုင်း ရှိနေခဲ့သည်။တချို့နေရာတွေမှာတော့ ပစ်ခတ်မှုတွေကြောင့် ပျက်စီးချို့ယွင်းနေကြသလို၊ တချို့ နေရာတွေမှာလည်း ပြန်ပြုပြင်နေကြစဲ။ တကယ်တမ်းတော့ ဘေးပတ်ဝန်းကျင်က ဂျီမင်းငယ်ငယ်တုန်းကလို မဟုတ်တော့ပါ။
စစ်ဖြစ်ထားတာကြောင့် အဆောက်ဦးတော်တော်များများက ပျက်စီးနေကြပြီ။ ပြန်ပြင်ခဲ့လို့ရရင်တောင် ထပ်ပြီးပျက်စီးမှာမို့ ဘယ်သူကမှ ပြုပြင်ဖို့ စိတ်ထဲမထားတော့။
သို့သော်လည်း ဂျီမင်းတယောက် ဒီနေရာလေးကို လက်မလွှတ်ချင်ခဲ့။ ငယ်တုန်းက အမှတ်တရတွေ အများကြီးရှိခဲ့တာမို့ သံယောဇဉ်ကတော့ ရှိဦးမှာ။ဒီလို ချို့ယွင်းပျက်စီးနေခဲ့တာကိုလည်း ဂျီမင်းကိုယ်တိုင် လက်မခံခဲ့ပါ။
"မြန်မြန်လျှောက်ကြရအောင်"
ညနေစောင်းနေပြီမို့ ညီမဖြစ်သူရဲ့လက်ကို ဆွဲကာ အိမ်လေးဆီကို ခရီးဆက်ခဲ့ကြသည်။ကံကောင်းစွာနဲ့ပဲ သူတို့ရဲ့ အိမ်ငယ်လေးကတော့ သိပ်ပြီး ထိခိုက်ထားတဲ့ပုံမပေါ်။ ဘယ်တုန်းက ပေါ်လာမှန်းမသိတဲ့ ဂျီမင်းရင်ဘက်ထဲက အလုံးကြီးက အကောင်းတိုင်းရှိနေတဲ့ အိမ်လေးကိုမြင်တော့ လုံးလုံးပျောက်သွားခဲ့ပြီ။
တော်တော်ကြာမှ အိမ်ကိုပြန်ရောက်လာတာမို့ ဂျီမင်း ပြုံးမိသည်။ ညီမ ဖြစ်သူကတော့ အထဲအရင်ဝင်နှင့်ကာ သူ့အထုပ်သူသယ်သွားသည်။
အိမ်လေးက တချို့ တနေရာတွေမှာ ပွန်းပဲ့တာကလွဲရင် တခြားအဆောက်ဉီတွေလို ဆိုးဆိုးရွားရွားဖြစ်တာ မရှိခဲ့။ ဒါကို ဂျီမင်းက တော်တော်လေးပီတိဖြစ်နေပုံရသည်။