Unicode
ဧပြီလအစောပိုင်း ၊ 2020
မြောင်ဒေါင်မြို့ တနေရာခေါင်းမှအစ ခြေအဆုံးထိ အနက်ရောင်တွေချည်းသာဝတ်ထားတဲ့ လူတယောက်သည် စိတ်မရှည်သည့်ပုံစံဖြင့် ဖိနပ်နဲ့ မြေပြင်ကို အဆက်မပြတ် ပုတ်ခတ်နေသည်။
ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါ ဖန်သားပြင်ပေါ်, ပေါ်လာသည့် စာသားတကြောင်းကြောင့် ထိုလူ့ရဲ့ မျက်နှာပြင်ဟာ မဲကနဲ။
ထပ်မစောင့်နိုင်တော့တာကြောင့် စာပို့လာသူကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဘယ် အချိန်ရှိနေပြီလဲ သိလား"
လေသံမာမာကြောင့် တဖက်ကသူ လန့်သွားမယ်ဆိုတာ အကုန်သိကြပေမယ့် ဖုန်းရဲ့အသံက တိုးလွန်းတာကြောင့် ဘယ်လိုတုံ့ပြန်လာခဲ့လည်း ဘယ်သူမှသေချာမသိ။
"ငါ အားယားနေတာမဟုတ်ဘူး"
"....."
"မနက်ဖြန် ရောက်အောင် လာရင်လာ မလာရင် မင်းရဲ့ခေါင်းနဲ့ ခန္ဓာကိုယ် တခြားစီပဲ"
_____________
မေလ၊ ၁၉၄၁
မနက်စောစောကတည်းက ကယ်ဆယ်ရေးစခန်းရှိမှာ လူတွေစုစု စုစုနဲ့ ရှုပ်နေကြသည်။ ဂျောင်ကု တစ်ယောက်လူတွေရဲ့ ဆူဆူညံညံအသံကြောင့် အိပ်နေရာကနေ အပြင်ဘက်သို့ ရောက်လာသည်။
ဘာတွေဖြစ်နေကြတာပါလိမ့်။
ပထမဦးဆုံး မြင်လိုက်သည့် မြင်ကွင်းကတော့ ကလေးငယ်တချို့။လူတွေနဲ့ ရှုပ်ရှက်ခတ်နေတာတောင် ဖုန်မှုန့်တွေ ကြား လူးလိမ့်ကာ ပြေးလွှားဆော့ကစားနေကြသည်။
လူကြီး အများစု မှာတော့ အိတ်တွေကိုယ်စီဖြင့်။
ဘာတွေဖြစ်နေမှန်းမသိတာကြောင့်လူအုပ်ကြီးထဲမှာ ဂျောင်ကုတယောက်တည်း ယောင်လည်လည်။