Unicode
၁၉၄၁ ခုနှစ်ပြတင်းပေါက်မှန်ပေါ်ကို မသိမသာရိုက်ခက်လာတဲ့ မိုးစက်ငယ်တွေကြောင့် သက်ပျင်း ခပ်ဖွဖွချမိသည်။ အဝေးက လွင့်လာတဲ့ မီးခိုးတွေကြောင့်လား မိုးသားတွေကြောင့်လား မသိ စိတ်ထဲတွင် အနည်းငယ်အုံ့မှိုင်း နေမိသည်။
ဒါမှမဟုတ် နှစ်ခုလုံးကြောင့်များလား?
မိုးစက်တွေ တဖြည်းဖြည်းကြီးလာတဲ့ အခါ သစ်ပင်အချို့ကပါ ယိမ်းနွဲ့လာသယောင်။
မီးဖိုကို ပိတ်ပြီးနံရံပေါ်က နာရီကို တစ်ချက်လှည့်ကြည့်လိုက်သည်။ နံရံကပ်နာရီ အဝိုင်းလေးကတော့ နေ့လည်စာစားချိန်ကို ပြနေခဲ့ပေမယ့် မိနစ်ပိုင်းခြားလာတာနဲ့ အမျှ မိုးသားတွေက ပိုပိုပြီး မှောင်သထက် မှောင်လာသည်။
ဟင်းအိုးငယ်လေးကို မီးဖိုပေါ်က ယူကာ ညီမဖြစ်သူထိုင်နေတဲ့ဘက်ကို ဦးတည်သွားသည်။
"စားလို့ရပြီ ~"
ဘာကြောင့်မှန်းတော့မသိပေမယ့် အသံကထင်ထားတာထပ်တိုးတိုးလေးထွက်သွားသည်။ ဘေးနားက ဇွန်းကို ယူလိုက်ပြီး ပူနေဆဲဖြစ်တဲ့ ဟင်းရေ တို့ကို မွှေလိုက်ပြီး ပန်းကန်လုံးလေးထဲ ထည့်လိုက်သည်။
ပုံမှန်ဆို စကားတွေအဆက်မပြတ်ပြောတတ်တဲ့ ကလေးမက ဒီနေ့တော့ တိတ်ဆိတ်လွန်းနေသည်။ ကင်းလှည့်ပြီး ပြန်လာကတည်းက သူ စကားတစ်ခွန်းမဟ။
"အဟမ်း အဟမ်း"
မသိမသာ ချောင်းဟန့်လိုက်တော့ စားနေရာကနေ မော့ကြည့်လာသည်။ တခုခုပြောမယ် အထင်နဲ့ စောင့်နေပေမယ့် မကြားချင်ယောင်ဆောင်ပြီး ထမင်းသာ ဆက်စားနေသည်။
"...ဂျီယွန်း"
"ဟမ်?"
"တစ်ခုခု ဖြစ်ထားလို့လား? "
"..ဒီလိုပါပဲ.."
အဖြေကြောင့် စိတ်ထဲနဲနဲခုသွားသည်။ ဒီလို ပြောနေပုံအရဆိုရင်တော့ သေချာပေါက် တစ်ခုခုဖြစ်ထားလို့ပဲ။