Unicode
မေလ ၊ 2020"အကို!"
ခပ်စူးစူးအသံကြောင့် ဓါတ်ခွဲခန်း(Lab) ထဲတွင် အလုပ်လုပ်နေသည့် နမ်ဂျွန်းတယောက် လန့်သွားသည်။ အနောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့။ အနှောင့်ယှက်လေး ထွက်သွားပြီ အထင်နဲ့ စာရိုက် ဖို့ပြန်ပြင်လိုက်သည်။ ဒီနေ့ နေမဝင်ခင်အပြီးသတ်မယ်လို့ ကျုံးဝါးထားတာမို့ တစ်မနက်လုံး ကွန်ပြူတာ အရှေ့ကနေ မထရသေး။
စာရိုက်မယ်လုပ်ခါမှ အနောက်ကနေခေါင်းလေးပြူလာတဲ့ ဂျောင်ကုကြောင့် သက်ပြင်းခပ်ဖွဖွ ချမိသည်။
"ဘာလုပ်နေတာလဲ?"
မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်လေးကို သူဘယ်လိုမှ စိတ်မဆိုးနိုင်။ တခါခါအရမ်းဆိုးပြီး စပ်စုလွန်းလို့ စိတ်တိုမိပေမယ့် နမ်ဂျွန်းတယောက် မဆူရက်။
စာလုံးစုသေးသေးတွေ စီရီထားတဲ့ဖန်သားပြင် ပေါ်ကို လက်ညိုးထိုးပြလိုက်သည်။ စာတန်းတွေကို မဖတ်ခင် ခေါင်းစဥ်လို့ထင်ရတဲ့ စာလုံးကြီးကြီးတွေဆီကို ကောင်ငယ်လေးရဲ့ မျက်လုံးတွေက အရင်ရောက်သွားသည်။
Travalling Back In Time
"တယောက်တည်း အပင်ပန်းခံနေတာပဲ။ ကျွန်တော် ကူညီမှာပေါ့ ဟျောင်းကလည်း"
နမ်ဂျွန်းတယောက် မျက်ခုံးပင့်ပြလိုက်သည်။ အရင်တခေါက်တုန်းက ပြောတော့ ကျွန်တော် စိတ်မဝင်စားဘူးတဲ့။
"မင်းပဲ ပြောတော့ စိတ်မဝင်စားဘူးဆို?"
"အာ~ အဲ့တာက အရင်တုန်းကလေ အခုစိတ်ဝင်စားလို့ပေါ့"
"အေးကွာ ကူကူ"
အရင်နေ့တွေတုန်းကလို မနှောင့်ယှက်ရင် ရပြီဆိုတဲ့ အတွေးနဲ့ နမ်ဂျွန်း ကူညီခွင့်ပေးလိုက်သည်။ နောက်ပြီး မြန်မြန်လည်း ပြီးချင်တာမို့။~
"ဝါး~ ပြီးပြီ"
အကြောဆန့်ရင်းနဲ့ ပျင်းရိရိ အသံနဲ့ပြောလိုက်သည်။ နံရံက နာရီကိုကြည့်လိုက်တော့ ၅နာရီ တိတိ။ ဘေးပတ်လည်ကို ဟိုကြည့် ဒီကြည့်လုပ်လိုက်သည်။ စားစရာ တခုခုများရှိသေးလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့။ ကံဆိုးချင်တော့ သကြားလုံးလေးတောင် မရှိပါလား။