part 3

550 67 13
                                    

ထယ်ယောင်းအတန်းချိန်ပြီးသွားတော့
အိမ်သာဘက်ကိုထွက်လာလိုက်သည်။

Toilet roomထဲဝင်လာတော့
မျက်နှာသစ်နေတဲ့ဂျောင်ကုနဲ့တိုးတယ် ။

"နေမကောင်းလို့လား ...? ဂျောင်ကု ??"

"ခင်ဗျားပဲ .... ကောင်းပါတယ် "

"ဆေးပေးခန်းထဲ နားမလား ? ကိုယ်လိုက်ပို့ပေးမယ်"

မျက်နှာသစ်ထားလို့ ရေစက်တွေတွဲခိုနေတဲ့
မျက်နှာက တကယ့်ကို ကြည့်ကောင်းနေတယ်။

"မလိုပါဘူး ..."

ပြောပြီးထွက်သွားတဲ့ ဂျောင်ကုလက်မောင်းကို
ထယ်ယောင်းက ရုတ်တရက်ဆွဲလိုက်တယ်။

ကြမ်းပြင်ကရေတွေနဲ့ချောနေတာမလို့
ဂျောင်ကုလန့်ပြီး ရုန်းလိုက်တဲ့အခါ
ထယ်ယောင်းပက်လက်လန်ကာ နောက်ပြန်ကျသွားတော့တယ်။

"အမေ့ !!

ထယ်ယောင်းဂျောင်ကုကို ပြောစရာရှိသေးလို့
လှမ်းဆွဲလိုက်ပေမဲ့ ရေတွေကြောင့် ချောနေတဲ့
ကြမ်းပြင်ပေါ်လန်ကျသွားတော့တယ်။

အေးစက်စက် ကြမ်းပြင်ပေါ်ကိုမကျခင်
ခါးကနေပွေ့လိုက်တဲ့ ဂျောင်ကုရဲ့ ရင်ခွင်ကျယ်ထဲကို
ထယ်ယောင်းမျက်နှာအပ်သွားသည်။

"အဆင်ပြေရဲ့လား ခင်ဗျား !?"

မျက်စိအသားကုန်ဇွတ်မှိတ်ထားတဲ့
ထယ်ယောင်းက ဂျောင်ကုကို အူလည်လည်လေးကြည့်တယ်။

"အဆင်ပြေပါတယ် ....

ထယ်ယောင်းအတော်လေး
စိတ်သက်သာရာရမိသွားတယ်။

တကယ်သာ ပက်လက်လှန်လဲကျသွားရင်
အနည်းနဲ့အများ ထိခိုက်မိပြီး အရှက်ကွဲမှာပဲ။

ဖက်ထားတာကို ပြန်လွှတ်ပေးပြီး
လူချင်းခွာလိုက်သည်။

"ကျေးဇူး ....

"ခင်ဗျားလည်း မထင်ရဘူးပဲ
ဒရမ်မာတွေ လုပ်ဇာတ်တွေ တတ်တာပဲ "

အေးစက်စက်အသံနဲ့ ခနဲ့သလို
ပြောတဲ့အခါ

ထယ်ယောင်း5 စက္ကန့်လောက်အချိန်ယူစဉ်းစားပြီးနောက်
ရှေ့က မဲ့ပြုံးပြုံးထားတဲ့ ဂျောင်ကုကို
မသေမချင်းဆွဲထိုးပြစ်ချင်လာတယ်။

professor Kim VWhere stories live. Discover now