အလိမ်အညာတွေဆိုတာ
ငါတို့နှစ်ယောက်လုံးသိနေတာပဲ။ကျေးဇူးတင်ပါတယ်တွေ၊ တောင်းပန်ပါတယ်တွေမလိုအပ်တော့ဘူးပေါ့။
ဒီကျိုးပဲ့သွားတဲ့နှလုံးသားကတော့ ပြန်ပြင်ဖို့အချိန်ယူရမယ်ထင်တယ်။
ဒါမှမဟုတ် ဘယ်တော့မှပြန်မကောင်းတော့တာလည်းဖြစ်နိုင်တာပဲ။
__________________________________
"ထယ်ယောင်းရှီ ခင်ဗျားကရယ်လိုက်ရင်
အရမ်းချောတာပဲ ....ကျွန်တော့်ရည်းစားလုပ်ပါလား ?"မျက်လုံးချင်းဆုံစေပြီး အသံဆွဲကာပြောလာတဲ့ဂျုံးကုရဲ့
နှုတ်ခမ်းတွေဟာ မထိတထိပြုံးထားတယ်။ထယ်ယောင်း 10စက္ကန့်လောက်တော့
ပြန်ဖြေစရာမရှိဖြစ်သွားတယ်ပြောရမယ်။နောက်တော့ ဂျုံးကုအုပ်မိုးထားတဲ့လက်ဖဝါးအောက်က
သူ့လက်တွေကို ရုန်းထွက်လိုက်ပြီး
စကားအနည်းငယ်စွန့်ကြဲလိုက်သည်။"ဂျုံးကု ....မင်း dramaတွေအကြည့်များသွားပြီ၊
စနောက်တယ်ဆိုတာလည်း
အတိုင်းအတာနဲ့ပဲကောင်းတယ် ....ဟုတ်ပြီလား ?
အဲ့တော့ အိမ်စာပေးတာတွေပြီးအောင်လုပ်ထားပေးပါ
အခုတော့ မင်းစာသင်ချင်စိတ်မရှိတော့ဘူးဆိုရင်
မနက်ဖြန်မှ အချိန်ပိုယူပေးမယ် "ပြောပြီးထပြန်ဖို့လုပ်တဲ့ ထယ်ယောင်းကို
ခါးကနေပွေ့လိုက်ပြီး ပေါင်ပေါ်ဆွဲချလိုက်သည်။ရုတ်တရက်ဆန်လွန်းတဲ့ အပြုအမူကြောင့်
ထယ်ယောင်း မျက်လုံးတွေပါပြာသွားပြီး
တားချိန်လည်းမရလိုက်ပေ။"ကျွန်တော်တကယ်ပြောနေတာ ....
ခင်ဗျားကိုသဘောကျတယ် "ရင်ခွင်ထဲလုံးလုံးလျားလျားနှစ်မြုပ်နေပြီး
ပေါင်ပေါ်ရောက်နေတဲ့ ထယ်ယောင်းကို
နား နားအသာကပ်ပြီး တစ်ကိုယ်ကြားလေသံနဲ့ပြောတယ်။
YOU ARE READING
professor Kim V
Romancelove between professor Kim and his bad boy student Jeon _ KookV #first fan fiction (6/20/20)