နှစ်ယောက်သဘောတူစတင်ခဲ့တဲ့
ကစားပွဲကအချိန်ကြာလာတဲ့အခါ
ငြီးငွေ့စရာကောင်းလာတယ်။အဲ့အချိန်ကျ ဒီသုံးစားမရတဲ့အချစ်တွေကိုသာ
လောင်းကြေးထပ်လိုက် !...........................................................
ဂျုံးကုဘာမှမပြောနိုင်တော့တာကိုကြည့်ပြီး
ထယ်ယောင်းကြိတ်ကျေနပ်မိနေတယ်။ဒီကလေး သူ့ကိုအရိုးစွဲအောင်များမုန်းနေလားမသိ။
နည်းအမျိုးမျိုးနဲ့ကိုစိတ်ဒုက္ခပေးနေတာ။
သူကလည်းတော်လို့ ဆရာဖြစ်နေတာပေါ့
ဒီလိုကျောင်းသားမျိုးတွေအများကြီးတွေ့ဖူးတာမလို့
ကိုင်တွယ်ရမခက်ပေမဲ့ ဂျုံးကုနဲ့ သူတကယ်အချေအတင်မဖြစ်ချင်ပေ။ဂျွန်ဂျုံးကုကို အမှတ်ကောင်းကောင်းရစေချင်တယ်။
ပြီးတော့ ကိုယ်ပျော်ရာဘဝကိုပဲ
ပြည့်ပြည့်စုံစုံဖြတ်သန်းစေချင်တယ်။ဒါဂျုံးကုအပေါ်ထားတဲ့ထယ်ယောင်းရဲ့စတနာပဲ။
....................................................."ဂျုံးကု ? စကားပြန်ပြောအုံးလေ ...
ဟူး ....မင်းကိုအခွင့်အရေးပေးမယ်ဆိုတော့စကားပြန်မပြောတော့ဘူးလား ? အဲ့တာကြောင့်ပြောတာပေါ့
မင်း ဒရမ်မာကားတွေအကြည့်များနေပြီး ကြောင်တောင်တောင်ဖြစ်နေတာမလား ? စနောက်တာတွေရပ်ပြီး ကိုယ့်ကိုဖက်ထားတာလွှတ်ပေး ..."ခင်ဗျား မရွံဘူးလား ?"
သူ့စကားကို ဖြတ်ပြောလာတဲ့ဂျုံးကုက
မယုံနိုင်သယောင်မျက်ဝန်းတွေနဲ့ ...."ဘာကို ....အာ ...ယောက်ျားလေးအချင်းချင်း
ရည်းစားစကားအပြောခံရတာကိုလား ? အင်း ..... အခြားလူသာဆိုရင်
ကိုယ်လည်း အဲ့လူကို မျက်နှာတွေဘာတွေပိတ်ပြီးထိုးမိမယ်ထင်တယ်
ဒါပေမဲ့ ...ဂျုံးကုကမတူဘူးလေ ""ဘယ် ...ဘယ်လို ...ဘယ်လိုမတူ ...
ထယ်ယောင်းရဲ့စကားကြောင့်
နှလုံးခုန်သံတွေ ယခင်ကထက်ပိုမြန်လာပြီး
စကားတွေပါထစ်ကုန်တော့သည်။
YOU ARE READING
professor Kim V
Romancelove between professor Kim and his bad boy student Jeon _ KookV #first fan fiction (6/20/20)