part 11

176 22 3
                                    

ဂျုံးကုကီးစကားအဆုံး
မုန့်ဝယ်ဖို့
သူတို့နှစ်ယောက်အတူတူfood court သို့
လမ်းလျှောက်လာခဲ့ကြတော့သည်။

ကျောင်းခေါင်းလောင်းတီးဖို့က
အချိန်လိုသေးတာကြောင့်
food court ကမုန့်ဆိုင်အများစုမှာ
ကျောင်းသားတွေနဲ့ မုန့်ဈေးသည်တွေ
ပြည့်နေကြသည်။

များပြားလွန်းတဲ့လူအုပ်ကိုကြည့်ပြီး
ဂျုံးကုစိတ်တွေရှုပ်လာသလိုခံစားရတာမလို့
ဘာမှဝယ်စားဖို့စိတ်ကူးမရှိတော့ချေ။
အဲ့တာကြောင့် အတန်းထဲကိုပဲပြန်မလို့ပြင်လိုက်တော့သည်။

"ဘာစားမလည်း ဂျုံးကု ?"

သူ့ရဲ့ကျောပြင်ကို
ခပ်ဖွဖွတို့ကာ မူပိုင်အသံခပ်ဩဩနဲ့မေးတဲ့
အမေးစကားကြောင့် ...
အတန်းထဲကိုမပြန်ဖြစ်တော့ဘဲ ...

"ဘာဂါ "

"အင်း ...သွားကြမယ်လေ"

"နေပါအုံး .....ကျွန်တော် မစားတော့ရင်ကောင်းမလား ?"

"ဟင် ...ဘာလို့လည်း ? ဗိုက်ဆာနေတာမဟုတ်ဘူးလား ?"

"ကျွန်တော် ....မစားချင်တော့ဘူး ။ လူရှုပ်လို့ "

"လာပါကွာ ....ကိုယ်ဝယ်ကျွေးပါ့မယ် ~
မနက်စာမစားခဲ့ရဘူးမလား ..."

"အင်း ..."

"လိမ္မာလိုက်တာ ~~"

"ဘာကြီး !?......"

"ဘာမှမဟုတ်ပါဘူး ....သွားမယ်လေ"

ဘာဂါဆိုင်ထဲ သူ့ရဲ့ရှေ့ကနေ
အရင်လျှောက်သွားတဲ့ကင်မ်ထယ်ယောင်းက ရှပ်အင်္ကျီအဖြူလေးကို style pant အနက်ထဲထည့်ဝတ်ထားပြီး
ကုတ်အင်္ကျီရှည်အညိုကိုထပ်ဝတ်ထားသည်။
ဈေးကြီးမယ်ထင်ရလောက်တဲ့ brandedနာရီလေးတစ်လုံးသာဝတ်ဆင်ထားပြီး
ရိုးရှင်းကာ အထက်တန်းဆန်ဆန်ပုံစံမျိုး။
သွယ်လျတဲ့လက်တွေကို ကုတ်အင်္ကျီအညိုရဲ့အိတ်ကပ်ထဲထည့်ထားကာ
ခြေတံရှည်တို့ကို တစ်လှမ်းချင်းလှမ်းသွားတဲ့
ကင်မ်ထယ်ယောင်းက သူ့ဆရာတဲ့လေ။
သူအနိုင်ယူချင်တဲ့ဆရာပေါ့။

ဒါပေမဲ့  လူတွေအများကြီးကူးလူးသွားလာပြုနေတာတောင်
ဘာလို့များ ရိုးရိုးလေးပဲ လမ်းလျှောက်နေတဲ့ ကင်မ်ထယ်ယောင်းတစ်ယောက်ကိုပဲ
သူ့မျက်စိထဲမြင်ရတာလည်း ?

professor Kim VWhere stories live. Discover now