(17) Zaw Gyi

217 11 0
                                    

လီချိန်ရှို့တစ်ညလုံးထအန်နေ၍ ညလယ်ကြီးရှောက်ချွင်ဆရာဝန်ခေါ်လိုက်သည်။“ ကျွန်တော်အစာကြေဆေးပေးခဲ့မယ် မနက်ဖြန်မသက်သာရင် ဆေးရုံသွားလိုက်ပါ"ဆရာဝန်ပြန်သွားတော့မှ ရှောက်ချွင် လီချိန်ရှို့အားဆရာဝန်ပေးခဲ့သည့်ဆေးများတိုက်လိုက်ကာ“ မနက်ဖြန် ဆိုင်မသွားနဲ့တော့ ကိုယ်လည်းcompany မသွားဘူး "လီချိန်ရှို့ဆေးသောက်ပြီးသွားတော့ရှောက်ချွင်အားရေခွက်လှမ်းပေးကာ ခေါင်းသာငြိမ့်ပြလိုက်သည်။သူပြန်‌ ဖြေရန်အမှန်ပင်အားမရှိတော့ပါ။မနက်လင်းတော့ ရှောက်ချွင်အရင်ထလိုက်ပြီးဆန်ပြုတ်တည်လိုက်ပြီး ကျိမ့်ကျိမ့်ကိုလည်းသူပဲရေချိုးမနက်စာကျွေးလိုက်သည်။ဆယ်နာရီခွဲတော့ လီချိန်ရှို့မနိုးသေးသဖြင့် ရှောက်ချွင်ကုတင်ထက်အသာတက်လိုက်ကာ“ ချိန်ရှို့ ချိန်ရှို့ ထတော့ "လီချိန်ရှို့ အိပ်ချင်မူးတူးဖြင့်နိုးလာပြီး “ ဘယ်နနှာရီရှိပြီလဲ "“ ဆယ်ခွဲပြီ ထ ထပြီး ဆန်ပြုတ်သောက်ပြီး ကိုယ်တို့ဆေးရုံသွားရအောင် "လီချိန်ရှို့အားဆန်ပြုတ်တိုက်ပြီးနောက် ရှောက်ချွင်တို့ဆေးရုံမရောက်ခင် အစ်မ၂ ဆီဝင်ကာ ကျိမ့်ကျိမ့်အားထားခဲ့သည်။ဆေးရုံရောက်တော့ လီချိန်ရှို့အားစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဆရာဝန်က ultrasoundရိုက်သည်။လီချိန်ရှို့ပြနေကျဆရာဝန်ပဲဖြစ်ရာ လီချိန်ရှို့မနေနိုင်စွာမေးလိုက်သည်။“ဆရာ ကျွန်တော့ခန္ဓာကိုယ်တစ်ခုခုများဖြစ်လို့လား"ဆရာဝန်ကပြုံးလိုက်ရင်း“ လီ ခဏလေးစောင့်ပါ"နာရီဝက်ကြာတော့မှဆရာဝန်က  လီချိန်ရှို့တို့နှစ်ယောက်အားအခန်းထဲသို့ခေါ်လိုက်သည်။ရှောက်ချွင်ကလီချိန်ရှို့၏ပုခုံးအားအသာလေးဖက်ကာလိုက်လာသည်။“ လီ Mr.ရှောက် ဂုဏ်ယူပါတယ် လီရဲ့သားအိမ်မှာအခုပဋိသန္ဓေအောင်မြင်စွာတည်သွားပါပြီကိုယ်ဝန်နှစ်ပတ်ရှိပါပြီ "ရှောက်ချွင်ကထိတ်လန့်စွာ “ ဆရာ အခုဘာပြောလိုက်တာလဲ ဘာကိုအောင်မြင်တာလဲ"လီချိန်ရှို့မှာအံ့အားသင့်စွာဖြင့်အတော်ဖြင့်စကားပြောမထွက်နိုင်သေး။သူအံ့ဩလွန်း၍သူ့ပါးစပ်သူလက်နှင့်ပိတ်လိုက်ကာ“ ဆရာ တကယ်တကယ် လား ဒါဆို ကျွန်တော်အခု ကိုယ်ဝန်ရှိနေပြီပေါ့ " “ရှောက်ချွင် ရှောက်ချွင် မင်းကြားလိုက်လား"ရှောက်ချွင်ခဏအံ့ဩသွားပြီးလီချိန်ရှို့သူမသိအောင် စီစဉ်ခဲ့ကြောင်းအခု‌ လေးတင်သူသိသွားပြီဖြစ်သည်။လီချိန်ရှို့ ၏ပီတိဖြာပြုံးပျော်နေသောရုပ်လေးကိုကြည့်ပြီး သူအပြစ်မဆိုရက်ပေ။ပြီးတော့သူချစ်ရပါ‌ သောလီချိန်ရှို့ကိုယ်တိုင်က သူ့သွေးသားကိုသယ်ဆောင်ထားပေးသည်ဟူသည့်အသိလေးနှင့်တင် သူ့ကိုကမ္ဘာကြီးတစ်ခုလုံးအပိုင်စားရသည့်နှယ်ခံစားစေသည်။သူလီချိန်ရှို့အားဖက်လိုက်ကာ“ အင်း ကိုယ်ကြားတယ် ချိန်ရှို့ ကိုယ့်ကိုတကယ် surprise အကြီးကြီးတိုက်လိုက်တာပဲ"“ ကိုယ်ဝန်လမရင့်ခင်အထိတော့ ဆရာတို့ဆီမှာပဲ private ပြလို့ရပါတယ် လရင့်လာရင်တော့ New York ကဆေးရုံကိုပြောင်းရပါမယ် " ဟုဆရာဝန်ကပြောသည်။“ ဆရာ သူခဏခဏပျို့အန်နေတာတွေကရော"“ အဲ့ဒါစိုးရိမ်စရာမရှိပါဘူး ကိုယ်ဝန်‌ ဆောင်တွေရဲ့လက္ခဏာပါပဲ "ရှောက်ချွင်တို့ဆရာဝန်နှင့်ဆွေးနွေးပြီး နောက်တစ်ပတ်အထိ ရှောက်ချွင်company မသွားပဲ လီချိန်ရှို့အနားတွင် တောက်တဲ့ တစ်ကောင်လိုကပ်နေတော့သည်။အခုလည်း ဆိုင်အထိလိုက်ပြီး လီချိန်ရှို့၏စာရင်းများကိုကူလုပ်ပေးနေသည်။ရှောင်ဟွေးနှင့်လော့ရိတို့နေ့လည်စာလာစားသဖြင့် လီချိန်ရှို့ ရှောက်ချွင်ကိုပါခေါ်ကာ VIP roomသို့သွားလိုက်သည်။vip room သို့မရောက်မီ “ ချွင်Ge ချွင် Ge "ရှောက်ချွင်ရောလီချိန်ရှို့ရောအသံလာရာကိုလှည့်ကြည့်လိုက်သည်။လီချိန်ရှို့“ မင်း မင်း "Mika ကလီချိန်ရှို့အားမသိချင်ယောင်ဆောင်လိုက်ကာ“ ချွင် Ge ထမင်းလာစားတာလား"ရှောက်ချွင်ကလီချိန်ရှို့ပုခုံးအားဖက်လိုက်ကာ “ Mika ဒါမင်းရဲ့ မရီးပဲ ပြီးတော့ဒါကသူ့ဆိုင်"Mika ကအရမ်းတက်ကြွနေဟန်ဖြင့် “ Hello မရီး ၊ ကျွန်တော်ကMika ပါ "ရှောက်ချွင်က “ ချိန်ရှို့ ဒါကိုယ့်မေမေရဲ့သူငယ်ချင်းရဲ့သား Mika တဲ့ "လီချိန်ရှို့ အသာခေါင်းငြိမ့်ပြကာပြန်နူတ်ဆက်လိုက်သည်။လီချိန်ရှို့စိတ်ထဲအနည်းငယ်ခင့်နေမိသည်။အနှီMika ဆိုသောကောင်လေးကသူTaxiငှားပေးဖူးပြီးသူ့ဆိုင်တွင်လည်းထမင်းလာစားဖူးတာအမှန်ပင်ကို သူ့ကိုတမင်မသိချင်ယောင်ဆောင်နေသည်။အထူးသဖြင့်သူရှောက်ချွင်ကိုကြည့်သောအကြည့်များကတစ်ခုခုလွဲမှားနေဟန်။“  Mika ငါအခုဧည့်သည်ရှိလို့ မင်းကိုနောက်မှခေါ်လိုက်မယ်နော်"   

Niang Niang Qiang (娘娘腔) Fan FictionWhere stories live. Discover now