(23)

417 45 0
                                    

ဆေးရုံတွင်ကုသမှုလဝက်ခန့်ကြာပြီးနောက် ရှောက်ချွင်ဆေးရုံဆင်းခွင့်ရခဲ့သည်။
ရှောက်ချွင်၏ company အလုပ်များကို
ရှောက်ဝိမ်နှင့် လက်ထောက်ရှောင်ကျိုးတို့က
ယာယီဝာာဝန်ယူပေးထားရသည်။လဝက်အတွင်း
လီချိန်ရှို့မှာ ဆိုင်ခဏပြေးလိုက် ဆေးရုံပြေးလိုက်နှင့် အလုပ်ရှုပ်နေခဲ့သည်။အိမ်ရောက်တော့ရှောက်ချွင်အား သူတို့နှစ်ယောက်၏အိပ်ခန်းတွင်အိပ်စေပြီး လီချိန်ရှို့က ကျိမ့်ကျိမ့်အခန်းတွင်သွားအိပ်သည်။
လီချိန်ရှို့ဆိုင်သွားတော့ ရှောက်ချွင်
ကျိမ့်ကျိမ့်နှင့်နှစ်ယောက်ထဲကျန်ခဲ့သည်။ရှောက်ချွင်ဒဏ်ရာများသက်သာလာပြီဖြစ်သော်လည်း
တစ်ချက်တစ်ချက်ခေါင်းကကိုက်လာတတ်သည်။အခုလည်း ကျိမ့်ကျိမ့်က တူတူပုန်းတမ်းကစားပေးရန်တောင်းဆိုနေသဖြင့်သူလိုက်လျောပေးလိုက်ကာ လိုက်ရှာပေးလိုက်သည်။
" ကျိမ့်ကျိမ့် ရေ ကျိမ့်ကျိမ့် " မီးဖိုခန်း၊အိပ်ခန်းတွင်လည်းမတွေ့သဖြင့် ရှာရန်ကျန်နေသောနောက်ဆုံးအခန်းထဲသို့ ရှောက်ချွင်ဝင်လိုက်ရာသူ၏စာကြည့်ခန်းဖြစ်ပုံရသည်။ရင်းနှီးသယောင်ယောင်ရှိနေသော စာကြည့်စားပွဲသို့ သူဝင်ထိုင်လိုက်သည်။စားပွဲပေါ်တွင် သူနှင့်လီချိန်ရှို့၏နှစ်ယောက်ပုံနှင့် ကလေးတစ်ယောက်ပါသောဓါတ်ပုံဘောင် လေးကိုသူကောက်ယူကြည့်လိုက်သည်။ပုံထဲရှိသူမှာအလွန်ပျော်ရွှင်နေပုံရပြီး
လီချိန်ရှို့အား ချစ်မြတ်နိုးမှုအတိဖြင့်ကြည့်နေသည်ကိုတွေ့ရပြီးသူ့မျက်ဝန်းထဲတွင်လည်း လီချိန်ရှို့ကသူ့အားကိတ်မုန့်ခွံ့ကျွေးနေသည့်ပုံရိပ်တို့အပြင် သူနှင့်လီချိန်ရှို့ဤစာကြည့်စားပွဲပေါ်တွင်ချစ်ကျွမ်းဝင်ခဲ့သည့်ပုံရိပ်တို့ကအစီစီအရီရီပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှောက်ချွင်၏ခေါင်းမှာလည်းတရစပ်ထိုးကိုက်လာသည်။ရှောက်ချွင်၏ညည်းသံကြောင့်စာအုပ်စင်နောက်တွင်ပုန်းနေသောကျိမ့်ကျိမ့်ကလက်လေးသေးသေးလေးနှစ်ဖက်ဖြင့်ရှောက်ချွင်၏ခြေသလုံးများကိုလှုပ်လာကာငိုမဲ့မဲ့ဖြင့် " ပါ့ပါ ပါ့ပါ ဘာဖြစ်တာလဲဟင် ဘယ်နားနာလို့လဲဟင် "
" ပါ့ပါ ဘာမှမဖြစ်ဘူးနော် သားလေး ဒီတိုင်းခေါင်းလေးနည်းနည်းနာလာလို့"
" ကျိမ့်ကျိမ့်တို့မဆော့တော့ဘူး ပါ့ပါ အနားယူရမယ်လို့ ပါပါး ကမှာသွားတယ် "
နေ့လည်စာအမီ လီချိန်ရှို့ဆိုင်မှအမြန်ပြန်လာလိုက်သည်။ဝင်ဝင်ချင်းပင်ဧည့်ခန်းရှိဆိုဖာပေါ်တွင်အိပ်မောကျနေသော သားအဖကြောင့်လီချိန်ရှို့လန့်သွားရသည်။ရှောက်ချွင်ပေါ်တက်အိပ်နေသောသားကြောင့်
" ကျိမ့်ကျိမ့် ကျိမ့်လေး အမြန်ထ "
လီချိန်ရှို့အသံကြောင့်နှစ်ယောက်လုံးအိပ်ချင်မူးတူးဖြင့်နိုးလာကြသည်။
" ကျိမ့်လေး ပါ့ပါ လက်ကမသက်သာသေးဘူးလို့ ပါပါးပြောထားတယ်လေ "
" ဘာမှမဖြစ်ဘူး သားကိုကိုယ်အိပ်ခိုင်းတာ "
" ရှောက်ချွင် ပတ်တီးမဖြည်ခင်အထိ ဂရုစိုက်ရမယ်လို့ဆရာဝန်မှာထားတယ်လေ "
" ကိုယ်တကယ်အဆင်ပြေတယ် ပြီးတော့သားကပေါ့ပေါ့လေးရယ် "
" ပါပါး ကျိမ့်ကျိမ့်ဗိုက်ဆာပြီ "
" ပါးတို့အခုပဲစားကြမယ်နော် " လီချိန်ရှို့ကကျိမ့်ကျိမ့်အားပွေ့ကာ မီးဖိုချောင်ထဲဝင်သွားသည်။ရှောက်ချွင်ပါအူကြောင်ကြောင်ဖြင့်လိုက်ဝင်သွားသည်။
" ဒီဟင်းရည်သောက်ကြည့် ဒါမင်းအကြိုက်ဆုံးဟင်းရည်ပဲ "
ရှောက်ချွင်သောက်ကြည့်လိုက်တော့အမှန်တကယ်ကိုသောက်လို့ကောင်းလှသည်။ဒီအရသာနှင့်သူစိမ်းသက်မနေပါ။
ခေါင်းမဖော်တမ်းစားနေသောရှောက်ချွင်အားကြည့်ရင်း လီချိန်ရှို့စိတ်သက်သာရာရသွားသည်။ သူ့အား မမှတ်မိသေးသော်လည်း သူချက်သောအရသာကိုမှတ်မိနေ‌ သေးသည်။
လီချိန်ရှို့နေ့လည်စာစားပြီးနောက် ကျိမ့်ကျိမ့်နှင့် ရှောင်ချာပေးလေးကို ရေချိုးပေးပြီးနောက် ရှောက်ချွင်အားရေချိုးပေးရန်ပြင်လိုက်သည်။အတိတ်မေ့နေသော ရှောက်ချွင်မှာရှက်ကိုးရှက်ကန်းပုံပေါက်နေသဖြင့် လီချိန်ရှို့မရီမိအောင်ထိန်းနေရသည်။ခါတိုင်းဆိုသာလျှင်သူရေချိုးခန်းထဲအတူပိတ်မိနေပါက လွယ်လွယ်နှင့်ပြန်ထွက်နိုင်မည်မဟုတ်။
" ဟို ကိုယ် ကိုယ့်ဘာသာပဲချိုးလိုက်မယ်‌ "
" ဖြစ်လို့လား ပတ်တီးရေမစိုအောင်ချိုးရမှာနော် ပြီးတော့ မင်းခေါင်းမလျှော်တာတော်တော်ကြာနေပြီ " ဟုလီချိန်ရှို့တမင်စလိုက်သည်။
ရှောက်ချွင်၏မျက်နာနှစ်ဖက်မှာပန်းရောင်သန်းလာသည်။လီချိန်ရှို့bathtub ထဲဝင်ရန် ရှောက်ချွင်ကိုကူထိန်းပေးလိုက်သည်။
ခုနက ကျိမ့်ကျိမ့်တို့ကိုရေချိုးပေးရင်းရေများစင်ထားသဖြင့် လီချိန်ရှို့ bathrobe အနက်ရောင်လဲဝတ်ထားသည်။လီချိန်ရှို့bathtub ဘောင်ပေါ်သို့ထိုင်လိုက်ရင်း ရှောက်ချွင်အားခေါင်းလျှော်ပေးလိုက်ပေးသည်။ လီချိန်ရှို့ ရေပန်းထယူလိုက်သဖြင့် ခြေတံရှည်ရှည်တို့မှာအဖွေးသား။
"ကိုယ်တိုက်တော့မယ်နော် " အသိပေးသံနှင့်အတူ လီချိန်ရှို့ရင်ဘတ်နှင့်ဝမ်းဗိုက်တို့ကိုပွတ်တိုက်ပေးလာသဖြင့် ရှောက်ချွင်အာခေါင်ခြောက်လာကာ ပူအိုက်လာသည်။
" တကယ်ကိုပဲ သူက ငါအတိတ်မေ့နေတာတောင် ငါ့ခန္ဓာကိုယ်က သူ့ကိုမှတ်မိနေတာပဲ" ရှောက်ချွင်အံကြိတ်ကာတွေးလိုက်သည်။ သူဝတ်ထားသောဘောင်းဘီမှာအနည်းငယ်ပွနေ၍သာ မဟုတ်လျှင်သူ၏မူမမှန်မှုကို လီချိန်ရှို့သတိပြုသွားမည်ဖြစ်သည်။
လီချိန်ရှို့တမင်မသိချင်ယောင်ဆောင်လိုက်ပေးလိုက်သည်။သူတို့နှစ်ယောက်၏အမှတ်တရများကိုရှောက်ချွင်မှတ်မိလာစေရန် လီချိန်ရှို့ကြိုးစားမိသည်။ရှောက်ချွင်၏ဂရုစိုက်မှုများ၊အထိအတွေ့များကိုသူလွမ်းသည်။ ဆေးရုံတွင်လဝက်လုံးလုံး သူစိမ်းတစ်ယောက်လိုဆက်ဆံခံရသည်များကိုသူမခံစားနိုင်တော့ပါ။သူ့ဗိုက်မထွက်လာခင်ရှောက်ချွင်သူ့အားမှတ်မိဖို့လိုသည်။
လီချိန်ရှို့ရှောက်ချွင်၏အနောက်ဘက်မှသိုင်းဖက်လိုက်ပြီး
" ခဏလောက်ဒီလိုလေးနေခွင့်ပြုပါ ကျေးဇူးပြုပြီး ငါ မင်းကိုအရမ်းလွမ်းနေခဲ့လို့ပါ ရှောက်ချွင် မင်းဘယ်အချိန်မှ ငါ့ကိုမှတ်မိမှာလဲ "
လီချိန်ရှို့၏ငိုသံစွက်နေသောလေသံကြောင့်ရှောက်ချွင်စိတ်တို့မွန်းကြပ်လာပြီး
" တောင်းပန်ပါတယ်ကိုယ်အမြန်ဆုံးမှတ်မိနိုင်အောင်ကြိုးစားပါ့မယ် မငိုပါနဲ့နော် ကိုယ် ကိုယ်လည်းနာကျင်ရတယ် ကိုယ့်မိသားစုကိုယ်မမှတ်တဲ့ဘဝ "
သူ့ခါးအားသိုင်းဖက်ထားသောလီချိန်ရှို့လက်အားသူ့လက်တစ်ဖက်ဖြင့်ဆွဲလိုက်ပြီးလီချိန်ရှို့၏ကိုယ်မှာသူ့ပေါင်ပေါ်သို့ကျလာသည်။
သူ့ရင်ခွင်ထဲသို့ကျလာသော လီချိန်ရှို့၏မျက်ဝန်းအစုံမှာ မျက်ရည်စတို့ဖြင့်နှာသီးထပ်လေးကလည်းအနီရောင်သန်းနေသည်။
" ကိုယ် မင်းကိုနမ်းချင်တယ် ရမလား "
လီချိန်ရှို့ ခွင့်ပြုကြောင်း ခေါင်းငြိမ့်ပြလိုက်သည်နှင့် ရှောက်ချွင် ဆေးရုံမှာကတည်းကသူနမ်းရှိုက်ကြည့်ချင်‌နေသောအနှီ နူတ်ခမ်းဖူးဖူးတို့ကို စုပ်ယူနမ်းရှိုက်လိုက်သည်။လီချိန်ရှို့သူ့လည်ပင်းအားသိုင်းဖက်ကာသူ့အနမ်းတို့ကိုပြန်တုန့်ပြန်နမ်းလာသဖြင့် ရှောက်ချွင်တစ်ကိုယ်လုံးသွေးပွက်ပွက်ဆူသွားပြီးသူ့အနမ်းတို့မှာပိုမိုပြင်းထန်လာသည်။ သူ့ဦးနှောက်မှတ်ဉာဏ်တွင်လည်း ရွက်သင်္ဘောတစ်ခုထဲတွင်လီချိန်ရှို့အားပထမဆုံးအကြိမ်ရယူခဲ့သောပုံရိပ်တို့ကထင်ဟပ်လာသည်နှင့်အတူသူ့၏ခေါင်းမှာလည်းအဆမတန်ထိုးကိုက်လာသဖြင့်အနမ်းတို့ကိုရပ်လိုက်ရသည်။
" ကိုယ် ကိုယ့်ခေါင်းကိုက်တယ် အားးးး ချိန်ရှို့ နာတယ် နာတယ် "
" ‌ ရှောက်ချွင် ရှောက်ချွင် "
လီချိန်ရှို့ရေထဲမှအမြန်ထွက်ကာ ရှောက်ချွင်အားအခန်းထဲသို့တွဲခေါ်ပြီး အဝတ်လဲပေးလိုက်ကာ ကုတင်ပေါ်တွင်လှဲစေလိုက်သည်။
" သက်သာရဲ့လား ဆရာဝန်ခေါ်ပေးရမလား "
" မနာတော့ဘူး ကိုယ့်မှတ်ဉာဏ်တစ်ခုခုပြန်ပေါ်လာရင် အဲ့လိုပဲခေါင်းခဏထိုးကိုက်တယ် "
"မှတ်ဉာဏ် ခုနက မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ "
"ချိန်ရှို့ ချိနိရှို့ လို့ခေါ်လိုက်တာ "
" မင်း မင်း ပြန်မှတ်မိလာပြီလား "
" အကုန်တော့မမှတ်မိသေးဘူး ခုနကရေထဲမှာ တုန်းက ကိုယ်တွေ့လိုက်တယ် ရွက်လှေတစ်ခုထဲမှာ အဟမ်း မင်းနဲ့ကိုယ် "
" ရှောက်ချွင် ဒါဆို အဲ့ဒါကမင်းငါ့ကိုမူးအောင်တိုက်ပြီး ငါ့ရဲ့ပထမဆုံးအကြိမ်ကိုယူသွားတာရော မင်းမှတ်မိလား"
"အဟွတ် အဟွတ် တကယ် တကယ်ကြီးကိုယ်ကအဲ့လိုလုပ်ခဲ့တာလား "
" ဟုတ်တယ် " လီချိန်ရှို့ရီချင်စိတ်ကိုမနည်းထိန်းကာလက်ပိုက်ပြီးပြောလိုက်သည်။
" ကိုယ်နဲ့မင်း ရဲ့အကြောင်းတွေကိုမပြောပြချင်ဘူးလား ကိုယ်တို့ဘယ်မှာစတွေ့ခဲ့တယ် ပြီးတော့ကိုယ်တို့ ဘယ်လိုလက်ထပ်ခဲ့လဲ ဆိုတာတွေ "
" ကိုယ့်တိုင် ရအောင်စဉ်းစား ငါရေသွားချိုးတော့မယ် "
အုန်းခနဲ တံခါးပိတ်သံနှင့်အတူ လီချိန်ရှို့ရှက်ကာဝင်သွားသည်။
"ရှောက်ချွင် ရှောက်ချွင် နိုးလာမှ ငါနဲ့တွေ့မယ် မှတ်မိစရာရှားလို့ အဲ့တုန်းကအကြောင်းကိုမှတ်မိရလား"
လီချိန်ရှို့ရေချိုးခန်းထဲမှထွက်လာတော့ ကျိမ့်ကျိမ့်ရောက်နေပြီဖြစ်ကာ tablet တစ်လုံးနှင့်အလုပ်ရှုပ်နေကြသည်။လီချိန်ရှို့သူတို့သားအဖအားထားခဲ့ပြီးညစာပြင်ရန်ထွက်ခဲ့လိုက်သည်။
ရှောက်ချွင် tabletထဲမှ သူနှင့်လီချိန်ရှို့၏ပုံတို့ကိုကြည့်နေသည်။ဂျပန်၊နယူးယောက်ခ် ၊ ကမ်းခြေ၊တို့တွင်သွားလည်ခဲ့သည့်ပုံများ၊နယူးယောက်ခ်တွင် သူတို့လက်ထပ်ခဲ့ပုံများအပြင်သူ၏မွေးနေ့video တစ်ခုကိုပါတွေ့လိုက်သည်။
Videoထဲတွင်သူ့အားလီချိန်ရှို့ကသူ့အတွက်ကိုယ်တိုင်မွေးနေ့ကိတ်ဖုတ်နေသည်နှင့်သူ့အတွက် သက်ရှည်ခေါက်ဆွဲချက်ပေးနေပြီး‌ နံဘေးရှိသူကတစ်နှစ်သားအရွယ်ကျိမ့်ကျိမ့်အားပွေ့ထားပြီးရီမောနေကြသည်။
" ညစာ စားလိုရပြီ ကျိမ့်ကျိမ့် ရှောက်ချွင် "
" လာပါပြီ ပါး "
" ပါ့ပါ သွားကြစို့ "
............................................................................

* ကိုယ့်ရဲ့ အရေးမသားမကောင်းမပြေပြစ်တဲ့fiction လေးကိုအမြဲဖတ်ပေးတဲ့ readers အယောက် နှစ်ဆယ်‌ ကျော်ပဲရှိပါတယ် ဖတ်တဲ့သူတစ်ယောက်မှမရှိလောက်ဘူးထင်တားတာ။အားလုံးရင်ထဲကနေ ကျေးဇူးတင်ပါတယ်နော်။
ကျန်းမာရေးဂရုစိုက်ကြပါနော် အတတ်နိုင်ဆုံးဂရုစိုက်ပြီး စိတ်ပျော်အောင်နေကြပါနော်။

























Niang Niang Qiang (娘娘腔) Fan FictionWhere stories live. Discover now