(14)

412 35 1
                                    

လီချိန်ရှို့ဆေးရုံတွင်လေးရက်ကြာ‌ နေပြီဖြစ်ကာဗိုက်ဒဏ်ရာလည်းသက်သာလာပြီဖြစဒဏ်ရာလည်းသက်သာလာပြီဖြစ်သည်။
ရှောက်ချွင်ကတော့လေးရက်လုံးလီချိန်ရှို့ဘေးမှာနေကာလိုလေသေးမရှိဂရုစိုက်ပေးသည်။လီချိန်ရှို့အိပ်ပျော်သွားသည့်အချိန်မှသာ သူ notebookဖွင့်အလုပ်လုပ်သည်။လီချိန်ရှို့မှာရှောက်ချွင်ကိုပထုတ်ကာ ဆရာဝန်နဲ့တွေ့ချင်သော်လည်းရှောက်ချွင်မှာသူ့အကြံ‌ကိုသိသည့်အလားတောက်တဲ့တစ်ကောင်လိုအနားကမခွာကပ်နေသည်။
                        ရှောက်ချွင်၏တွယ်ကပ်နေမှုများမှကယ်ထုတ်ပေးမည့်သူနောက်ဆုံးတော့ပေါ်လာပြီဖြစ်သည်။ “ ချွင်ချွင် ရှို့ရှို့ စန်းကျဲ ရောက်လာပြီ"
မမသုံးမှာခါတိုင်းကဲ့သို့မိတ်ကပ်အထူမလိမ်းထား
ပဲသူ့ပုံစံမှာအနည်းငယ်နွမ်းလျနေပုံပေါက်သည်။
     ရှောက်ချွင်ကမျက်မှောင်ကျုံ့လိုက်ကာ “ အခုမှပဲရောက်လာတော့တယ်"
“အိုင်းယား ငါ ကမ္ဘာကြီးရဲ့ဟိုဘက်ခြမ်းကိုရောက်နေလို့ပါ၊ သတင်းရရချင်းငါအမြန်ဆုံးလေယာဉ်နဲ့ရောက်အောင်လာခဲ့တာပဲ။"
မမသုံးက လီချိန်ရှို့ဘေးသို့တိုးကာလီချိန်ရှို့လက်လေးအားသူ့လက်ဖဝါးနှစ်ဖက်ဖြင့်‌နွေးထွေးစွာကိုင်လိုက်ကာ “ ချိန်ရှို့ တောင်းပန်ပါတယ် စန်းကျဲနောက်ကျမှရောက်လာလို့၊ သက်သာရဲ့လားဟင်၊
ပင်ပန်းသွားပြီ၊ ပြီးတော့ဖေဖေ့ကိုကာကွယ်ပေးတာရော တကယ်ကျေးဇူးအများကြီးတင်ပါတယ်"
“ ဟုတ် သက်သာလာပါပြီ၊ ပြီးတော့ကျွန်တော့အပေါ်ကျေးဇူးတင်စရာမလိုပါဘူး။"
“ရှောက်ချွင် မင်းရေမချိုးရသေးဘူးမလား၊စန်းကျဲရှိတုန်း မင်းအိမ်ပြန်ချိုးပြီး ချာပေးကိုပါရေမချိုးပေးချင်ဘူးလား၊ သူရေမချိုးရတာကြာနေပြီ။ပြီးတော့ငါမင်းချက်ပေးတဲ့သစ်သီးဆန်ပြုတ်စားချင်တယ်"
ရှောက်ချွင်သူ့မမသုံးကိုတစ်ချက်ကြည့်လိုက်ပြီး
“ ကောင်းပြီ ကိုယ်ခဏပဲကြာမှာ အမြန်ပြန်လာခဲ့မယ်။"
ရှောက်ချွင်ကရှောင်ရော့အားမျက်စပစ်ကာအပြင်လိုက်ခဲ့ရန်ခေါ်လိုက်သည်။
“ ကျဲ ကျွန်တော်မရှိတုန်းသူ့ကိုမျက်စိအောက်ကအပျောက်မခံနဲ့နော်"
“အကဲမပိုစမ်းပါနဲ့ "
“ကျဲ ကျွန်တော်တကယ်ပြောနေတာ အထူးသဖြင့်သူ့ကိုလာတွေ့တဲ့ဆရာဝန်နဲ့နှစ်ယောက်ထဲစကားမပြောစေနဲ့"
“ ချွင်ချွင် ရာ ချွင်ချွင် မင်းဘယ်လိုဖြစ်နေတာလဲ"
“ချိန်ရှို့က ကလေးလိုချင်နေတာ အဲ့ဆရာဝန်ရူးတွေပြောတာနားထောင်ပြီး သူ့ကိုသူထိခိုက်မိမှာစိုးလို့"
“ ငါပြောမယ် အခုခေတ်ကနည်းပညာတိုးတက်နေပြီ၊သူကိုယ်ဝန်ဆောင်နိုင်တာကတကယ်ကိုကောင်းတဲ့ကိစ္စတစ်ခုပဲ၊လူတိုင်းဒီအခွင့်ရေးမျိုးရတာမဟုတ်ဘူး။နင်ကောင်းကောင်းစဉ်းစားစမ်း၊ နင်ချစ်တဲ့သူနင်ချစ်တဲ့ယောကျာ်းတစ်ယောက်ကနင့်အတွက်ဒီလိုကိုယ်ဝန်ဆောင်တဲ့ကိစ္စအထိပါတွေးပေးတာသူနင့်အပေါ်ဘယ်လောက်အလေးထားလဲနင်မမြင်ဘူးလား"
“ကျဲ ဘာမှမသိပါဘူး ကျွန်တော်တို့မိသားစုရဲ့ချိန်ရှို့လေးက အားနည်းတတ်တယ်၊ မိုးမိရင်တောင်အအေးမိတတ်တယ်၊ပြီးတော့သူ့စိတ်ကအရမ်းနူးညံ့တယ်၊မတော်လို့ ကလေးကတစ်ခုခုဖြစ်ခဲ့ရင်သူခံစားနေရမှာကို ကျွန်တော်တကယ်မကြည့်နိုင်ဘူး"
“အမျိုးသားကိုယ်ဝန်ဆောင်အနောက်တိုင်းသားတွေအများကြီးပါဟယ် ၊ မင်းအရမ်းအိုဗာမတွေးပါနဲ့၊ငါတော့ ငါတို့ထပ်ရလာမယ့် တူလေး၊တူမလေးကိုချီဖို့အူယားနေပြီ"
“တကယ်ရလာရင် သူကူထိန်းမှာကျလို့"
“ ဟေး အဲ့လိုမပြောကြေး၊ ကျိမ့်ကျိမ့်တုန်းကမင်းပဲပေးမထိန်းတာ၊ငါတို့ကထိန်းပေးမယ်လို့အဖေ့ကိုပြောပြီးသား"
“ ok ok ကျွန်တော်သွားတော့မယ်"
ရှောက်ချွင်ထွက်သွားမှ ရှောင်ရော့အခန်းထဲအမြန်ဝင်လိုက်ကာ “ရှို့ရှို့ နင်ဆရာဝန်နဲ့တွေ့ချင်‌ နေတယ်မလား"
“စန်းကျဲ ကျွန်တော် ကျွန်တော် တွေ့ချင်တယ်"
“ အိုးခေ ခဏစောင့် အဲ့ဆရာဝန်ကိုချက်ချင်းရောက်လာစေရမယ် "
ရှောင်ရော့ထွက်သွားပြီးသိပ်မကြာ ထိုနေ့ကဆရာဝန်နှင့်အတူရောက်လာသည်။
“ hello လီ ဆရာ့ကိုရှာတယ်ဆို"
“ ကျွန်တော် တကယ်လို့ကလေးကိုသာထိခိုက်မှုမရှိဘူးဆိုရင် ပုံမှန်ကလေးတွေလို မွေးနိုင်တယ်ဆိုရင်
ကျွန်တော် ကိုယ်ဝန်ဆောင်စေမယ့်ဆေးတွေသောက်ချင်တယ်"
“ ကိုယ်ဝန်ရှိတဲ့ကာလအတွင်း လီသာထိခိုက်မှုဘာမှမဖြစ်ဘူးဆိုရင်ကလေးကိုထိခိုက်မှုလုံးဝမရှိပါဘူး။
အာ ထိခိုက်မှုဆိုတာက ချော်လဲတာတို့ကိုပြောတာပါ"
“ ဒါဆိုအုပ်ထိန်းသူရဲ့ခွင့်ပြုချက်လိုပါတယ်၊ မိဘ ၊ ခင်ပွန်းတစ်ယောက်ယောက်ရဲ့ခွင့်ပြုချက်ပေါ့"
“ ဒီမှာ ဆရာ ကျွန်မကသူ့အစ်မပဲ ကာယကံရှင်နဲ့ကျွန်မခွင့်ပြုချက်ဆိုရမယ်မလား"
“ ကျွန်တော်ဆိုလိုတာကသူ့ရဲ့မိဘ ဘက်ကပါ"
“ ကျွန်တော် ကျွန်တော့မှာမိဘမရှိတော့ဘူး"
“ဒီကဆရာလေး ကျွန်မကသူ့အစ်မပဲ ကျွန်မမောင်ရဲ့အမျိုးသားကလည်း ကျွန်မမောင်ပဲ ကျွန်မအကုန်တာဝန်ယူပါတယ်"
“ ဒါပေမယ့် ရှောက်သခင်လေး သိရင် ကျွန်တော်တို့ကိုလွှတ်ပေးမှာ မဟုတ်ဘူး"
“ ကျွန်တော် ရှောက်ချွင်ကိုအချိန်တစ်ခုရောက်ရင်အသိပေးမှာပါ၊ သူကအခုဆိုရင်ခွင့်မပြုပေမယ့်
ကျွန်တော်သူ့ကိုဖျောင်းဖျပါ့မယ်၊သူဆရာတို့ကိုပြဿနာမရှာစေရဘူးလို့အာမခံပါတယ်"
“ ကောင်းပြီလေ လီဆေးရုံဆင်းပြီးရင်ကျွန်တော့ဆီတစ်လတစ်ခါလာခဲ့ပါ၊လီရဲ့သားအိမ်ထဲကမျိုးဥတွေကြွေဖို့ ဆေး၃လသောက်ရမယ်၊ဆေးသောက်ရင် ရလာမယ့်အကျိုးတွေက သားဥတစ်လတစ်ကြိမ်ကြွေရင် လီ အနေနဲ့အဲ့အတွက်ကြိုတင်ပြင်ဆင်ထားရပါမယ်၊ အဲ့ဒဏ်တွေကိုခံနိုင်ပြီသေချာတယ်ဆိုမှကျွန်တော့ဆီလာခဲ့ပါ"
“ ဒါ ဆို သူရောသားဥကြွေ မိန်းကလေးတွေလို ရာသီသွေးလာမှာပေါ့ ဒါက အရမ်းမများလွန်းဘူးလား၊ side effectsရောရှိနိုင်လား"
“ဟုတ်ပါတယ် ရှောက်မမလေး ၊ ဆေးရပ်လိုက်ရင်တော့ ဘာမှဖြစ်မှာမဟုတ်ပါဘူး ၊ပုံမှန်ပြန်ဖြစ်သွားမှာပါ"
     “ကျွန်တော့ကိုလာတွေ့ပေးလို့ကျေးဇူးတင်ပါတယ်ဆရာ "
“မလိုပါဘူး ဒါဆို ဆရာ့ကိုခွင့်ပြုဦး" ဆရာဝန်ထွက်သွားတော့မှရှောင်ရော့က
“ရှို့ရှို့ မဆောင်ရင်မဆောင်ပါနဲ့တော့လား။ မင်းပင်ပန်းမှာ၊ ရှောက်ချွင်ကမင်းကိုမခံစားစေချင်လောက်ဘူး"
“ဟုတ် စန်းကျဲ ကျွန်တော်ဒီလိုစိတ်ကူးတောင်မယဉ်ဖူးဘူး၊ကျွန်တော်တခြားမိန်းမနဲ့မဟုတ်ပဲရှောက်ချွင်နဲ့တကယ်ကလေးယူလို့ရနိုင်နေတဲ့အခြေအနေကြီးမှာ ကျွန်တော်တကယ်ကြိုးစားကြည့်ချင်တယ်။"
“ အင်းအဓိက မင်းသဘောပါ ကျဲတို့ဘေးမှာရျိနေပေးမယ် ၊ ရှောက်ချွင်ကပိုတောင်ပျော်ဦးမှာ၊ တခြားသူမဟုတ်ပဲ ၊ မင်းနဲ့အတူသူကလေးရမှာကို၊ ကျိမိ့ကျိမ့်ကိုယူဖို့ပြောတုန်းကတောင် ငါမနည်းဖျောင်းဖျလိုက်ရတယ်"
ကျိမ့်ကျိမ့်နာမည်ကြားတော့ လီချိန်ရှို့မှာအနည်းငယ်နေရထိုင်ရခက်သွားကာအားနာစိတ်ဝင်လာမိသည်။ ရှောက်ချွင်မှာသူပြောသွားသည့်အတိုင်းတကယ်ကိုမကြာလိုက်ပဲ ဆန်ပြုတ်ဂျိုင့်လေးဖြင့်ရောက်လာသည်။
ရှောင်ရော့မှာခေါင်းကိုခါလိုက်ကာ “တကယ်ကြီး မင်းချက်ပြုတ်တတ်နေပြီပဲ"
ရှောက်ချွင်ကလိချိန်ရှို့စားဖို့ပန်းကန်လေးထဲထည့်လိုက်ကာ “ ဒါပေါ့ ကျွန်တော့ဇနီးလေးဆီကသင်ယူထားတာလေ ၊ ချိန်ရှို့ လာ ပူတုန်းစား"
“  မင်းအစ်မငါ့အတွက်ရော မပါဘူးလား"
“ ကျဲက အပြင်မှာဝယ်စားလိုက်လေ ကျွန်တော်တစ်ယောက်စာပဲချက်လာတာ"
“ ငါလေယာဉ်ပေါ်က ဆင်းဆင်းချင်းဒီကိုတန်းလာတာလေ ၊ မင်းက နည်းနည်းမှစာနာစိတ်မရှိဘူးပဲ "
“ ခဏနေ မမကြီးနဲ့မမနှစ်လာမှာ ကျဲစားဖို့မှာလိုက်တယ်"
“ငါ့တူ‌ လေးရော ပါလာမှာလား၊ ယင်းယင်းရောဘယ်လိုနေသေးလဲ"
“ယင်းယင်းကကောင်းပါတယ် မမကြီးသာ"
ရှောက်ချွင်သက်ပြင်းချလိုက်သည်။
“အဲ့ ဝမ်မျိုးရိုး အဖေရော သူ့ကိုဘာလုပ်လိုက်ပြီလဲ"
“သူ ဒီမှာခြေမချနိုင်အောင်လုပ်ထားတယ် ဝမ်အဖိုးကြီးဆို သူ့သားလုပ်ရပ်ကြောင့် အိပ်ရာပေါ်လှဲနေတယ်"
“ ဟိုမြေခွေးမကိုရော ဒီတိုင်းလွှတ်ပေးလိုက်တာလား"
“ ဝမ်မျိုးရိုးကောင်က သေချာကာကွယ်ထားတယ် ကျွန်တော်လည်းအဲ့အပိုင်းကို ရှောင်ကျိုးကိုစုံစမ်းခိုင်းထားတယ်၊ အခုကျဲလာပြီဆိုတော့ ကျဲပဲကိုင်တွယ်လိုက်တော့"
“ ငါ့အတွက်အလွယ်လေးပါ ၊ ရန်လည်းမဖြစ်ရတာကြာပြီဆိုတော့ ငါကိုင်တွယ်လိုက်မယ်၊ ဒါပေမယ့် မမကြီးကိုဘယ်လိုလုပ်ရမလဲ၊ သူကအပြင်ပိုင်းမှာအေးစက်ပြနေပေမယ့်သူ့စိတ်ကိုနင်သိတယ်မလား"
“ ကျဲလည်း ဒီတစ်ခေါက်လျှောက်မသွားနဲ့တော့ မမကြီးကိုကူပေးဦး"
“အေးပါဟယ် နင်ကပဲငါ့ကိုပြောရတယ်ရှိသေးတယ်"
        လီချိန်ရှို့ ဆန်ပြုတ်စားပြီးတော့ မမကြီးတို့ရောက်လာကာသူ့အတွက် ဂျင်ဆင်းပြုတ်ရည်ပါယူလာခဲ့ပေးသည်။ကျိမ့်ကျိမ့်လေးမှာသူ့အဒေါ်ငယ်နှင့်တွေ့ရသဖြင့်ပျော်မြူးနေသည်။လီချိန်ရှို့စိတ်ထဲတကယ်ကြည်နူးမိသည်။အခုသူတကယ်သူ‌ နေမကောင်းလျှင်သူ့အားဂရုစိုက်ကြမည့်မိသားစုဘဝလေးပိုင်ဆိုင်နေရပြီဖြစ်သည်။
မမကြီးတို့အားလုံးပြန်သွားမှ ရှောက်ချွင်က လီချိန်ရှို့အတွက်ဂျင်ဆင်းပြုတ်ရည်လေးတိုက်သည်။ လီချိန်ရှို့မှာ အစားအသောက်နှင့်ပတ်သက်ပြီးဂျီးဂျွတ်မများသော်လည်း ခါးသောအရသာနှင့်ဂျင်ဆင်းနံ့ကဲ့သို့သောအနံ့များကိုမခံနိုင်ပါ။
သူအတင်းတစ်ဇွန်းသောက်လိုက်ပြီး ရှုံ့မဲ့ကာ“ခါးတယ် ၊သောက်ရခက်တယ်"
“ နောက်နည်းနည်းပဲ သောက်ပါနော် ချိန်ရှို့ ကိုယ်မင်းကြိုက်တဲ့ သစ်ကြားသီးချောကလက်မုန့်ဝယ်လာတယ် ၊ ဒါသောက်ပြီးရင် အဲ့ဒါစားမယ်လေနော်"
ရှောက်ချွင်က ချော့ကာ  နောက်တစ်ဇွန်းခပ်ပေးသည်။ လီချိန်ရှို့တကယ်မသောက်ချင်ပါ၊သူနောက်တစ်ဇွန်းအတင်းမျိုချလိုက်သော်လည်း ဂျင်ဆင်း၏အမြစ်နံ့ကသူ့အားပျို့စေသည်။
“ ရှောက်ချွင် ခါးတယ်"
လီချိန်ရှို့၏ကလေးတစ်ယောက်အလားမိမိအားတိုင်နေပုံကိုကြည့်ကာရှောက်ချွင်အူယားသွားသည်။
သူကုတင်ပေါ်တက်လိုက်ကာလီချိန်ရှို့အားသူ့ရင်ခွင်ထဲထွေးပွေ့လိုက်ကာ “ ပေါင်ပေ့er ကိုယ်အရင်သောက်ပြီးအခါးတွေစုပ်လိုက်မယ်ပြီးမှ ပေါင်ပေ့ကိုတိုက်မယ်နော်"
ရှောက်ချွင် ဂျင်ဆင်းရည်ကိုမော့လိုက်ကာသူ့ရင်ခွင်ထဲရှိလီချိန်ရှို့၏နူတ်ခမ်းဆီသို့ငုံ့ကိုင်းလိုက်ကာ
သူ၏လျှာဖြင့်လီချိန်ရှို့၏နူတ်ခမ်းကိုတိုးဖွင့်ကာသူ့လျှာဖျားဖြင့်လီချိန်ရှို့လျှာအားရစ်ပတ်လိုက်သည်။
                      လီချိန်ရှို့မှာသူကြည့်ဖူး သောဇာတ်လမ်းတွဲရှေးခေတ်သိုင်းကားထဲမှ မင်းသားကမင်းသမီးအားဆေးတိုက်နည်းကိုသတိရသွားကာသူ့ကိုရှောက်ချွင်လည်းထိုသို့တိုက်လိုက်သည်တဲ့လား။သူရှောက်ချွင်၏ဆွဲဆောင်မှုရှိလွန်းလှသောမျက်နှာအစုံကိုမျက်တောင်မခတ်ပဲ‌ ငေးကြည့်မိသည်။
“ ဘယ်လိုနေလဲ ခါးသေးလား "
လီချိန်ရှို့ ယောင်ယမ်းစွာခေါင်းခါလိုက်သည်။တကယ်ပဲရှောက်ချွင်က ဂျင်ဆင်း၏ခါးသက်သက်အရသာအားဖယ်ရှားလိုက်သည့်နှယ်သူ့နူတ်ခမ်းအတွင်း ချိုမြမြအရသာကျန်ခဲ့သည်။ ရှောက်ချွင်ရင်ခွင်ထဲသူမျက်နှာအပ်လိုက်ကာ “ ရှောက်ချွင် ငါမင်းကိုချစ်တယ်" ဟုတိုးညှင်းစွာဆိုလိုက်သည်။
“ ကိုယ်လည်းချစ်တယ် အိပ်တော့ ပေါင်ပေ့er မြန်မြန်နေကောင်းမှ ကိုယ်တို့လေ့ကျင့်ခန်း လုပ်လို့ရမှာ"
လီချိန်ရှို့ရှက်သွားကာ “ မင်း မင်း"
“ မိန်းမလေး ကိုယ်တကယ်အခုတောင်မင်းနဲ့လေ့ကျင့်ခန်းလုပ်ပစ်ချင်စိတ်ကိုထိန်းထားရတယ်"
လီချိန်ရှို့မှာသူ့ခါးအောက်တွင်ထောက်နေသည့်အရာကြောင့်လန့်သွားကာ “ ငါ အိပ်တော့မယ် မင်းလည်းအိပ်တော့ "
ရှောက်ချွင်မှာလီချိန်ရှို့လန့်သွားပုံကိုကြည့်ကာတဟားဟားထရယ်တော့သည်။သူလီချိန်ရှို့၏တင်ပါးထက်သို့အနည်းငယ်ပွတ်လိုက်ကာ
“ ခံစားမိလား ကိုယ်ဘယ်လောက်ဖြစ်နေလဲဆိုတာ၊ဒါပေမယ့်စိတ်ချပါ ကိုယ်မင်းကိုနာကျင်အောင်မလုပ်ပါဘူး" ရှောက်ချွင်၏အသက်ရှူသံပြင်းပြင်းမှာဂုတ်ကိုလာလာထိနေ၍လီချိန်ရှို့မှာကြက်သီးများပင်ထလာသည်။
လီချိန်ရှို့ရှောက်ချွင်ဘက်လှည့်လိုက်ကာ“ ငါမင်းကိုကူပေးရမလား"
“မလိုပါဘူး ကိုယ်မင်းကိုဖက်ခွင့်လေးရရုံနဲ့တင်အတော်ကို‌ကျေနပ်နေပါပြီ ။ ကိုယ့်ကိုစိတ်မပူနဲ့ စောစောအိပ်တော့ ၊ ဝမ်အန်း" ရှောက်ချွင်လီချိန်ရှို့အားသိုင်းဖက်လိုက်ကာ အိပ်စက်ရန်ပြင်လိုက်သည်။
တကယ်တမ်းတော့သူတကယ်လီချိန်ရှို့အားသူ့ရင်ခွင်ထဲထွေးပွေ့နိုင်ရုံနဲ့တင်သူ့အားအပူအပင်မရှိအိပ်စက်စေနိုင်သည်။

Niang Niang Qiang (娘娘腔) Fan FictionWhere stories live. Discover now