[Unicode]
Part-1
"ကျနော်လည်း ကျန့်ကောကိုချစ်တယ် မွမွ "
"ချစ်လိုက်တာ ကောင်လေးရာ"
အိုးး! . . ကိုကိုရှောင်းကျန့် က ရိပေါ်ကို ချစ်ခွင့်ပန်ပြီး နမ်းနေတာတဲ့ ။ တကယ်ကြီး နမ်းနေတာ ။ နောက်ဆုံးတော့ရိပေါ်လေးအိပ်မက်တွေ တကယ်ဖြစ်လာပြီလား ? . .
"ဟေ့ကောင် ဝမ်ရိပေါ်ထစမ်း !! ဝမ်ရိပေါ် လို့ ထစမ်း !! . . . ဝမ်ရိပေါ်!! "
ဘုန်း!!!!
ဖန်ရှင်းစိတ်ရှည်လာပြီလေ ။ ဘယ့်နှယ် . . သူများ ခြေသလုံး ကိုဘာတွေ တမွမွလုပ်နေတာမှန်းမသိ ။ ဒါကြောင့်စောင့်ကန်ထည့်လိုက်သည် ။
"အ့ ! "
ရိပေါ် မြီးညောင်းရိုးတွေ အောင့်တတ်သွားတာကြောင့် အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးတွေကို မဖွင့်ချင်သော်လည်း အတင်းဖြဲဖွင့်ပြီး
ဘေးဘီကိုကြည့်လိုက်တော့ ဖန်ရှင်းကကုတင်ပေါ်ကနေ သူ့ကိုမိန့်မိန့်ကြီးထိုင်ပြီးကြည့်နေသည်။အော်. . သူမေ့သွားတာ ။ မနေ့ညက
သူတို့ ဆယ်တန်းပြီးတဲ့ အထိန်းအမှတ်အနေနဲ့ သောက်ကြတာ ။ အသက်မပြည့်သေးတော့ အိမ်မပြန်ရဲလို့ဖန်ရှင်းအိမ်မှာ
သောင်တင်နေခြင်း ။ဒါဆို ကိုကိုရှောင်းကျန့် က
ရိပေါ် ကိုတကယ် ချစ်ခွင့်ပန်တာဟုတ်ဘူးပေါ့ ။"အားးး!!! ဖန်ရှင်းစုတ် !!
ငါ့အိပ်မက်တွေမင်းကြောင့်ပျက်သွားပြီ ။
ငါ့အိမ်မက်တြွေပန်လျော်ပေး ခွေးကောင်!!!""ချီးမလို့သေအောင်အော် နေတာလား ? !"
"မင်းကြောင့် ငါ့ကိုကိုကိုရှောင်းကျန့် ချစ်ခွင့်ပန်နေတာအကုန်ပျက်သွားပြီကွ !! "
ဖန်ရှင်းခဗျာ ငိုရခက်ရီရခက် ။
သူ့ကိုနိုးလို့ဆိုပြီးငိုနေတဲ့ မသာလေးကိုကြည့်ကာ
ခေါင်းသာခါလိုက်သည် ။ ဒါတွေ သူရိုးနေပြီ ။တစ်ချိန်လုံး ကိုကို ရှောင်းကျန့်
ကိုကိုရှောင်းကျန့်နဲ့ ရူးနေတာ ။
အရည်မရအဖတ်မရတွေ ။'ဟိုကမင်းကိုသိမှာတောင် မဟုတ်ဘူး´
လို့ပြောရင်
'ဘယ်လောင်တောင် နာကျင်လိုက်တဲ့
အမှန်တရားလဲ ´ဆိုပြီးထထငိုသေးတာ ။
ဒီငနဲလေးကိုထထုချင်ပေမဲ့ ကုတင်ပေါ်က ကျလိုနာနေတဲ့ဖင်လေးကိုပွတ်ပြီးငိုနေတာကြောင့်
သနားမိသွားသည် ။