8

3.1K 351 10
                                    

[Unicode]

" ရှောင်းကျန့် !! ရှောင်းကျန့် !! "

" ဝိုးးး ဘဲကြီး !! ဒဲ့ကြွေတယ်ကွာ !! "

" ရှောင်းကျန့် !! ငါ မင်းကို အရမ်းကြိုက်တယ် !!"

အခုဝမ်ရိပေါ်တစ်ယောက် သူ့လိုပဲ ကဲကဲသဲသဲ
Fangirl လေးတွေကြားညပ်နေသည် ။
ဒီနေ့က New Year ညမို့ ရှောင်းကျန့်ရဲ့
banner လေးတွေကို ကိုင်ပြီး အာပေါက်မတတ်
အော်နေကြသည် ။

နောက်ဆုံးတော့ ရိပေါ် အိပ်မက်တွေဟာ
တကယ်ဖြစ်လာခဲ့ပြီ ။ ရှောင်းကျန့် ကို အပြင်မှာ
တကယ် မြင်တွေ့ခွင့်ရခဲ့ပြီ ။ ပထမဆုံး
အပြင်မှာ မြင်ဖူးတာမို့ ရိပေါ်မှာ တခြား fanတွေ
လိုမျိုး အာပြဲကြီးနဲ့ အော်ဖို့မပြောနဲ့ အသက်ရှုဖို့
ပါမေ့လို့ စိတ်လှုပ်ရှားမှုကြောင့် ခြေတွေလက်
တွေပါ အေးစက်ကုန်သည် ။

ရှောင်းကျန့်က နောက်လထွက်မဲ့ ဇာတ်လမ်းတွဲ
ရဲ့ ost song လေးဖြင့် ဖျော်ဖြေသည်။

သံစဉ်အနိမ့်အမြင့်အလိုက် ပြောင်းလဲသွား
တဲ့ အသံ ၊ မျက်နှာ ချောချော ။ မည်သူမျှ
လိုက်မမီအောင် ပြီးပြည့်စုံလွန်းတဲ့ နတ်ဘုရား
ဟာ ရှောင်းကျန့် ပဲ ။

မိမိ idol ကိုအပြင်မှာတွေ့ဖို့ အသေအလဲကြိုး
စားခဲ့ကြရတဲ့ သူတို့လိုလူတွေအတွက် ဒီလို
မြင်တွေ့ခွင့်ရခြင်းဟာ နှစ်ပေါင်းများစွာ
တောင့်တခဲ့ရတဲ့ ဆန္ဒတစ်ခု ပြည့်စုံသွားသကဲ့
သို့ ။ ဒီလူသားလေးရဲ့ မျက်နှာချောချောကိုသာ အမြဲမြင်တွေ့ခွင့်ရလျှင် အရာအားလုံး ဘာမှ
မလိုအပ်တော့သည်ထိ ပီတိဖြစ်ရပါတယ် ။
နှစ်အကြာမျှော်လင့်ခဲ့ရတဲ့ အိပ်မက်ကလေးမို့
ဝမ်ရိပေါ်ဟာ အသံတိတ်မျက်ရည်ကျရတယ်။
ထို့ကြောင့် အော်နိုင် သမျှအသံကို လွှင့်လိုက်လျှင် . .

" ရှောင်းကျန့် မင်းက အတော်ဆုံးပဲ !!!! "

ဖြတ်ခနဲလှည့်ကြည့်လာ၏ ။
သူ့အသံ တကယ်အောင်တာပဲ ။
တဖြည်းဖြည်း ပြုံးရိပ်ထင်လာတဲ့ ယောကျာ်း
ပီသတဲ့ မျက်နှာ ၊ ညို့အားများစွာနဲ့
ပြန်လမ်းမဲ့စေတဲ့ မျက်လုံးတွေ ။

ရှောင်းကျန့် ဟာ
Stage ပေါ်မှာပဲ တဖြည်းဖြည်း လမ်းလျှောက်
လာရင်း သူတို့ နားဘက်ကို ရောက်လာ
သည်မို့ ရိပေါ်အပါအဝင် အကုန်လုံးက
ဝိုင်းအော်ကြသည် ။ သို့သော် တဖြည်းဖြည်း
ထိုင်ချလာတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာက
ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ရိပေါ်ရဲ့ မျက်နှာနဲ့
တစ်တန်းတည်း ။ အသံကျယ်ကြီးနဲ့ အော်ဖို့
ကိုပါ မေ့ပြီး အညို့ခံလိုက်ရတဲ့ လူလိုကြောင်အ
စွာသာ နတ်ဘုရားအား ငေးမော၏ ။

Fanboy(completed)Where stories live. Discover now