[Unicode]ရိပေါ်ဒီနေ့တော့ ဉီးပိန် ရောက်နေသည် ။
မသွားချင်ဘူးပြောလည်း မရမကလိုက်ခေါ်နေတဲ့ ဖန်ရှင်းကြောင့် လိုက်လာရပြန်သည်။
ဖန်ရှင်းနဲ့ မတွေ့ရသည်မှာလည်း စာမေးပွဲ ဖြေပြီးကတည်းက ။ အခု အောင်စာရင်း တောင် ထွက်နေပြီဖြစ်သည် ။ရိပေါ်ထိပ်ဆုံးကနေ မျက်စိတဆုံးကြည့်လိုက်သည် ။ တစ်မိုင်အကွာအဝေးလောက်ရှိသည်မို့ အဆုံးထိ မျက်စိကမရောက်နိုင် ဝေဝါးနေသည် ။
ထိုနည်းတူစွာ ရှောင်းကျန့်ကို သွားတွေ့ရန် သူ့ အိပ်မက်တွေဟာလည်း အလှမ်းဝေးလွန်းသည်ကြောင့်လား ဝေဝါးနေလေ၏ ။ဘယ်ချိန်လောက်ဆို လာတွေ့နိုင်မလဲ ?
ဘယ်တော့လောက်လဲ ? ဘယ်ချိန်မှ Red Ocean
ကြီးကနေ မင်းနာမည်လေးကို ကြွေးကြော်ခွင့်ရမလဲ ? . . .တစ်ဘဝလုံး အမှတ်တရ ရှိနေစေဖို့
ဓာတ်ပုံတစ်ပုံလောက်ရော မင်းနဲ့အတူ ဘယ်တော့ရိုက်ခွင့်ရှိမလဲ ? . . .မင်း သီချင်းဆိုတာကို အပြင်မှာ မြင်တွေ့ခွင့်ရဖို့ ဘယ်လောက်ထိ စောင့်ရမလဲ ? . . .
မသေချာခြင်း များစွာနဲ့ ဘဝမှာ သေချာတာတစ်ခုက ဝမ်ရိပေါ်ဟာ ကိုကိုရှောင်းကျန့်ကို အရမ်းချစ်တယ် . . . . ။
အတွေးတြွေဖင့် နယ်လွန်နေရင်း အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်းမသိ ။
နေမြင့်လာတာကို သတိထားမိမှ တစ်လျှောက်လုံး ကိုင်လာသည့် camera ကို သတိရကာ focus ကို သေချာချိန်ယူပြီး အလုပ်ပေးလိုက်သည် ။တံတားပုံလှလှလေးက ထွက်လာပြီ ။
ဒီတံတားပေါ် အတူတူလျှောက်ဖို့ပဲ လိုတော့တယ်။ ချစ်သူနဲ့ ဒီတံတားအဆုံးထိ အတူလျှောက်ရင် ဖူးစာဆုံနိုင်တယ်တဲ့ ။ရိပေါ်လည်း တစ်စုံတစ်ယောက်နဲ့ အတူတူလျှောက်နိုင်ဖို့ကို တိတ်တိတ်ကလေး မျှော်လင့်
မိသွားပေမဲ့ ရုတ်တရက် ကိုယ့်အတွေးကိုကိုယ်လန့်ဖြန့်သွားကာ ခေါင်းကို ဘယ်ပြန်ညာပြန် ခါလိုက်သည် ။ဝမ်ရိပေါ် မရူးနဲ့ ။
သူနဲ့ ဖန်ရှင်းနှစ်ဉီးတည်းမို့ နည်းနည်း
တော့ ပျင်းစရာကောင်းသား ။ မဆီမဆိုင် တရုတ်က Sean ပါ ,ပါ လာရင်ကောင်းမည်ဟု တွေးမိသွားသည် ။ သုံးယောက်ဆို သိပ်ပြီး ပျင်းစရာမကောင်းတော့ဘူးပေါ့ ။