[Unicode]"အား !! အား! မေမေ!! မေမေ!! "
ဝမ်မား တစ်ယောက်ဟင်းချက်နေရင်း သားတော်မောင်အော်သံကြောင့် ချက်ချင်းအပေါ်ထပ်ကိုပြေးတတ်လာခဲ့ရသည် ။
ဒီကောင်လေး ဘာတွေ ဖြစ်ရပြန်တာလဲ ?
အခန်းထဲဝင်လိုက်တော့ စောင်ကိုခေါင်းမီးခြုံပြီး
ဖင်ဗူးတောင်းထောင်ကာ ကုန်းအော်နေတဲ့
သားတော်မောင်ကြောင့် ကုတင်နားချက်ချင်းပြေးရသည်။" ဘာဖြစ်တာလဲ !ထ ထစမ်း! "
ဝမ်မေ နဲနဲအော်လိုက်မှ မျက်နှာပိစိလေးကိုဖော်ပြီးဖုန်းကိုပြလာတဲ့ အကောင်ပေါက်လေး ။
ဖုန်းကိုကြည့်လိုက်တော့ ခေါင်းကို ခေါက်ထည့်ချင်စိတ်တဖွားဖွားတိုးလာသည် ။
ကိုယ့်မှာဖြင့်စိတ်ပူလွန်းလို့ အလုပ်သမားတွေ
ရှေ့မှာတောင် အိနြေ မဆည်နိုင် ကပျာကယာပြေးလာရတာ သူက ဘုရားပုံကိုလန့်နေတာတဲ့ ။
ကျော်မကောင်းကြားမကောင်းအောင် ။" ပြောပါအုံး ! ဘာတြွေဖစ်ရပြန်တာတုံးး?
မောင်မင်းသားကြီးရဲ့ ? ""မေမေ သားကိုပြောအုံး။ ဒါကိုရေစက်လို့ပြောရမလား ?ဒါမှမဟုတ် တိုက်ဆိုင်မှုလို့ပြောရမလားဟင် ? "
" ဘာတွေ တိုက်ဆိုင်လို့ ဘယ်က ရေစက်တွေလဲ ? "
" ကိုကိုရှောင်းကျန့်နဲ့ update တူတာကိုပြောတာလေ မေမေရဲ့ "
ဝမ်မား လဲသာသေချင်တော့သည် ။
သူ့ မင်းသားချောလေးနဲ့ update တူတာများ ရေစက်တွေ တိုက်ဆိုင်မှုတွေပြောနေတဲ့
သားတော်မောင်ရယ်ပါ ။သက်ပြင်းဟူးခနဲချကာ စိတ်နဲ့ကိုယ်နဲ့ကပ်သေးပုံမရတဲ့ သားဖြစ်သူကို ပေစောင်းစောင်းကြည့်လိုက်ကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။
ရိပေါ် တစ်ယောက် မေမေအောက်ဆင်းသွားသည်နှင့် ဖုန်းကို ချက်ချင်းပြန်ဖွင့်ကာ တစ်ယောက်ယောက်ကို ဒီအကြောင်းထုတ်ကြွားဖို့ ပြင်လိုက်ပေမဲ့ ဘယ်သူ့ကို ပြောလို့ပြောရမှန်းမသိဖြစ်သွားရသည် ။
ဖန်ရှင်းကို ပြောရမလား ?
မဖြစ်ဘူး ။ ဖန်ရှင်းက မအားဘူး . . .။
ပုံမှန်ဆို ဖန်ရှင်းက ကိုကိုရှောင်းကျန့်အကြောင်း
အမြဲနားထောင်ပေးတတ်သည်ကြောင့် ဖန်ရှင်းမရှိတော့ ရိပေါ်တစ်ယောက် စိတ်မကောင်းဖြစ်သွားရသည်။