[Unicode]
Part-2
ရိပေါ်ဖန်ရှင်းအိမ်မှ ရောက်ကတည်းကပြန်အိပ်တာမို့နာရီကြည့်လိုက်တော့ ညနေလေးနာရီပင်ထိုးနေပြီ ။
နိုးလာတော့ ပထမဉီးဆုံးမြင်လိုက်ရတဲ့ မျက်နှာကျက်ပေါ်က ကိုကိုရှောင်းကျန့်ပုံလေး ။ နိုးလို့မျက်စိပွင့်တဲ့အချိန်တိုင်းဒီလူသားလေးကိုမြင်ရတာ ဝမ်ရိပေါ်မှာ ပြုံးလို့မဆုံး ။ ကိုကိုရှောင်းကျန့်နဲ့ သာ အပြင်မှာ တကယ်တွေ့ကြရင်တော့ ငုတ်တုတ်ကြီး သေသွားမလား ? . . .
"အားး!! ချောရက်လိုက်တာ ကိုကိုရှောင်းကျန့်ရာ , . . ကျွန်တော့် ယောကျာ်းသာဖြစ်လိုက်ပါတော့လား ဗျာ "
"ဟိုအကောင် အော်မနေနဲ့ ။ ရေမြန်မြန်ချိုး ၊
ပြီးရင်မင်းပါပါးကို ထမင်းသွားပို့ချည် ။
သူစာရင်းတွေအပြီးလုပ်စရာရှိသေးတယ် ။
ည အိမ်ပြန်အိပ်မှာ မဟုတ်ဘူး ။ "သူမျက်နှာကျက်ကပုံကို အာရုံရောက်နေတုန်းမေမေအခန်းထဲဝင်လာတာတောင် မသိလိုက်။
အသံကျယ်ကြီးဖြင့် အော်လာမှ အိပ်မက်ကနိုးလာသူလို မေမေ့ ကို ကြည့်လိုက်သည်။" မေမေဝင်လာတာတောင် မသိလိုက်ဘူးရယ် "
အိပ်ချင်စိတ်ကသိပ်မပြေသေးတာမို့ ဖင်ဘူးတောင်းထောင်ကာ စောင်ထဲမျက်နှာအပ်ကာ ဆက်အိပ်နေလိုက်သည် ။ သို့သော် တင်ပါးကို ခပ်စပ်စပ်လေး အရိုက်ခံလိုက်ရသည်မို့ မျက်နှာက ရှုံ့မဲ့လို့ ။
" နာတယ် မေမေရ"
" အေး ! နာရင်ထ ။ မင်းပါပါးကို ထမင်းသွားပို့ချည် "
" Yes မဒမ် "
အိပ်ချင်မူးတူးဖြင့် ပြောင်ချော်ချော် လုပ်နေတဲ့သူ့ကို မားက ခေါက်ထည့်လိုက်ရဆိုတဲ့ မျက်နှာပေးဖြင့် လှည့်ကြည့်ခါမှ ကမန်းကတန်းထကာ ရေချိုးရန် ပြင်ရသည်။
ရိပေါ်မသွားချင်ဘူး လိမ်မော်ခြံထဲကို။
ရိပေါ်တို့အိမ်နဲ့အဝေးကြီး ။စက်ဘီးနှင်းသွားရမှာတဲ့ ။ အဲ့တာတွေကြောင့်ဆိုင်ကယ် ဝယ်ခိုင်းတာပါဆို အသက်မပြည့်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်းငံ့ထားတယ် ။