[Unicode]
" ခင်ဗျားကို ကျွန်တော် စိတ်ဆိုးတယ် "
ကိုယ်လည်း မင်းလေးကို စိတ်ဆိုးတယ်။
သူငယ်ချင်းတွေ ခေါ်တိုင်းလိုက်သွားရလား ။
ကိုယ်သာ ရောက်မလာရင် . . .စိတ်ပူရပါတယ် ။ အချစ်ဟာ နုနုနယ်နယ်
ကလေးမို့ ပိုတိုးလို့ သက်မတွေချရတယ်။" စိတ်ဆိုးတယ်လို့ . . . လာလည်းချောပူး "
" ဘယ်သူ့ကို စိတ်ဆိုးတာလဲ အချစ်က . . ဟင် "
အဝတ်အစားလဲပေးတော့ ကောင်လေးဟာ
မျက်လုံးတွေ မှိတ်ပြီးစကားတွေပြောနေတုန်းပင်။အိပ်ရင်းယောင်မှန်းသိတဲ့ သူက ကောင်လေး
ကို စချင်လာရော ။ ထို့ကြောင့် ခြေအိတ်
တွေကို ချွတ်ပေးရင်း ပြုံးစစလေးမေးမိသည်။" ဟင် . . . ဘယ်သူ့ကိုလဲ "
" Sean !"
ခြေအိတ်တွေကိုင်ထားတဲ့ အနှီလူသားရဲ့
လက်တွေဟာ ရုတ်ချည်းရပ်တန့်သွားတယ်။" ခင်ဗျား တကယ် ငကြောင်ပဲ ဘဲကြီးရာ !"
အနီလူသားဟာ တိတ်ဆိတ်စွာပင် ကောင်လေး
ပြောတာကို နားထောင်နေသည်။" လွမ်းတယ် ဘဲကြီး "
မနေနိုင်တော့တဲ့ အနှီလူသားဟာ ကုတင်ပေါ်
လှဲချလိုက်ပြီး ကောင်လေးကို ကြည့်သည်။
မျက်နှာပေါ်က အပြုံးကြီးကြီးကတော့
လိုချင်တာရသွားလို့ ပျော်သွားတဲ့ အပြုံးလည်း
ဖြစ်သလို ရှေ့မှောက်ရောက်လာတဲ့ ကလေး
တစ်ယောက်ကို မငိုငိုအောင် စတော့မဲ့ လူကြီးတစ်ယောက်ရဲ့ အပြုံးမျိုးလည်းဖြစ်ပြန်တယ်။" Sean က ဘယ်သူလဲ အချစ် ? "
" ငါ့ကို ကစားသွားတဲ့ ငကြောင်ကြီး "
စောင်ကိုပါ တစ်ခါတည်းကန်ချကာ ကောင်လေး
က အော်ပြောသည်။ မကြာပါ ။ အိပ်ရင်း
ယောင်တာဟာလည်း ရပ်သွားခဲ့ပါသည်။
စချင်တာကို မစလိုက်ရတဲ့ လူကြီးကတော့
နောက်လည်း အချိန်ရှိပါသေးတယ်ဆိုတဲ့
သဘောဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
ပြုံးနေလေ၏။ထို့နောက် အနှီလူသားဟာ ကျသွားတဲ့
စောင်ကို ပြန်လည်ကောက်ယူကာ သလွန်ထက်
အိပ်စက်နေပြီဖြစ်တဲ့ ကောင်လေးအား
မြတ်နိုးမဝစွာ ငေးသည်။