7

3.3K 343 14
                                    

[Unicode]

💜Fanboy💜

.
.

Part-7

ဝမ်ရိပေါ်  ဖုန်းကိုကြည့်ကာ မျက်မှောင်လေးကုတ်မိသည် ။သူ့ကို ချစ်တယ်ပြောပြီး ပစ်ထားသော Sean ဆိုတဲ့လူကြီးကို တကယ် ကိုင်ပေါက်ချင်နေပြီ ။

ဘယ့်နှယ် လူကိုချစ်တယ်ပြောပြီး ပျောက်နေတာ တစ်ပတ်လောက်တောင်ရှိရောပေါ့ ။
သူက ရုတ်တရက်မို့ သောက်ရမ်းတွေဆဲပြီး
နည်းနည်းလွန်သွားတာမှန်ပေမဲ့ နားလည်ပေးသင့်တယ်လေ ။ ယောကျာ်းချင်းချင်း သူ့ဘက်ကချည်းလာကြောပြီးရည်းစားစကားပြောခံရတာ ဘယ်ကောင်က ငြိမ်နေမှာတဲ့လဲ ??

ကိုယ်က မူပြီး အဲ့လိုဆိုရင်တောင်သူ မရရအောင်လိုက်သင့်တယ်လေ ။ ရိပေါ်လေးမူတာမဟုတ်
ပါဘူးနော် ။ တကယ် မကြိုက်တာ ။ အဲ မဟုတ်ဘူး ။ မကြိုက်တကြိုက် ။ အယ် အဲ့လိုလည်း မဟုတ်ပါဘူး ။

တွေးရင်းတွေးရင်း ရှုတ်လာတာကြောင့်
ဆံပင်ကို အကြောင်းမဲ့ ဆွဲဖွလိုက်သည် ။
ဝမ်ရိပေါ် မင်းအရူးပဲ ။

မဟုတ်သေးဘူး ။ Sean ခင်ဗျားလည်း ငကြောင်ပဲ ။အခုတော့ နည်းနည်းဆဲပေးလိုက်တာကို လန့်သွားတာများ တစ်ပတ်လုံး လိုင်းပင်တတ်မလာတော့ ။ မသိရင် ရိပေါ်ကပဲ သူနဲ့ အရမ်းမတရားတွေ စကားပြောချင်နေသလို ။

ခင်ဗျားကြီး နေနှင့်အုံး Sean  . . .
လိုင်းပြန်တတ်လာမှ အသေရစ်ပစ်ဉီးမှာ ။

ရိပေါ်ဒီလိုကျတော့လည်း Sean ကို သတိရ
သလိုလို ။ Fuck ! ဝမ်ရိပေါ် မရူးစမ်းနဲ့ !!
မင်းဘာဖြစ်နေတာလဲ ?

ပညာရေးမှာ တော်လွန်းလို့ ဆယ်တန်းကို
ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်ခဲ့ပေမဲ့
ဒီ ကိစ္စမှာတော့ နားမလည်နိုင်တဲ့ ခံစားချက်တွေကြောင့်ရိပေါ်ရဲ့ဉီးနှောက်သေးသေးလေးတွေဟာ မအားလပ်နိုင်ရှာပါ ။

ထို့ကြောင့် နားကြပ်ကို ကောက်တပ်လိုက်ပြီး
ရှောင်းကျန့် သီချင်းတွေကို နားထောင်နေလိုက်
သည် ။

ခင်ဗျားက ကျွန်တော့်ဆီက ခွင့်ပြုချက်မရှိဘဲ
ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်လာခဲ့တယ် ။
ဒါပေမဲ့ ထွက်သွားခွင့်ကတော့ ကျွန်တော့်ဆီမှာ
မူတည်သွားပြီဆိုတာ ခင်ဗျား မေ့သွားတာထင်တယ် ။

Fanboy(completed)Where stories live. Discover now