3

3.8K 419 7
                                    

[Unicode]

ရိပေါ်တစ်ယောက် ပျင်းပျင်းနဲ့ အိမ်နားမူလတန်းကျောင်းက ဘောလုံးကွင်းသို့ ထွက်လာခဲ့သည်။
ကျောင်းပိတ်တော့ သူငယ်ချင်းတွေကလည်း ဘယ်ဘုံတွေ ပျောက်နေကြမှန်းမသိ။ တကယ် ပျင်းစရာကောင်းလှသည်။

" အစ်ကိုရိပေါ် မပါနဲ့ကွာ !! "

ဘောလုံးကို တစ်ကြိမ်မှ မရလို့ မကျေနပ်ကြတဲ့ ကလေးလေးတွေက ဆန္ဒပြလာကြပြီဖြစ်သည်။
ဒီလိုပဲ ဝမ်ရိပေါ်တို့က သူငယ်နိုင်စားလုပ်နေကျ။

နေကလည်း ပူလာတာမလို့ ဘောလုံးကို ကလေးတွေဆီ ပစ်ပေးကာ အိမ်ပြန်လာခဲ့သည် ။

အိမ်မှာ နေ့လယ်စာစားပြီး ဖုန်းဖွင့်ကာ weibo ကို ဝင်ကြည့်လိုက်တော့ ကိုကိုရှောင်းကျန့် update တဲ့ ။

လက်နှစ်ချောင်းထောင်တဲ့ ဆယ်ဖီလေးကို တင်ထားသည်။ ထင်းနေတဲ့ Jawline နဲ့အတူ နှုတ်ခမ်းမွေး ရေးရေးလေးတွေနောက်ပြီး ဒီတစ်ခေါက် ဇာတ်လမ်းက တောတောင်တွေထဲရိုက်ရတာမလို့ နည်းနည်း အညိုရောင်ဘက် သန်းသွားသည့် အသားအရေက ယောကျာ်းပီသမှုကို ပို၍ ဖြည့်စွက်ပေး၏ ။

အိုက်ယား . . . ဒီဘဲကြီးက ဘယ်လိုနေနေ ကြည့်ကောင်းနေတော့ ခက်တယ်ကွယ် . . . . ။

' ဝိုးးးး ငါ့ဘဲ ဖြစ်မယ့်ရုပ်ဟ ´

' ငါ့ကလေး အဖေသာ ဖြစ်လိုက်ပါတော့ ´

'ဘဲကြီး မိုက်တယ်ကွာ ´

' ကလေးမွေးပြီး အတူတူပျိုးထောင်ကြမယ် ´

'ကလေးတွေ နာမည်ဘယ်လိုပေးချင်လဲ လောင်ကုန်း !! ´

စသဖြင့်စသဖြင့် မန့်တွေလျှောက်ရေးပြီး
ကိုကို ရှောင်းကျန့် ကို စနောက်ကာ ဝမ်ရိပေါ်တို့က ကိုယ့်ဘာသာလျှောက်တွေးပြီး တခွီးခွီးရီဖို့လည်း မမေ့ ။

ဒီလိုပဲ ကိုကိုရှောင်းကျန့် update ပေးရင် ဝမ်ရိပေါ်တို့က နည်းလမ်းပေါင်းစုံနဲ့ စနေကျ နောက်နေကျပင် ။

•••••••••••

လွမ်းနေပြီ ဆိုပြီး စာတွေအမြဲလာလာရေးကြတဲ့ fanတွေကြောင့် မိတ်ကပ် မပြင်ခင် ဆယ်ဖီဆွဲကာ ပုံတင်ပေးလိုက်သည် ။  မကြာပါ တတ်လာတဲ့ ထောင်ချီတဲ့ မန့်တွေ ။ ဖတ်ရင်းဖတ်ရင်း မန့်တစ်ခုကြောင့် မျက်လုံးတွေပင် ပြူးသွားရပေမဲ့
နှုတ်ခမ်းပါးတွေက တဖြည်းဖြည်း တွန့်ကွေးလာသည်။

Fanboy(completed)Where stories live. Discover now