Extra 2 final

4.6K 453 13
                                    

" လှတယ် "

ရေချိုးခန်းထဲက ထွက်လာသည့် ညအိပ်ဝတ်စုံ အဖြူဝမ်းဆက်လေးနဲ့ ရှောင်းကျန့်က သူ့မျက်လုံးထဲမှာတော့ ပန်းချီရှုံးအောင် လှသည်။ သူ မေ့မေ့မူးမူး စူးစိုက်ကြည့်နေတာကိုမြင်တော့ ရှောင်းကျန့်က မနေတတ်တော့သလို ခေါင်းကုတ်၏။ 

" ဒါပေမယ့် အရမ်းပွပြီး
ကြယ်သီးပေါက်တွေကလည်း ချောင်နေတယ် "

" ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိတာပေါ့။
လာ ... ဆံပင်တွေခြောက်သွားအောင် သုတ်ပေးမယ် "

အစက ရှောင်းကျန့်တည်းခိုရာ ဟိုတယ်ကို ပြန်ပို့ပေးဖို့ စဉ်းစားထားပေမယ့် ရှောင်းကျန့်နားကနေ သူ တစ်စက္ကန့်လေးတောင် ခွဲမနေချင်တော့တာမို့ အိမ်မှာနေဖို့ကိုပဲ ဆွဲထားလိုက်မိသည်။

" ငါ့ပစ္စည်းတွေ ဟိုတယ်မှာပဲ ကျန်နေခဲ့တာ "

" မနက်ရောက်ရင် သွားယူပေးမယ် "

ကုတင်ပေါ်မှာပဲ ရှေ့ဆင့်နောက်ဆင့်ထိုင်ပြီး ရေစိုနေသည့် ရှောင်းကျန့်ခေါင်းကို သုတ်ပေးနေရင်းက အလေးမထားသလို သူပြောတော့ ရှောင်းကျန့်က နောက်သို့ လည်ပင်းလေးလိမ်ကာ မျက်စောင်းထိုး၏။

သိသားပဲ၊ သူ့ပစ္စည်းတွေကို စိတ်မချဖြစ်နေတာလေ။ ပြီးတော့ စိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်အတူ၊ တစ်အိမ်တည်းအတူ၊ ကုတင်တစ်ခုတည်းအတူတူ သုံးရမှာကို စိုးထိတ်နေဟန်လည်း ရှိသည်။

သိပေမယ့် သူမှ မခွဲနိုင်တာ။

" ဒါဆို ငါ ...
ကြယ်ကလေးနဲ့ သွားအိပ်မယ် "

" ခွေးအိပ်တဲ့နေရာမှာ မင်းက
ခွေးလိုအိပ်ချင်လို့လား "

" မင်း !
မင်း .. ပြောလိုက်ရင် တစ်တစ်ခွခွ "

ဒေါသတွေ အတော်လေးထွက်နေပြီဖြစ်သည့် ရှောင်းကျန့်က ဘေးနားမှာရှိသည့် ခေါင်းအုံးတစ်လုံးကို ဆွဲယူကာ သူ့အား အတင်းထုရိုက်လာ၏။

သူကလည်း ခေါင်းအုံးကို ကာဖို့ကြိုးစားရင်း နှစ်ဦးသား ကုတင်ပေါ်မှာ ရုန်းရင်းဆန်ခက်တွေ ဖြစ်ကုန်ကြသည်။

" ဟာ ! "

မတော်တဆ သူ့လက်တွေက ရှောင်းကျန့်၏ အင်္ကျီခါးစလေးကို အားပါပါ ဆောင့်ဆွဲမိသွားပြီး ကြယ်သီးပေါက်ကနေ ရှေ့ကြယ်သီးတွေအကုန် ပြုတ်ထွက်လာမှ နှစ်ဦးသားလှုပ်ရှားမှုတွေကို ရပ်ပစ်လိုက်ကြသည်။

Blue Moon and The Mysteries [ Completed ]Where stories live. Discover now