24

4.3K 529 12
                                    

" ဒါ မင်းပြောတဲ့နေရာလား "

" အင်း။
  အဲဒီဘက်ကိုမသွားနဲ့ အောက်မှာ ချောက်ရှိတယ် "

ရိပေါ်က မီးအိမ်ကိုကိုင်ထားရင်းမှ သူ့လက်ကို လှမ်းဆွဲကာ နောက်တစ်ကြိမ်လွတ်ထွက်မသွားအောင် မြဲမြံစွာ ဆုပ်ကိုင်ထား၏။

အိမ်တော်ရှိ အထူးလျှို့ဝှက်ခန်းလေးထဲမှာတုန်းကတော့ ပြီတီတီရုပ်နဲ့ အခုပဲ သူ့အပေါ် ကဲကဲသဲသဲတွေ လုပ်တော့မှာလိုလို၊ အနှောင့်အသွားမလွတ်သည့် စကားတွေပြောပြီး လူကို ဒုက္ခပေးတော့မလိုလိုနဲ့ လန့်အောင်လုပ်ခဲ့ပြီးမှ ...။

" အဲဒီထဲမှာ
  ဥမင်လှိုဏ်တစ်ခု ရှိနေသေးတာကို မသိခဲ့ဘူး "

" ရှေးကတည်းက ရှိနေတာဖြစ်မယ်။
  ဒါကို ခမည်းတော်လည်း သိပုံမရဘူး။
  ပြီးတော့ ငါနေတဲ့နေရာက
  ရှေးခေတ်က အိမ်ဟောင်းတစ်လုံးကို ပြန်လည်မွမ်းမံထားတာတဲ့ "

ထိုလျှို့ဝှက်အခန်းထဲ၌ပင် နောက်ထပ်နေရာတစ်ခုရှိနေသည်ကို သူ မသိခဲ့ရိုးအမှန်။ စားပွဲခုံ၏ အလယ်ဗဟို၊ ခြေနင်းကြမ်းပြင်တွင် အရောင်ကွဲထွက်နေသည့် လေးထောင့်စပ်စပ် သစ်သားပြားလေးတစ်ခုရှိ၏။ ထိုသစ်သားပြား၏ တစ်ဖက်တစ်ချက်တွင်ရှိသည့် အခြားသစ်သားပြားများကို အစုံလိုက် ဖိနင်းလိုက်ပါမှ သုံးပေပတ်လည်ရှိ အပေါက်လေးတစ်ပေါက် ပေါ်လာပြီး မြေအောက်ကို ခုန်ဆင်းရမည်ဖြစ်သည်။

ဥမင်လှိုဏ်၏ အစမှာ လူတစ်ကိုယ်စာသာ သွားလို့ရပြီး နောက်မှ တဖြည်းဖြည်း ကျယ်သွားကာ အဆုံးသတ်မှာတော့ ပြန်လည်ကျဉ်းမြောင်းသွားပြန်၏။

ခန့်မှန်းကြည့်ရလျှင် ဥမင်လှိုဏ်မှာ မြောက်စူးစူးသို့ ဦးတည်နေပြီး အဆုံးနားသို့ရောက်လာလေ ကျောက်ဆောင်ကျောက်သားများ ဖြစ်လာလေ ဖြစ်သည်။

" အခုက တောင်ပေါ်ကို သွားနေတာလား ရိပေါ် "

" အင်းလေ။
  ဥမင်လှိုဏ်က ဒီတောင်ရဲ့ ကျောက်ဂူနဲ့
  ဆက်ထားတာ။
  တောင်ပေါ်မှာ ဘုန်းကြီးကျောင်းရှိတယ်။
  ခလုတ်တိုက်မယ် သတိထား "

" အင်း "

" ဘုန်းကြီးက နက္ခတ္တဗေဒပညာမှာ
အထူးကျွမ်းကျင်တယ်။
တဘောင်ကလည်း ဒီကျောင်းကလာတယ်လို့ ယူဆရတယ်။ မင်းအတွက်ရော မယ်တော့်အတွက်ပါ အဖြေတစ်ခုခုတော့ ရတန်ကောင်းပါတယ် "

Blue Moon and The Mysteries [ Completed ]Where stories live. Discover now