19

4.3K 570 7
                                    

ရိပေါ် ကြမ်းပြင်တွင် ဒုတိယအကြိမ် ဒူးထောက်ကာ လက်ဝါးနှစ်ဖက် ယှက်တင်လို့ မင်းကြီးအား အရိုအသေပေးလိုက်ပြီး ...

" ရှောင်းကျန့်က သားတော်ရဲ့
  အတွင်းလူပါ ခမည်းတော်။
  ဒီ ပုန်ကန်တဲ့ကိစ္စမှာ သူ ဘယ်နေရာကမှ
  မလှုပ်ရှားခဲ့ပါဘူး။
  သားတော်ကို ညှာတာသောအားဖြင့်
  သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေလိုပါတယ် "

" ...... "

" ဒီနေ့ဒီအချိန်အထိ ကျွန်မ
  အရှင့်ကို ဘာအခွင့်အရေးမှ မတောင်းဆိုဖူးပါဘူး။
  အခုတော့ ကျွန်မသားလေးအတွက်
  အခွင့်အရေးတစ်ခုလောက် တောင်းဆိုပါရစေ။
  ဒီလူငယ်လေးဟာ
  သားတော်ရဲ့ ခင်တွယ်ရာလည်းဖြစ်သလို
  မိတ်ဆွေရင်းချာလည်း ဖြစ်ပါတယ်။
  ပြီးတော့ မှီခိုရာမဲ့ တစ်ကောင်ကြွက်လည်း ဖြစ်တဲ့အတွက်
  သူ့ကို ကျွန်မတို့ အနီးအနားမှာပဲထားပြီး
  ထိန်းသိမ်းစောင့်ရှောက်ပါရစေ "

သူ ဒူးထောက်ပြီး တောင်းဆိုနေတုန်းက အင်တင်တင်ဖြစ်နေသည့် ခမည်းတော်သည် မယ်တော်လည်း ကြမ်းပြင်တွင် ဒူးထောက်လိုက်ရော ပျာယာခတ်သွားပြီး မယ်တော့်အနား အလင်း၏အလျင်လို ရောက်ချသွားကာ ခါးမှပွေ့ပိုက်လို့ ထရပ်စေလိုက်၏။

" စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ် နှမတော်။
  ခန္ဓာကိုယ်မှာ သူပုန်တံဆိပ်ခတ်နှိပ်ထားပေမယ့်
  သူ့ရဲ့ လှုပ်ရှားမှုတွေကိုတော့ မတွေ့ရသေးဘူး။
  ကဲ ... သားတော်လည်း ထတော့။
  မင်းရဲ့မယ်တော်ပြောသလို
  ဒီကောင်လေးကို နန်းတော်မှာပဲ အနီးကပ်စောင့်ကြည့်ပြီး သားတော် လိုရာ ခိုင်းစေပေါ့။
  ....
  မာကုန်းကုန်း "

" အမိန့်ရှိပါ အရှင် "

" ဒီတံဆိပ်တော်ကို ယူသွား။
  မြေအောက်အကျဉ်းခန်းက ရှောင်းကျန့်ဆိုသူကို
  ခေါ်ထုတ်လာခဲ့ "

" ကောင်းလှပါပြီ အရှင် "

" ခမည်းတော် ...
  သားတော်လည်း မာကုန်းကုန်းနဲ့ လိုက်သွားချင်တယ် "

" မလိုက်ရဘူး။
  ဒဏ်ရာကို ပျောက်အောင်ကု "

သူ နည်းနည်းလောက်ဖြစ်ဖြစ် တောင်းဆိုချင်ပေမယ့် ခမည်းတော်မျက်နှာမှာ တည်တင်းနေပြီမို့ ဒီအတိုင်းသာ ငြိမ်နေလိုက်ရတော့၏။

Blue Moon and The Mysteries [ Completed ]Tahanan ng mga kuwento. Tumuklas ngayon