ယွင်ကော ...
ကျွန်တော် ညဈေးကို သွားမလို့နော်၊
စိတ်ပြေလက်ပျောက် အော်ပရာပြဇာတ်လေး ကြည့်ရင်း ပြိုင်ပွဲအတွက်လည်း ဗဟုသုတ ရလိုရငြားပေါ့။ ညနက်ထိနေမှာမို့ စိတ်မပူပါနဲ့။ဆောင်းဦးရာသီမို့လားမသိ ညနေ ၅နာရီဝန်းကျင်ဆို မှောင်စပြုနေပြီဖြစ်သည်။ နန်းတော်မှ ပြန်ရောက်လာကတည်းက စိတ်တွေလေးလံပြီး နေထိုင်မကောင်းတာမို့ တစ်နေကုန် အခန်းအောင်း နေဖြစ်၏။ ယွင်ကောကတော့ ဂရုစိုက်ရှာပါသည်။
သို့သော် မသေချာသည့် စကားတစ်ခုကို ရင်ဖွင့်ပြောပြဖို့လည်း သူ မလုပ်ချင်တာမို့ ဒီအတိုင်းသာ နှုတ်ဆိတ်နေခဲ့၏။ ပြိုင်ပွဲနေ့ကို ရင်ခုန်သည်၊ သို့သော် ...
အရင်ဆုံး ယွင်ကောကို အသိပေးပြီးမှ သွားမည်ဟု ဆုံးဖြတ်ထားသော်လည်း အခန်းထဲတွင် ကောမရှိတာမို့ သူ့အခန်းက စားပွဲပေါ်မှာပဲ စာတစ်စောင်ရေးကာ ရေနွေးပန်းကန်တစ်လုံးဖြင့် ဖိထားခဲ့လိုက်သည်။ ဒီနည်းက သွားရသူလည်း စိတ်ဖြောင့်သလို ကျန်ခဲ့ရသူလည်း စိတ်ပူပန်နေဖို့ မလိုပေ။
တည်းခိုခန်းအပြင်သို့ ရောက်လာပြီးမှ ရုတ်တရက် နှင်းတွေကျလာသဖြင့် အခန်းသို့ပြန်ပြီး ဝတ်ရုံထူထူတစ်ထည်ကို ထပ်ဝတ်ကာ ထီးတစ်လက်စွဲပြီး ပြန်ထွက်ခဲ့ရ၏။ သို့သော် သူ ပျော်သလိုလိုတော့ ရှိလာခဲ့သည်၊ နှင်းတွေကို သဘောကျတာမို့ ...။
အချိန်စောသေးလို့ထင်၊ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ခြောက်ကပ်လို့။ သူ ရှေ့ဆက်မသွားသေးဘဲ တံတားလက်ရန်းပေါ် လက်ထောက်ကာ စိမ့်ညှို့ညှို့မြစ်ရေတွေပေါ် တဖွဲဖွဲကျဆင်းနေသည့် နှင်းပွင့်လေးတွေကို တစ်ဝကြီးကြည့်ရင်း မျက်လုံးတွေကို စုံမှိတ်၊ မေးဖျားလေးပင့်မော့လို့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။
ပထမဆုံး နှင်းကျချိန်မှာ ကံကောင်းခြင်းတွေ ရရှိတတ်တယ်တဲ့။ ဆောင်းထားသည့်ထီးကို လွှတ်ချလိုက်ပြီး ကောင်းကင်ကြီးကို ရင်ဆိုင်ကြည့်ကာ အဖြူစင်ဆုံးတောင်းဆုတစ်ခု ပြုလိုက်မိသည်။
" ကျွန်တော် ကံကောင်းချင်တယ် "
" ဘယ်လိုကံကောင်းချင်တာလဲ "
DU LIEST GERADE
Blue Moon and The Mysteries [ Completed ]
Fanfictionအပြာရောင် သာတဲ့လ၊ ဆံပင်တိုတိုနဲ့ ထူးဆန်းသော ထိုယောက်ျား၊ လွတ်မြောက်ချင်သူများ ထိုလူအား ချဉ်းကပ်ထားကြ။ အပြာရောင် သာတဲ့လ၊ ဆံပင်တိုတိုနဲ့ ထူးဆန်းသော ထိုယောကျ်ား၊ လွတ်မြောက်ချင်သူများ ထိုလူအား ချဉ်းကပ်ထားကြ။