14 💚

5.2K 630 7
                                    

ဒီမှာ ရေလှိုင်းတွေ အရမ်းကြမ်းတာ။

မြစ်ကို ကန့်လန့်ဖြတ်ခင်းထားသည့် သစ်လုံးတံတားကိုကျော်ပြီး သိပ်မကြာခင်မှာပဲ အရှေ့ပင်လယ်သို့ ရောက်ခဲ့၏။ ဒီနေရာမှာတော့ နှင်းသိပ်မကျဘဲ အအေးပေါ့သလိုတော့ ရှိသည်။

မွန်းကြပ်လာတိုင်း ဒီနေရာကို  ရိပေါ် ရောက်လာနေကျ။ မိုင် ၂၀ ပတ်လည်တွင် အိမ်ခြေခပ်ကျဲကျဲသာရှိသည့် ရွာငယ်လေးတစ်ရွာ ရှိပေမယ့် ဒီလိုနေရာမျိုးထိ ရောက်မလာတတ်ကြတာမို့ အနှောင့်အယှက်ကင်းပြီး တိတ်ဆိတ်အေးချမ်း၏။

ကြီးမားသည့် ကျောက်ဆောင်တစ်ချို့လည်းရှိကာ ပတ်ဝန်းကျင်မှာ ရေလှိုင်းရိုက်သံ ခပ်ကြမ်းကြမ်းကိုတော့ ကြားရတတ်သည်။

ပြိုင်ပွဲလည်းနီးနေပြီမို့၊ အထူးသဖြင့် တိုက်ပွဲတွေလည်း ဖြစ်တော့မည်မို့ ဒီအချိန်မှာ ရှောင်းကျန့်တစ်ယောက် စိတ်တွေအရမ်းဖိစီးနေမှာ သေချာနေသည်။

" ပင်လယ်ကို ပြဖို့လား "

" အင်း
  ကြိုက်လား "

သူ မြင်းပေါ်မှ အရင်ဆင်းကာ ရှောင်းကျန့်ကိုလည်း ခါးမှပွေ့ချီလို့ ချပေးလိုက်သည်။ ဒီအပြုအမူကို ရှောင်းကျန့်မကြိုက်တာ သိပေမယ့် သူ သဘောကျတာမို့ ...။

" ဝတ်ရုံတွေ ချွတ်လိုက်။
  ရေဆော့ရအောင် "

" ဒီလောက်အေးနေတာကို
  ဘာလို့ဆော့မှာလဲ။
  ကမ်းခြေမှာ လမ်းပဲ လျှောက်ရအောင် "

ရှောင်းကျန့်က သူ့ပုခုံးကို တွန်းတိုက်ကာ ပင်လယ်ဘက်သို့ ခပ်တည်တည် လမ်းလျှောက်သွား၏။ စကားကိုနားမထောင်သည့်အပြင် ရန်ပါရှာသွားသေးတာမို့ သူ ထိုနောက်ကျောလေးကို ချစ်စနိုး စိုက်ကြည့်ကာ ပြုံးမိပြန်သည်။ ထို့နောက် အဝတ်အစားတွေ အကုန်ချွတ်ပစ်လိုက်ပြီး မြင်းပေါ်ပစ်တင်ကာ ရှောင်းကျန့်နောက် ထပ်ကြပ်မကွာ လိုက်ချသွားလိုက်၏။

" အား ! ရိပေါ်နော် ...
  လွှတ်လို့၊  အေးပါတယ်ဆို "

ရှောင်းကျန့်နားရောက်တော့ သူ ထိုကိုယ်လုံးလေးကို တင်အောက်မှ ပွေ့ချီကာ ပုခုံးပေါ် ထမ်းတင်လိုက်ပြီး ရေထဲသို့ ဆင်းသွားလိုက်သည်။ အဆိုးလေးက သူ့ပျောပြင်ကို လက်သီးဆုပ်တွေနဲ့ လှမ်းထုကာ အတင်းရုန်း၏။

Blue Moon and The Mysteries [ Completed ]Where stories live. Discover now