26

4.2K 513 8
                                    

" ရှောင်းကျန့် ! "

" ရိပေါ် "

" တော်သေးတာပေါ့ကွာ ...
  ငါ စိုးရိမ်နေတာ "

ဥမင်လှိုဏ်၏ ထွက်ပေါက်များထဲမှ တစ်ခုမှာ လီရွာရှိ အဘိုးချီအိမ်တွင် ရှိသေးသည်မို့ ရှောင်းကျန့်နဲ့ ကိုယ်ရံတော်တို့နှစ်ယောက်တို့ ထိုအိမ်တွင် ခရီးစဉ်အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဥမင်လှိုဏ်၏ လမ်းများမှာ မှန်းဆထားသည်ထက် ရှုပ်ထွေးလွန်းသည်မို့ လီရွာကိုရောက်တော့ အတော်လေး မိုးချုပ်နေပေပြီ။

အဘိုးချီရှိရာ အိမ်ကလေး၏ မြေအောက်ခန်းထဲမှ ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်အကဲခတ်နေတုန်း မင်စစ်တပ်၏ အဝတ်အစားများ ဝတ်ဆင်ထားသော ရိပေါ်က သူတို့အနား အပြေးရောက်လာကာ သူ့ခန္ဓာကိုယ်လေးကို ကျစ်နေအောင် ပွေ့ဖက်ထားတော့၏။

ရိပေါ်တစ်ကိုယ်လုံးမှာ ချွေးစေးများဖြင့် ရွှဲရွှဲစိုနေပြီး လက်တွေကလည်း အေးစက်လို့။

" ငါလေ ...
  မင်းတစ်ယောက် ဒုက္ခရောက်နေပြီထင်တာ။
  မင်းကို အရင်လွှတ်လိုက်ရလို့၊
  .....
  နောင်တတွေရလိုက်တာ ... အရမ်း "

ရိပေါ်က သူ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ နစ်သထက်နစ်အောင် တိုးဖက်လိုက်ပြီး နှုတ်ခမ်းနဲ့ထိကပ်နေသည့် သူ၏ ဂုတ်သားလေးကို အတင်းဖိကပ်နမ်းရှိုက်နေပြန်၏။

ရိပေါ်တစ်ယောက် စိတ်ပူနေမှာကိုတော့ ကြိုတင်မှန်းဆထားပေမဲ့ ယခုလောက်ထိ ဖြစ်သွားလိမ့်မယ်မှန်းလည်း မတွေးခဲ့ရိုးအမှန်။ တကယ်တော့ သူကိုယ်တိုင်လည်း ထိတ်လန့်တုန်လှုပ်နေခဲ့တာပါပဲ။ ဥမင်လှိုဏ်ထဲတွင် လမ်းတွေမကြာခဏ မှားတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရတွေဖြစ်ပြီး မထွက်ဖူးတဲ့ဒေါသတွေကလဲ အလိပ်လိုက်။

" သွားဖို့ အချိန်တန်ပါပြီ အရှင့်သား "

ကျောဘက်မှ ကိုယ်ရံတော်၏ သတိပေးသံကြောင့် နှစ်ဦးသား ခန္ဓာကိုယ်ချင်း ပူးကပ်နေရာမှ ခွာလိုက်ကာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ကြသည်။

သူနေခဲ့ဖူးသည့် လီရွာမှာ ယခုတော့ ရွာပျက်ကြီးတစ်ခုနဲ့ပင် တူနေတော့၏။ လီရွာရှိ ရွားသူရွာသားများအားလုံးကို ပုန်ကန်သူဟု ဧကရာဇ်က သတ်မှတ်သည်ကြောင့် တစ်ရွာလုံး အသတ်ခံရခြင်းဖြစ်သည်။ အနောက်ရိုးမတောတွင်လည်း ယွင်စစ်တပ်အစား မင်စစ်တပ်မှတပ်သားများသာ တပ်စွဲထားလိုက်ကြတော့သည်။

Blue Moon and The Mysteries [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin