My Empress (1)☁️

3.8K 245 14
                                    

<Unicode>

ကောင်းကင်နန်းတော်.....☁️☁️

ကောင်းကင်နန်းတော်၏အရှင် နန်းဆောင်ရှေ့၌ နတ်မင်းများစုဝေးနေကြပြီဖြစ်သည်.......

ကြင်ယာတော်ပေါ်လာပြီဟု လက္ခဏာများပြလာပြီးမကြာခင်မှာတင် ကောင်းကင်အရှင်ဟာ လက်ထဲမှာ တစ်စုံတစ်ယောက်ကိုချီပြီး နန်းဆောင်အရှေ့၌ ပေါ်ထွက်လာခဲ့သည်......

အရှင်လက်ထဲက တစ်စုံတစ်ယောက်ကိုမြင်တာနဲ့ ပျံသန်းနေတဲ့ ဇာမဏီဌက်၉ကောင်ဟာ အရှင့်ရှေ့ သက်ဆင်းလာကြပြီး ဦးညွှတ်ကြလေသည်......

---------------

~အင်း....~

မိုး အိပ်ဆက်နေရင်းပင် တစ်ခုခုအပေါ် မြောလွင့်နေသလိုနဲ့ လေညင်းတစ်ချို့က သူမမျက်နှာကိုလာရောက်တိုက်ခတ်နေသည်ဟုပင် ခံစားနေရသည်.....

မသိလျှင် သူမက ပျံသန်းနေသလိုပင် လွတ်လပ်တယ် ပြီးတော့ ငြိမ်းချမ်းတယ် အဲ့အပြင် ဘေးနားမှာ ဌက်ကလေးတွေပါရှိနေသလို ဌက််ကလေးတွေမြည်တွန်သံတွေနဲ့ စမ်းချောင်းက ရေစီးသံလိုလို ငြိမ်းချမ်းလွန်းနေတာကြောင့် သူမမျက်စိကို ဖွင့်ကြည့်မိတော့ အရှင့်အဆောင်......

သူမ အရှင့်နန်းဆောင်ကို ရောက်လာပြီလား
သူမကိုယ်ကိုယ် ပြန်ကြည့်မိတော့လည်း ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အနီရောင် ဝတ်ဆုံ ကြည့်ရတာ ဟိုတစ်ခါအရှင်နဲ့ ကောင်းကင်နန်းတော် လိုက်လာတုန်းကဝတ်ဆုံလိုပင်....

ဝတ်ဆုံတွေမှာ တူညီတဲ့အချက်ကတော့ ရွှေချည်ထိုးထားခြင်းပင်ဖြစ်သည် မတ်တတ်ရပ်ကာ မှန်အရှေ့မှာ သွားကြည့်ကြည့်တော့ လည်ပင်းဆက်ကနေ ရွှေချည်နဲ့တစ်လျှောက်ထိုးထားတဲ့ ကနုတ်ပုံ.......

ပြီးတော့ သူမရင်ဘတ်နေရာမှာ ရွှေချည်နဲ့ပင် ထိုးထားတဲ့ ပန်းပွင့်အကြီးမကျ အသေးမကျတဲ့ အလည်အလတ်ပုံစံ......

ထိုပြင် ရင်ဘတ်ရှေ့နေရာကနေ ပတ်လျှိုထားပြီး လက်မောင်းနှုတ်ဖက်ကနေ တွဲလောင်းကျနေတဲ့ အနီရောင်အစ ပါးလေးတွေ ဝတ်ဆုံက ဒီတိုင်းကြည့်လိုက်ရင် ရိုးရှင်းပေမဲ့ သေချာကြည့်မည်ဆို အားလုံးကိုအသေးစိတ် ပုံဖော်ထားကြောင့် သိရှိနိုင်သည်......

Call Me Villain (Z+U) [Complete ]Where stories live. Discover now