My Note

1.5K 109 30
                                    

<Unicode>

Hi Guys ရွှေရည်ပါ အခုဆို ရွှေရည်ရဲ့ ဒုတိယမြှောက် Call Me Villain ဆိုတဲ့  System ficလေးဟာ ပြီးမြောက်သွားခဲ့ပါပြီ....

Novemberလ  17ရက် 2020မှာ ရေးသားခဲ့တဲ့ ဒီficလေးဟာ Julyလ 31ရက် 2021မှာ ပြီးဆုံးခဲ့ပါတယ်....

ဒီ ကြာရှည်လှတဲ့ ၉လဆိုတဲ့ အတောာအတွင်းမှာ ရွှေရည်ရဲ့ update မမှန်တာတွေကိုရော အရေးအသား မကောင်းတာတွေကိုရော အမှားတွေ ပါတာတောင် သည်းခံဖတ်ပေးကြတဲ့ ရွှေရည်ရဲ့ ဒါဒါလေးတွေကို အရမ်းလည်း ချစ်ရသလို အရမ်းလည်း အားနာရပါတယ်.....

အမှန်တော့ ဒီCall Me Villain လေးကို ရွှေရည်အစက Blအနေနဲ့ ရေးဖို့ လုပ်ထားတာပါ ဒါပေမဲ့ ရွှေရည် မမကြောင့် System ficလေးတွေ ဖတ်ဖြစ်လာတဲ့အခါမှာတော့ ဇာတ်ကား တစ်ကားကြည့်လိုက်တိုင်း ဒုတိယဇာတ်လိုက်နဲ့ ဗီလိန်တွေကိုပဲ တွေးမိသွားပါတယ်.......

အဲ့တာကို ဘာလို့ Normal ficအနေနဲ့ ရေးလိုက်ရလဲဆို ရွှေရည် ဒီficလေး ရေးဖို့အတွက် Koreaကား တစ်ကားကို ကြည့်မိတဲ့ အခါမှာ အဲ့ကားထဲက မင််းသမီးက မရည်ရွယ်ပဲ ဗီလိန်ရဲ့ချစ်သူ ဇာတ်လိုက်ကို လူယူလိုက်တာပေါ့နော်....

အမေတိုက မင်းသမီးကို အကောင်းမြင်ပေမဲ့ ရွှေရည်ကတော့ အမေတို့နဲ့ အမြင်ကွဲပြားခဲ့တယ် အဲ့ဇာတ်ကားမှာ မင်းသမီးရဲ့ လုပ်ရက်ကို မကြိုက်ခဲ့ဘူး အဲ့ချိန် သွားပြေးမြင်လိုက်တာ လူတိုင်းမှာ Dark Sideရှိတယ်ဆိုတာကိုပဲ အဲ့ကားမှာ စာရေးဆရာမက မင်းသမီးစိတ်ထားကောင်းတဲ့ ပုံစံရေးထားပေမဲ့ တစ်ကယ်စိတ်ထားကောင်းတဲ့ သူက ချစ်သူရှိနေတဲ့ ယောက်ကျာ်းတစ်ယောက်ကို မဖြားယောင်းဘူးလေ ဒါဟာ လူတိုင်း သိတဲ့ အသိတရားပဲလေ...

အဲ့လို့ကနေ အဲ့ဇာတ်ကားထဲက ဗီလိန်နေရာကို အားမလို အားမရဖြစ်တာကြောင့် ဒီficလေးကို Normal အနေနဲ့ ပြောင်းရေးခဲ့တယ်.....

တခြားAuthorတွေတော့ မသိဘူး ရွှေရည်က အပိုင်းတစ်ပိုင်းရေးရင် ကြိုစဥ်းစားထားတာ မရှိပဲ စိတ်ကူးပေါက်ရာ ချရေးတဲ့သူ ဖြစ်တဲ့အတွက် တစ်ခါတစ်လေ ကုန်ကြမ်းစဥ်းစားလို့ မရတဲ့နေ့ဆို update ကြာနေတာမျိုးတွေရှိပါတယ် ကြားထဲမှာ ကိုယ့်သာဘာ လျှာရှည်ပြီး wpကို update တင်လိုက်လို့ စာတွေပျက်သွားတာက တစ်ပိုင်းပေါ့နော်😅

Call Me Villain (Z+U) [Complete ]Where stories live. Discover now