Bonus 9

1.7K 134 2
                                    

<Unicode>

ဟောင်းနွမ်းနေသည့်ဂိုထောင်ဟောင်းကြီးတစ်ခုအထဲ၌ပင် ဖြစ်သည်။

ထိုဂိုထောင်ဟောင်းကြီး၏ အလည်မှာတော့  ထိုင်ခုံလေးထက််မှာ လက်နှစ်ဖက်အားနောက်ပြန်ချည်နှောင်ခံထားရသည့် ကောင်လေးတစ်ယောက်ရှိလေသည်။

ခဏအကြာမှာတော့ ထိုကောင်လေးက ဘေးဘီကိုတစ်ချက်ကြည့်ကာ သူ၏အရှေ့မှာ ရပ်ကြည့်နေကြသူများထံသို့ အကြည့်တစ်ချက်ဝေ့ဝဲ၍ လှောင်ပြောင်ဟန်စကားဆိုလေသည်။

"အဟက် ခမ်ဗျားတို့က ပြဿနာကိုမီးထွန်းရှာနေကြတာပဲ....အကယ်၍ ဒီအကြောင်းတွေကို ရန်နဲ့ပါးသာသိရင် သေချာတာကတော့ ခမ်ဗျားတို့ ဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး.."

ဟုတ်ပါတယ် ထိုသို့ပြောနေတဲ့လူကတော့ ချင်းစုလီပဲဖြစ်ပါတယ်။

စုလီ သူရိုက်ကွင်းကနေ ပြန်လာနေချိန်မှာပဲ လမ်းမှာသူ့ကားရှေ့က ပိတ်ရပ်ပြီး ဘာမှန်းမသိလိုက်ခင်မှာပဲ စူးရှရှအနံတစ်ခုရပြီး မေ့မျောသွားပြီ သူပြန်နိုးလာချိန်မှာတော့ သူဟာပြန်ပေးဆွဲခံလိုက်ရမှန်းသိလိုက်ရလေသည်။

ပြန်ပေးဆွဲရတဲ့အကြောင်းအရင်းကတော့ ရှင်းပါတယ် ရန်သာ သူနဲ့လက်ထပ်လိုက်ရင် ဂိုဏ်းနှစ်ခုပေါင်းပြီး အင်အားကြီးသွားမှာစိုးတာ‌ေကြာင့် ရန်နဲ့ပါးမပူးပေါင်းနိုင်အောင် သူ့ကိုပြန်ပေးဆွဲပါတယ်တဲ့။

သူစိတ်အတိုင်းသာဆို နတ်အစွမ်းနဲ့လုပ်လို့ရပေမဲ့ သူတွေးထားသည့် အကြံတစ်ခုရှိလေသည်။

ဒါ့ကတော့ ဘယ်သူသိနိုင်မလဲ ဒီပြန်ပေးဆွဲမှု့ကြောင့်ပဲ သူနဲ့ရန်ကို ပါးကလက်ထပ်ဖို့ သဘောတူရင် တူသွားနိုင်တာပဲလေ။

"မင်း အပိုတွေမပြောနဲ့ အခုလောက်ဆိုမင်းပျောက်သွားလို့ မင်းရဲ့ကောင်က ရူးမတက်ဖြစ်နေလောက်ပြီ.."

"ဟားဟားး..."

စုလီ အရှေ့ကလူတွေပြောသည့်စကားကြောင့် သဘောတကျကိုရယ်မောလိုက်သည်။

ဘာတဲ့ ရန်ကပဲ ရူးမတက်ဖြစ်နေလောက်ပြီတဲ့။

အဟက် ရယ်စရာတွေလာပြောနေတယ် ရန်က သူရှိတဲ့နေရာကို မသိစရာအကြောင်းမှမရှိတာ။

Call Me Villain (Z+U) [Complete ]Where stories live. Discover now