My Empress (2)☁️☁️

3.2K 228 10
                                    

<Unicode>

ကောင်းကင်နန်းတော်.....☁️☁️

"ကြင်ယာတော်လေး....."

"ကလေး...."

"ကလေးရေ...."

ညီလာခံက ပြန်လာကထဲက ကောင်းကင်အရှင်မှာ ကြင်ယာတော်လေးကို လိုက်ရှာနေတာ သူ့နန်းဆောင် တစ်ခုလုံးနှံနေတာတောင် အခုထိ ကြင်ယာတော်လေးရဲ့ အရိပ်အယောင်ကိုရှာမတွေ့သေးတာကြောင့် ဘေးနားမှာရပ်နေတဲ့ အစေခံတွေကို မာန်မဲမိလေသည်......

"ကြင်ယာတော် ဘယ်မှာလဲ....."

"ကြင်...ကြင်ယာတော်က စားပွဲတည်ချင်တယ်ဆိုလို့ ကျွန်တော်မျိုးမသွားပြင်ဆင်ပေးပြီး လာပို့တော့ အဆောင်မှာ...ကြင်...ကြင်ယာတော်ကို မတွေ့တော့ကြောင်းပါ အရှင်..."

~ဒုန်း...~

"ကိုယ်တော် ကြင်ယာတော် တစ်ယောက်လုံး ပျောက်သွားတာတောင် ဘယ်သူမှမသိကြဘူးလား...ဟမ်!!!!!!"

"ကျွန်တော်မျိုးမတို့ အပြစ်ရှိပါတယ်အရှင်....ကျွန်တော်မျိုးမတိုကို အပြစ်ပေးတော်မှုပါ...."

"အခုမှ အပိုတွေလာပြောမနေကြနဲ့ အခုချက်ချင်း ကိုယ်တော် ကြင်ယာတော်ကိုရှာ........

အေးကိုယ်တော် ကြင်ယာတော်ကို ပြန်ရှာတွေ့လို ကြင်ယာတော် ခန္တာကိုယ်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင် မဟုတ်ဘူး ခြစ်ရာတစ်ခုတောင် ရှိခဲ့ရင် မင်းတို့ကိုယ့်ကိုယ် ကိုပြင်ဆင်ထားလိုက်တော့......"

သူတို့ကိုသတိပေးပြီး ကြင်ယာတော်ကို အရှာထွက်သွားတဲ့ အရှင်ကြောင့် နတ်အစေခံတွေ အားလုံးကြောက်လန့်ကာ ကောင်းကင်နန်း‌တော်တစ်ခုလုံး ကြင်ယာတော်ကိုရှာဖွေခြင် လုပ်ငန်းကို ကြောက်ကြောက်လန့်လန့်နဲ့ လုပ်‌ဆောင်ကြရသည်.....

---------

အရှင်တစ်ယောက် ဦးရီးတော် တို့စီမှာ ကြင်ယာတော်လေးကို သွားရှာသော်လည်း ဦးရီးတော်တို့ ပြောတာတော့ ကြင်ယာတော်လေးက သူ့တို့နန်းဆောင်မလာဘူးဟု ဆိုပြန်တာကြောင့် စိုးရိမ်စိတ်ကြီးကာ ကောင်းကင်နန်းတော် တစ်ခုလုံးကို ပတ်ရှာရလေသည်...,,

ဦးရီးတော်နဲ့ ဖန်ဝူချင်းကလည်း သူနှင့်အတူ ကြင်ယာတော်လေးကို လိုက်လံရှာဖွေနေလေသည်.....

Call Me Villain (Z+U) [Complete ]Where stories live. Discover now