Bonus 1

2.5K 176 0
                                    

<Unicode>

"Host ကျွန်တော်တော့ ဒီအကြံကောင်းတယ်လို့ မထင်ဘူးနော် မတော်လို့ အရှင်သိသွားရင်...."

"Shine လုပ်ပါဟာ ၊ ဒီတိုင်းဆို ငါပျင်လို့ သေလိမ့်မယ်"

"Host အပိုတွေ မပြောနဲ့ hostက ကောင်းကင်အရှင်မလေ ဘယ်လိုလုပ်သေနိုင်မှာလဲ"

"Yrrr ငါက သဘောပြောပြတာခေ၊ လုပ်ပါ ဦး မရှိခင်လေး ခဏလေးပဲကို"

"အားး အဲ့တာဆိုလည်း သဘောပဲ၊ hostပြောသလို ကျွန်တော် လုပ်ပေးမယ်"

"အိုး ငါ့မောင်‌ေလးက ချစ်ဖို့ကောင်းလိုက်တာ"

"လိုမှ မောင်လေးလို့ လာမခေါ်နဲ့၊ hostပြောသလို ကျွန်တော် system တစ်ခုထဲ ထည့်ပေးလို့ရတယ်၊ ဒါပေမဲ့...."

"ဒါပေမဲ့ ဘာဖြစ်လည်း"

"ဒါပေမဲ့ တစ်ဘဝပဲရမယ်၊ ဘာလို့လဲဆိုတော့ အရှင် လောကအစည်းအဝေးပြီးလို့ ပြန်လာပြီဆိုတာနဲ့ ကျွန်တော့် hostကို ပြန်ခေါ်မှာ"

"ဘာပဲဖြစ်ဖြစ်ရတယ်၊ ငါပျင်းနေလို့ ဒီတိုင်း အပျင်းပြေ missionလုပ်ချင်ယုံပဲ"

"ဟုတ်ပါပြီ ဒါဆို ကျွန်တော် ပို့ပေးမယ်"

"အာ နေဦး ပို့ပေးရင် ငါဝင်ရမယ့် ခန္တာကိုယ်ပိုင်ရှင်ကို နောက်ကြောင်းကင်းအောင် လုပ်နော်၊ ငါက ဘယ်သူ့ခန္တာကိုယ်ထဲဖြစ်ဖြစ် ဝင်လို့ရပေမဲ့၊ အကယ်၍ သဝန်တိုလွန်းတဲ့ ဦးသာ ဒီအကြောင်းတွေ သိသွားရင် နောက်ဆက်တွဲက ငါ့အဆောင်ထဲမှာ ပိတ်ခံရပြီး ဖြေရှင်းရလိမ့်မယ်ဆိုတာတော့ မမေ့ထားစေချင်ဘူး shine ဒါ့ကြောင့် သူတို့ဆန္ဒတွေမှာ အချစ်စစ်ရှာတာတွေ ဘာတွေတော့ မလုပ်နဲ့နော်"

"ဟားဟား hostက အရှင့်ကို ကြောက်တယ်ပေါ့"

"ငါ့ကိုမလှောင်နဲ့နော်၊ ဘာပဲဖြစ်ဖြစ် ငါက ဦးရဲ့ ကြင်ယာတော် ကောင်းကင်နန်းတော်ရဲ့ သခင်မလေ၊ အကယ်၍ ဒီကိစ္စတွေကို ဦးသာသိသွားရင် အကျိုးဆက်ကို ငါမောင်လေး နင်ကငါ့ထက်ပိုဆိုးမယ်ဆိုတာ သိပါတယ်နော်"

မိုး သူမစကားမှာ အသံတိတ်သွားတဲ့ shineကိုကြည့်ပြီး ပြုံးလိုက်လေသည်။

Call Me Villain (Z+U) [Complete ]Where stories live. Discover now