My Empress (3)☁️☁️

3.1K 233 14
                                    

<Unicode>

ကောင်းကင်နန်းတော်...☁️☁️

ကောင်းကင်အရှင်ရဲ့ နန်းဆောင်အရှေ့မှာ အစေခံတွေခမ်ဗျာ အထဲ ဝင်ရမလို မဝင်ရမလိုလိုနဲ့ အခက်ကြုံနေရလေသည်.....

အရှင်က ညီလာခံသွားဖို့ မဆိုနဲ့ မနေ့ကထဲက အခုထိ နန်းဆောင်ထဲက ထွက်မလာသေးချေ.....

အဲ့ထက်ပိုဆိုးတာက ဦးရီးတော်တို့ စုံတွဲပါ အပြင်မှာ စောင့်ဆိုင်းနေရခြင်းပင် တစ်ညလုံး ကြာသွားတာတောင် နန်းဆောင်ရှေ့က အတားအဆီးက မပြယ်တဲ့အပြင် တူတော်ကလည်း ကြင်ယာတော်လေးနဲ့ နန်းဆောင်ထဲက ထွက်မလာသေးချေ......

ဦးရီးတော် သူအတိုင်းဆို တူတော်စီ မလာချင်ပေမဲ့ သူရဲ့ ဝူချင်းလေးက ကြင်ယာတော်လေး ပျောက်သွားကထဲက အခုပြန်တွေ့တာတောင် တစ်ခုခု ဖြစ်မှာကို စိုးရိမ်နေတာကြောင့် ကြင်ယာတော်လေး အခြေအနေ သိအောင် လာစောင့်နေခြင်းပင်....

----------

အပြင်က အဖြစ်အပျက်တွေကို မသိချင်ယောင် ဆောင်နေတဲ့အရှင်က တခြားအရာတွေထက် သူရင်ခွင်ထဲမှာ အခုထိ အိပ်မောကျနေတဲ့ သူကြင့်ယာတော်လေးစီမှာသာ အာရုံရှိလေသည်......

ဖဲပိုးအဖြူရောင်ဝတ်ဆုံ အပါးလေးနဲ့ စည်းနှောင်ထားခြင်းမရှိပဲ့ ပြန့်ကျဲနေတဲ့ ဆံသားနုနုလေးတွေနဲ့ ရှင်းလင်းနေတဲ့ မျက်နှာလေးနဲ့ ကြင်ယာတော်....

လည်တိုင်တစ်‌ေလျှာက်‌ အနည်းငယ် ဟနေတဲ့ ပိုးအကျီကြောင့်မြင်နေရတဲ့ ညှပ်ရိုးလေးတွေပေါ်မှာ အလှဆင်ထားတဲ့ အနီရောင် အမှတ်အများအပြား....

အစွမ်းနဲ့ ဖျောက်ဖျက်ရင် ရရဲ့သားနဲ့ တမင်ကို မဖျောက်ပဲ အချိန်တိုင်း ထိုအမှတ်အသားတွေကို ပိုမိုအရောင်ရင့်အောင် လုပ်ကာ ထိုအခြေအနေကို ပြုံးကာ ကြည့်နေတဲ့အရှင်.....

ခဏအကြာမှာတော့ ကလေးလေးတွေလို့ အင်း အဲနဲ့ အသံမြည်ကာ နိုးထလာတဲ့ ကြင်ယာတော်လေးဟာ မျက်စိရှေ့မှာ အပေါ်ပိုင်းဗလာနဲ့ သူ့ကိုလက်ထောက်ကာ ငုံကြည့်နေတဲ့ အရှင့်ကိုတွေ့တာနဲ့ ဘေးကိုစောင်းပြီး မသိချင်ယောင် ဆောင်သွားလေသည်....

Call Me Villain (Z+U) [Complete ]Where stories live. Discover now