Zawgyi
"Ah. ..!! ငါ့ ခေါင်း..."
အိပ်ရာထက် အနည်းငယ်လူးလိမ့်ပြီး မျက်နှာကျက်နှင့် အခန်းအနေအထားကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားပြီး ထထိုင်လိုက်ရာ ခေါင်းက မိုက်ခနဲ ဖြစ်သွားလေသည်
"ကျွတ်...ကျွတ်...
ညက သောက်တာ အရမ်းများသွားလို့ထင်တယ် "နားထင်ကြောတွေကို လက်နှစ်ချောင်းနှင့်ပွတ်သပ်လိုက်ပြီး
" ဘယ်နေရာ ရောက်နေတာလဲ
ငါ့အခန်းလည်း မဟုတ်ဘူး "ညက ဖြစ်ပျက်ခဲ့သည်များကို မျက်စိစုံမှိတ်ပြီး ပြန်တွေးကြည့်တော့ အိမ်က Appa နဲ့ အချေအတင် ရန်ဖြစ်ပြီး ကားသော့နဲ့ ပိုက်ဆံအိတ် ယူပြီး အိမ်က ထွက်လာခဲ့ပြီး ဦးတည်ရာက စိတ်ညစ်တိုင်း သွားသောက်နေကြ Bar ဆီ
သောက်နိုင်တာထက် ပိုတဲ့ ပမာဏကို သောက်ခဲ့ပြီး
သူမ Bar က ထွက်လာတော့ အတော်မိုးချုပ်နေပြီကားငှါးပေးမယ်ပြောတဲ့ ဝိတ်တာကို အော်ငေါက်ပြီး ဒယိမ်းဒယိုင်နဲ့ ကားဆီလျှောက်လာခဲ့သည့် သူမ ပုံရိပ်ကိုလည်း မှတ်မိနေသေးသည်
မူးနေတဲ့အချိန်ကားမောင်းရင် ကျိန်းသေပေါက် အချုပ်ထဲရောက်မယ်ဆိုတာ သိနေပေမယ့်လည်း Appa ကို အရွဲ့တိုက်ချင်ဇောနဲ့ ကားလမ်းမ တစ်လျှောက် စိတ်ရှိတိုင်း မောင်းနှင်နေခဲ့သည်
ပြီးတော့ ဘာဆက်ဖြစ်သွားလဲ... ??
သူမ မမှတ်မိတော့ဘူးတစ်ခုခုနဲ့ ဝင်တိုက်မိပြီး သေများသွားသလား
သေသွားခဲ့မယ်ဆိုရင် အခု သူမ ရောက်နေတာကောင်းကင်ဘုံလားစာတွေထဲမှာဖတ်ဖူးတဲ့ Heaven က ပတ်ပတ်လည်ပေါင်းမှ ဆယ်ပေလောက်ပဲရှိတဲ့ အခန်းနဲ့တော့ တခြားစီပါ
လူတွေက လုပ်ကြံပြီးများရေးကြသလား
သူမ ကိုယ်တိုင်က ကောင်းကင်ဘုံမဟုတ်ဘဲ တခြားနေရာများ ရောက်နေသလား...စဉ်းစားလေ ခေါင်းက ပိုကိုက်လာလေမို့ ဆက်မတွေးတော့ဘဲ အိပ်ရာမှ ထလိုက်သည်
YOU ARE READING
For You
FanfictionJust Friends Yeah, that phrase kill me everytime! Jensoo Myanmar Fanfiction