For You (cha-4) (Z+U)

618 74 17
                                    

For You (cha-4)

Zawgyi


ဝါးးးး

ညက game အဆော့ကောင်းပြီး မနက် 3 နာရီလောက်မှ အိပ်ပျော်သွားသည့်အတွက် လူက တဝါးဝါး သန်းနေသည်

ညောင်းညာနေတဲ့ ဂုတ်ကအကြောတွေကို လက်နှင့်နှိပ်နယ်လိုက်ပြီး အတန်းထဲရှိ ခုံကို ဆွဲယူပြီး ထိုင်ရန်ပြင်တုန်း

"အား... !! Ya! ! "

နားရွက်တစ်ဖက်က အဆွဲခံလိုက်ရသည့်အတွက် ကျယ်လောင်စွာ အော်လိုက်မိသည်

ဘယ်သူလည်းကြည့်လိုက်တော့ အခြားသူမဟုတ်...

Kim Jennie ပင်

"ကိုယ့်မျက်နှာလည်း ကိုယ်ပြန်ကြည့်ဦး
လူလား ပန်ဒါလား မသဲကွဲဘူး "

"သိပါတယ်... ဖြည်းဖြည်းလုပ်ပါ nini ရယ် နာလိုက်တာ "

"....."

မျက်စောင်းတထိုးထိုးဖြစ်နေတဲ့ nini ကို စကားလမ်းကြောင်းလွှဲရန် ကြိုးစားရတော့သည်

"နင် ဒီနေ့ project ရှိလို့ မနက်အစောကြီးထဲက ထွက်သွားတယ်လို့ omeoni ပြောတယ်
ပြီးသွားပြီလား... "

နာနေတဲ့နာရွက်ကို လက်နဲ့ ဖွဖွလေး ဆုပ်ရင်း မေးလိုက်သည်

"Project က မနက် 7 နာရီလောက်ထဲက လုပ်နေရတာ... ပြီးတာက မပြီးသေးဘူး
အတန်းရှိသေးတာမို့လို့ နေ့လယ်မှ ဆက်လုပ်မှာ "

"အော်... အင်း "

"နင်တို့အဖွဲ့ project ကရော... ji
နင်က ခေါင်းဆောင်မလား နင်ကြည့်ရတာလည်း အေးဆေးလိုက်တာ "

"အေးဆေးပေါ့ nini ...
အဲ့ဒါဆို နေ့လယ် နင့်အဖွဲ့နဲ့ပဲ နေ့လယ်စာ စားမှာလား "

"ဟင့်အင်း... နင်နဲ့စားမှာ "

"အဆင်ပြေလို့လား "

"ငါသူတို့ကို ပြောထားပြီးပြီ "

Nini စကားကြောင့် ji  ပြုံးမိသည်

Project တွေနဲ့ အလုပ်မအားလပ်နေတာတောင် နှစ်ယောက်အတူတူ နေ့လယ်စာစားဖို့ တစ်ခါမှ မပျက်ကွက်ခဲ့ပေ

Ji နဲ့လုပ်သမျှ အရာအားလုံးကို မပျက်ကွက်ဘဲ တခြားအရာတွေကို ဘေးချိတ်ထားတတ်တဲ့ nini အပြုအမူတွေကြောင့် ji ခံစားချက်တွေကလည်း တဖြည်းဖြည်း ပြင်းထန်လာသည်

For YouWhere stories live. Discover now