For You (cha-2)
Zawgyi
နှစ်ယောက်သား ကျောင်းဝင်းထဲရာက်တော့ scooter ကို စက်ဘီးထားတဲ့ နေရာမှာ ထားလိုက်ပြီး စ လိုက် နောက်လိုက်နှင့် စာသင်ဆောင်ဘက်သို့လျှောက်လာလိုက်သည်...
လမ်းလျှောက်နေတုန်း...
Jennie က ကျောပိုးအိတ်ကို ဇစ်ဖွင့်ကာ...
"မျက်လုံးမှိတ်ထား ji "
"ဘာလဲ...ငါ့ကို နမ်းမလို့လား "
"အော့...အော့...
ဆုတောင်း! ! ...မှိတ်စရာရှိတာသာ မှိတ် "Jennie ပြောတဲ့အတိုင်း jisoo မျက်လုံးမှိတ်လိုက်သည်
ခဏနေတော့..."ရပြီ ဖွင့်တော့ "
Jisoo မျက်လုံးဖွင့်ကြည့်တော့ jisoo ရဲ့ မျက်စိရှေ့တည့်တည့်မှာ ဘူးလေးတစ်ဘူး ...
"နင်က ကြက်သား ကြိုက်တော့ Sandwich ကို ကြက်သားပြားနဲ့ပဲ လုပ်လာခဲ့တယ် "
"ငါ့အတွက် မနက်စာလား "
"မနက်စာမဟုတ်လို့ နေ့လယ်စာလား...
စဉ်းစားလေ! ! "Jennie လက်ထဲက မုန့်ဘူးကို ယူလိုက်ကာ...
"နင်ကိုယ်တိုင်လုပ်လာတာလား "
"ဒါပေါ့... အရသာမြည်းကြည့်လိုက်...
ကြိုက်သွားစေရမယ် "Jennie စကားကို သိပ်မယုံချင်တာကြောင့် ဘူးအဖုံးကို ဖွင့်ကာ sandwich ကို တစ်ကိုက်စားလိုက်သည်...
အင်း...အရသာက ဆိုးတော့မဆိုး..
ဆိုင်တွေမှာလုပ်တဲ့ sandwich လောက်မကောင်းပေမယ့် စားလို့တော့ရသည်Jennie ကတော့ jisoo နှုတ်ကနေ ဘယ်လိုထွက်လာမလဲ ဆိုတာ မျှော်လင့်တကြီးနဲ့ စောင့်စားနေသည့်ပုံ...
Jisoo လည်း စချင်တာကြောင့် ...
"ဆိုးလိုက်တဲ့အရသာဟာ...
အန်တောင်အန်ချင်လာပြီ "မျက်နှာတစ်ခုလုံးကို ရှုံ့မဲ့ပြီး ပြောလိုက်တော့ jennie မျက်နှာ ညှိုးကျသွားလေသည်
Jennie မျက်နှာ ညှိုးကျသွားတာမြင်တော့ jisoo စိတ်ထဲ မကောင်း...
စတာလွန်သွားပြီဟု ထင်ကာ jennie ကို တောင်းပန်ရန် စကားစလိုက်သည်
YOU ARE READING
For You
FanficJust Friends Yeah, that phrase kill me everytime! Jensoo Myanmar Fanfiction