For You (cha-6) (Z+U)

1.1K 86 44
                                    

For You (cha-6)

Zawgyi


"Borrr....!!!! "

"Ya...!! Kim jisoo ဘာလို့ထအော်တာလဲ "

"Ar...arnyi...nini ya
သူကဘယ်လိုလုပ်ပြီး မျက်မြင်သက်သေ... "

Jisoo မယုံနိုင်ခြင်းပေါင်းများစွာနှင့် lisa ကို လက်ညှိုးထိုးကာ မေးမိသည်

"အဲ့နေ့က သူလည်း choi gyosu-nim ရုံးခန်းထဲမှာရှိနေတာလေ... ငါတို့က ငါတို့အာရုံနဲ့ဆိုတော့ oppa ကို သတိမထားမိတာ...
ငါတို့နဲ့မလှမ်းမကမ်းမှာ gyosu-nim ရဲ့ file တွေ စီပေးနေရင်း ငါတို့ပြောတာ ကြားလိုက်လို့ သူက ကူညီပေးရမလား မေးတာ "

"Arrrrr.....
အဲ့တော့ သူက မျက်မြင်သက်သေတကယ်မဟုတ်ဘဲ မျက်မြင်သက်သေလို့ လိမ်ပြောပြီး ကူညီမှာလား "

"အဲ့နေ့က အဲ့နေရာမှာ ကိုယ်ရှိနေပါတယ် "

Jisoo မျက်မှောင်ကြုတ်လိုက်ပြီး lisa ကို စိုက်ကြည့်လိုက်သည်

အဲ့နေ့က ji စားပွဲရှေ့မှာတောင် ထိုင်လို့ရမလား မေးသေးတာလေ...

Canteen မှာ ရှိနေတဲ့ကိစ္စကို... ဘာလို့ 3rd year အဆောင်မှာရှိတယ်လို့ လိမ်ပြောရတာလဲ.. !!

"Ji... ဒါ ငါ့အတွက်လား "

Nini က စားပွဲပေါ်ရှိ ရေခဲမုန့်ကို မေးဆတ်ပြပြီး မေးလာသည်

"နင့်အတွက်မဟုတ်လို့ ဘယ်သူ့အတွက် ဖြစ်ဦးမှာလဲ "

Nini က ရေခဲမုန့်ဘူးကို လှမ်းယူပြီး စားဖို့လုပ်နေတော့ ထိုရေခဲမုန့်ဘူးကို ji ဆွဲယူလိုက်တော့...

"ဘာမှမစားရသေးပဲနဲ့ ရေခဲမုန့်ကို စားဖို့ စိတ်တောင်မကူးနဲ့ "

Nini မျက်နှာက ရေခဲမုန့်မစားရတော့ စူပုတ်သွားသည်

"Nini ya~~ လိမ္မာပါတယ် နော် "

Ji..nini ခေါင်းကို ဖွဖွလေးပုတ်ကာ tuna sandwich ကို ခွံ့ကျွေးလိုက်သည်

Nini.. ji ခွံ့ကျွေးတဲ့ sandwich ကို တစ်ကိုက်စားလိုက်ပြီး အရှေ့ကနေ သူမတို့နှစ်ယောက်လုံးကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့ lisa အား ပြုံးပြကာ...

"Oppa ရော တစ်ခုခုစားလေ ... "

"ကိုယ် ဗိုက်မဆာသေးဘူး ...မင်းတို့နှစ်ယောက် စားပြီးသွားရင် gyosu-nim ဆီ သွားရအောင်လေ "

For YouWhere stories live. Discover now