For You (cha-3) (Z+U)

576 60 6
                                    

For You (cha-3)

Zawgyi


"စာအုပ်မရှိတဲ့အခန်းက အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တစ်ခုလိုပဲ တဲ့....
စိတ်ဝင်စားဖို့ ကောင်းသားပဲ ဒီတစ်အုပ်လည်း ငှါးလိုက်တော့မယ် "

2nd period မှာ like skill ချိန် ဖြစ်တာကြောင့် စာမသင်ချင်တာနဲ့ nini ကို ပြောပြီး စာကြည့်တိုက်ဘက် ရောက်လာခြင်းဖြစ်သည်

ပိုက်ထားတဲ့ စာအုပ်အများကြီးထဲကမှ သိပ်အရေးမကြီးသေးတဲ့ စာအုပ်တွေကို စာအုပ်စင်ပေါ် ပြန်တင်နေရင်း...

"အ...!! "

ဘယ်ကထွက်လာမှန်းမသိတဲ့ အသံကြောင့် jisoo တွန့်သွားမိသည်
အနီးနားကြည့်တော့လည်း ကိုယ်တစ်ယောက်တည်း...
ကိုယ်ပဲ နားကြားမှားတာဆိုပြီး ကျန်နေတဲ့စာအုပ်တွေကိုပါ စာအုပ်စင်ပေါ်တင်နေလိုက်သည်

"ဒါ မင်းဟာလား "

ဘေးဘက်ကထွက်လာတဲ့အသံကြောင့် jisoo လှည့်ကြည့်မိသည်

ကိုယ့်ထက် ခေါင်းတစ်လုံးလောက်ပိုရှည်နေတဲ့အရပ်နဲ့ ပိန်ပိန်ပါးပါး ကျောင်းသားတစ်ယောက်

အတိအကျပြောရမယ်ဆိုရင် nini ရဲ့ နွေရာသီအချစ်ဦးဆိုတဲ့သူ

သူ့လက်ထဲက စာအုပ်ကိုကြည့်တော့ ခုနက စင်ပေါ်လိုက်တဲ့ စာအုပ်တွေထဲက တစ်အုပ်ဖြစ်နေသည်

"အင်...အင်း...."

"ငါ့ခေါင်းပေါ် ပြုတ်ကျလာတာ မင်းဟာက "

ပြုတ်ကျသွားတဲ့စာအုပ်ထားတဲ့နေရာက ကိုယ့်တစ်ရပ်စာလောက်ပဲ ရှိတာ...
ဒီစာအုပ်က ဘယ်လိုလုပ် သူ့ခေါင်းပေါ် ပြုတ်ကျသွားရတာလဲ

အဲ့ဒါသူကိစ္စလေ... ကိုယ်နဲ့မှ မဆိုင်ပဲ...

ထိုကျောင်းသားလက်ထဲက စာအုပ်ကို ယူလိုက်ပြီး...

"မတော်တဆဖြစ်သွားတာပါ...
တောင်းပန်ပါတယ် "

Nini နဲ့ပတ်သက်ပြီး အမြင်ကတ်နေမိတဲ့သူမို့ ပြီးစလွယ်တောင်းပန်လိုက်ပြီး စာကြည့်တိုက် ကောင်တာဘက် ထွက်လာလိုက်သည်

သူ့နေရာမှာ အခြားသူတစ်ယောက်ဆို ကောင်းကောင်းမွန်မွန် ပြောဆိုနိုင်ပေမယ့် သူဖြစ်နေတဲ့အတွက် အနားက ဖြတ်လျှောက်တော့ မျက်စောင်းပါ ထိုးခဲ့လိုက်သည်

For YouWhere stories live. Discover now