For you (cha-1)
Zawgyi
Ting Tong ~~~
အိမ်ရှေ့တံခါးမှ ဘဲလ်တီးသံကြောင့် Mrs.Kim မီးဖိုချောင်မှ ထွက်လာကာ တံခါးဖွင့်လိုက်သည်
"သမီး လာလေ..."
"ဟုတ် Omeoni "
"သမီးသူငယ်ချင်းကတော့ အခုထိ မနိုးသေးဘူး "
တံခါးပြန်ပိတ်ရင်း ပြောလာသည့် omeoni စကားကြောင့် ဒေါသက ထောင်းခနဲထွက်သွားပြီး...
"သမီး Ji အခန်းထဲ သွားလိုက်ဦးမယ် "
"အေးအေး "
သူမ ပြောပြောဆိုဆိုနှင့် Ji အခန်းထဲသို့ စိတ်တိုတိုနဲ့ ဝင်သွားလိုက်သည်
"Ya!!! Kim Jisoo ထတော့! !!
K-i-m! ! J-i-S-o-o! ! "ပြောင်မြောင်လှသည့် သူမ အသံကြောင့် ji တစ်ယောက် အိပ်ရာထဲက လူးလွန့်ထလာသည်
"Wae! !"
"ဘာကို Wae! ! လဲ
ဒီနေ့ တက္ကသိုလ် စတက်ရမယ့် နေ့လေ ""မတက်ချင်လို့ အိပ်ရာထဲ ကွေးနေတာကို "
ပြောရင်းဆိုရင်း စောင်ကို ခေါင်းထိ ခြုံကာ ပြန်အိပ်လေသည်
"Ya! ! နင်တော့ သေချင်နေပြီလား !! "
စောင်ကို ဆွဲယူလိုက်ပြီး လက်ထဲရှိ စောင်ကို လုံးလိုက်ကာ အိပ်ချင်ယောင်ဆောင်နေတဲ့ kim jisoo ရဲ့ မျက်နှာတည့်တည့်ပေါ်ကို အားနှင့် ပစ်ချလိုက်သည်
"Ah! ! သေပါပြီ
Ya!! နင့်အသားမဟုတ်တိုင်း...
ဒီနေ့ ကျောင်းတက်လည်း စာသင်ရတာမှမဟုတ်တာ ""Semester တစ်ခုပြီးလို့ ကျောင်းပြန်ဖွင့်တဲ့ ရက်ဆို ကျောင်းပြေးတဲ့ နင့်အကြောင်းသိလို့ အိမ်ထိ ကိုယ်တိုင်ကြွလာပြီး လာနှိုးတာ ...
သူ့ဘာသာ စာသင်သင် မသင်သင်! !
ငါ ကျောင်းသွားမယ်ဆို နင်ပါ လိုက်ရမယ် ""ငါ မသွားချင်ဘူး nini..."
Jennie... jisoo ရဲ့ နားကို ဆွဲလိုက်ပြီး...
"လိုက်မှာလား မလိုက်ဘူးဘူးလား "
"အား....နာတယ်...
လွှတ်ပါဟ! ! ""ဖြေ...!! "
"လိုက်မယ် လိုက်မယ်ဟာ...
လွှတ်တော့ "
YOU ARE READING
For You
FanfictionJust Friends Yeah, that phrase kill me everytime! Jensoo Myanmar Fanfiction