For You (cha-5) (Z+U)
Zawgyi
လူကြားထဲ ရေလောင်းခံရတဲ့ ကိစ္စဖြစ်ပြီးထဲက nini တစ်ယောက် project ကိစ္စတွင် ဝင်မပါတော့ပေ
ကျောင်းကိုတောင် ji မနည်း ဖြောင်းဖြထားသောကြောင့်သာ တက်နေခြင်းဖြစ်သည်
Nini ဘယ်လောက်ထိ ရှက်သွားလဲဆိုတာ ji အသိဆုံးပါ
အမှားလုပ်ထားတဲ့သူက nini မဟုတ်တဲ့အတွက် ရှောင်ပြေးစရာမလိုဘူးဟု ji ထင်သည်လွန်ခဲ့တဲ့နှစ်ရက် အဲ့ဒီကိစ္စဖြစ်ပြီးထဲကနေ အခုချိန်ထိ nini ပုံစံက လေးလံထိုင်းမှိုင်းနေပြီး ဘယ်သူနဲ့မှ စကားသိပ်မပြောဘဲ ji နားသာ ကပ်နေသည်
ကိုယ့်အနားကိုပဲ ကပ်တွယ်နေတဲ့ပုံစံကို ji သဘောကျပေမယ့် အရင်က နှုတ်ခမ်းတထော်ထော်နှင့် စွာတေးလန်ပုံစံကို ji ပြန်ဖြစ်စေချင်သည်
သူမ ပို ပျော်ရွှင်အောင် ထားနိုင်ပေမယ့် အရင်က ပုံစံ ပြန်ဖြစ်အောင် jiဘာလုပ်ပေးရမှန်းမသိပေ...
-----------------
"Nini နင်project ကိစ္စကို တကယ်ပဲ လက်လွှတ်မလို့လား "
Ji မေးတဲ့စကားကို nini ပြန်ဖြေရန် တိတ်ဆိတ်နေမိသည်
"............"
"Project က အမှတ် 30 တောင်ပေးထားတာ...
နင့်အတွက် အခက်အခဲ ဖြစ်မှာစိုးတယ် ""ငါ ...သူတို့နဲ့ ရင်မဆိုင်ရဲဘူး "
"ဘာလို့လဲ nini! !
နင်က အမှားလုပ်ထားတဲ့သူမှမဟုတ်တာ
ဘာတွေကိုကြောက်နေရတာလဲ nini ရယ် ""ငါ့ကို နောက်တစ်ခါထပ်ပြီး ရန်လာရှာမှာ...
ထပ်ပြီး အရှက်ခွဲမှာ...ငါ သိနေတယ် ""Nini... "
အရှက်ခွဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရနေတဲ့ nini ကို ji ဂရုဏာသက်စွာကြည့်မိသည်
ဒီအတိုင်း nini ကို ငေးကြည့်နေလို့မရမှန်း ji သိသည်
ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ပြီး nini အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို စဉ်းစားနေမိသည်
ဖြတ်ခနဲ ခေါင်းထဲဝင်လာတဲ့ အကြံကြောင့် ji လက်ဖျောက်ထတီးမိသည်
Nini ကတော့ ji ရဲ့ ဒီပုံစံကို နားမလည်သလိုကြည့်နေသည်
YOU ARE READING
For You
FanfictionJust Friends Yeah, that phrase kill me everytime! Jensoo Myanmar Fanfiction